သစ္စာဆိုခြင်း
Posted by ဂျေဂျူဝိုင် | Tags: သစ္စာဆိုခြင်း | Categories: ရောက်တတ်ရာရာ | Comments Offမာရ်ငါးပါး၊ အရှေ့ဘက်ကို ခေါင်းလှည့်အိပ်သူများ
Posted by ဂျေဂျူဝိုင် | Tags: မာရ်ငါးပါး၊ အရှေ့ဘက်ကို ခေါင်းလှည့်အိပ်သူများ | Categories: ရောက်တတ်ရာရာ | 1 Commentနတ်ရွာ မဂ်ဖိုလ်နိဗ္ဗာန်တို့ကို တားဆီးတတ်တာမို့လို့ မာရ်လို့ ခေါ်ပါတယ်။ အဓိကကတော့ မဂ် ရယ် ဖိုလ်ရယ် နိဗ္ဗာန်ရယ်ကို တားဆီးတတ်တာကြောင့်မို့လို့ မာရ်လို့ခေါ်တာ။ မာရ်ရဲ့ အဓိပ္ပါယ်က နှောင့်ယှက်ဖျက်ဆီး တားဆီးခြင်းလို့ အဓိပ္ပါယ်ရတယ်။ အဲဒီမာရ်တွေက ငါးပါးရှိတယ်။ အဲဒီငါးပါးကို ဘုရားရှင် အောင်တော်မူခဲ့ချိန်နဲ့ အောင်တော်မူခဲ့တဲ့ ဉာဏ်စဉ်ကို ရယ်ပါ ထည့်ပြောပါ့မယ်။ ဘုရားရှင် ပထမဆုံး အောင်မြင်ခဲ့တဲ့ မာရ်က ဒေ၀ပုတ္တမာရ် ဖြစ်ပါတယ်။
၁။ ဒေ၀ပုတ္တမာရ် – သူကတော့ လူတိုင်းသိတဲ့ မာရ်နတ်မင်းပါပဲ။ ဘုရားရှင်ဖြစ်ခါနီး ဗောဓိပင်အောက်ကို လာရောက်တိုက်ခိုက်တဲ့ မာရ်ပါ။ အားလုံးသိပြီးသားပါပဲ။
အဲဒီနောက် ဘုရားရှင်က တရားကို ဆက်လက် ကျင့်ကြံရာမှ ပထမယာမ်မှာ ပုဗ္ဗေနိဝါသဉာဏ်၊ မစ္ဆိမယာမ်မှာ ဒိဗ္ဗစက္ခုဉာဏ်၊ နောက်ဆုံးယာမ်မှာ အာသ၀က္ခဉာဏ်ကို ရပြီး ဘုရားအဖြစ်ကို ရောက်ပါတယ်။ အဲဒီ အာသ၀က္ခယဉာဏ်ကို ရပြီးတာနဲ့ တပြိုင်နက် အာသ၀က္ခယဉာဏ်ကြောင့်ပဲ
၂။ ခန္ဓမာရ် – ခန္ဓာ ငါးပါး
၃။ ကိလေသမာရ် – ကိလေသာ ၁၀ ပါး
၎။ မစ္စုမာရ် – သေခြင်းတရား
၅။ အဘိသင်္ခါရမာရ် – ဘ၀သစ်ကို တဖန်ပြန်ဖြစ်စေတတ်တဲ့ တရား
ဒီမာရ်လေးပါးကို ဆက်လက် အောင်မြင်တော်မူခဲ့ပါတယ်။ ခန္ဓာငါးပါး ကိလေသသာ ၁၀ ပါးကိုတော့ သိပြီးသား ဖြစ်ပါလိမ့်မယ်။
အချစ်ဖြင့် စီရင်သည်
Posted by ဂျေဂျူဝိုင် | Tags: အချစ်ဖြင့် စီရင်သည် | Categories: ရောက်တတ်ရာရာ | 4 Commentsတနေ့တော့ ဟင်္သာကိုးသောင်းကို အုပ်ချုပ်နေတဲ့ ဟင်္သာဟာ မုဆိုးတစ်ယောက်ရဲ့ ကျော့ကွင်းမှာ မိပါရော။ ဟင်္သာဘုရင်ကြီးတော့ ထောက်ချောက်မိနေပဟေ့ ဆိုပြီး အခြားဟင်္သာတွေကတော့ ပျံပြေးကြတာပေါ့။ မပြေးတာက စစ်သူကြီး ရာထူးရထားတဲ့ ဟင်္သာအမတ်။ ဟင်္သာဘုရင်က အတင်းရုန်းတယ်။ စစ်သူကြီးဟင်္သာက ကလည်း ဘေးနားပျံဝဲနေတာပဲ။ ဒီလိုနဲ့ မုဆိုးရောက်လာရော။ ဟင်္သာစစ်သူကြီးက မုဆိုးကိုပြောတယ်။
“ဟေ့ အသင် မုဆိုး၊ ဟင်္သာဘုရင်ကို ဘာလို့ဖမ်းတာလဲ၊ အသားကို လိုချင်လို့လား၊ ကျုပ်အသားလည်း အတူတူပဲဗျ။ ကျုပ်ကိုပဲ ဖမ်းပါ၊ ကပြခိုင်းပြီး ငွေတွေ ယူဖို့ဆိုလည်း ကျုပ်ကတတ်ပါတယ်ဗျ၊ ကျုပ်ကိုပဲ ခေါ်သွား၊ ဒီဟင်္သာက ဟင်္သာတို့ရဲ့ ဘုရင် သူ့မှာ တာဝန်တွေ ရှိသေးတယ်”
မုဆိုးက သနားသွားတယ်။ ဒါနဲ့ ကျော့ကွင်းကို အသာဖြည်ပေးတယ်။ ကျော့ကွင်းမိတုန်းက ဟင်္သာဘုရင်က ရုန်းတော့ အရေခွံတွေ ပွန်ပဲ့ကုန်တယ်။ အသားလည်း တော်တော်ပါတယ်။ ထော့နင်း ထော့နင်းကို ဖြစ်နေတာ။
“ဘုရင်ဆိုတာ တက်တက်ကြွကြွ လှုပ်ရှားနိုင်မှ ကောင်းတာ၊ ခုလို ထော့နင်း ထော့နင်းနဲ့ဆို ငါဘုရင်လုပ်လို့ မဖြစ်ဘူး၊ ကဲ ကဲ ကဲ ဘာမှ ပြောမနေနဲ့ ငါ့ကို သတ်ပြီး ယူသွားတော့”
မုဆိုးက ဟင်္သာဘုရင်ကို အသာလေးယူပြီး ရေတွေနဲ့ ဆုတ်နယ်ပေးတယ်။ မေတ္တာနဲ့ ပြုစုပေးတယ်။ မကြာခင် ဟင်္သာက တော်တော်လေး ပြန်ကောင်းလာတယ်။ ဟင်္သာဘုရင်က သူခြေထောက်လေး ကောင်းသွားတော့ တော်တော်လေး မြူးနေတယ်။ မုဆိုးကလည်း တော်တော်လေး ၀မ်းသာတယ်။ ဟင်္သာဘုရင်က မေးတယ်။
အ၀ိဂတပစ္စယော
Posted by ဂျေဂျူဝိုင် | Tags: အ၀ိဂတပစ္စယော | Categories: Uncategorized | 2 Comments၀ိဂတပြီးရင် နောက်ဆုံးပစ္စည်းဖြစ်တဲ့ အ၀ိဂတပစ္စယောပါ။ ၀ိဂတဟာ နတ္ထိနဲ့ ခပ်ဆင်ဆင်လေး တူခဲ့သလိုပဲ အ၀ိဂတဟာလည်း အတ္ထိနဲ့ ခပ်ဆင်ဆင်လေး တူပါတယ်။ ၀ိဂတမှာ ကင်းတယ်လို့ အဓိပ္ပါယ်ထွက်တယ်။ ၀ိဂတရဲ့ ရှေ့မှာ “အ” လေးတစ်လုံးပိုလာတဲ့အတွက် “အ” နဲ့ အက္ခရာကွဲပေးမယ့် အစွမ်းသတ္တိချင်းတူလို့ ဖတ်လို့ကောင်းအောင် လုပ်ထားတာက “န” ပါ။ ကင်းနေတာကို မကင်းဘူးလို့ ပြောလိုက်တာပဲဖြစ်လေတော့ အတ္ထိပစ္စယော ကျေးဇူးပြုပုံလိုလိုဖြစ်နေပါတယ်။ အတ္ထိတုန်းက ပေးခဲ့တဲ့ ဥပမာက တောင်နဲ့ သစ်ပင်။ စိမ်းလန်းစိုပြေနေဖို့အတွက် တစ်ခုနဲ့တစ်ခုက ရှိနေမှ ဖြစ်တာလေ။ အ၀ိဂတကျတော့ ရေထဲက ငါးတို့နဲ့ သွားတူတယ်။ ရေရှိမှ ငါးရှိလို့ရတယ်။ ငါးသွားလို့ လာလို့ရတယ်။ အဲဒီလို ဘယ်လိုမှ မကင်းဘဲ ကျေးဇူးပြုနေတာကို အ၀ိဂတပစ္စယောလို့ ခေါ်ပါတယ်။ ရေနဲ့ မပတ်သက်တော့တဲ့ငါးကို ရေက ဘယ်လိုမှ ကျေးဇူးမပြုနိုင်ဘူးလေ။ ဒီလိုဗျ။
အတ္ထိမှာ ဖြစ်တုန်းကလည်း ဖြစ်နေတုန်းမှာ၊ တည်တုန်းကလည်း တည်နေတုန်းမှာ၊ ပျက်တုန်းကလည်း ပျက်နေတုန်းမှာ ကျေးဇူးပြုတယ်။ အ၀ိဂတကျတော့ ဖြစ်နေမှု မကင်းပြတ်ခင်လေး တည်နေမှု မကင်းပြတ်ခင်လေး ပျက်နေမှု မကင်းပြတ်ခင်လေးမှာ ကျေးဇူးပြုပါတယ်။ ဥပမာ။ ကျွန်တော်နဲ့ ကောင်မလေးတစ်ယောက်ယောက်နဲ့ ရည်းစားဖြစ်တယ်။ ကျွန်တော့် ကောင်မလေးကို တခြားကောင်လေး တစ်ယောက်က ရည်းစားစကားလာပြောတယ်။ အဲဒီအခါ အဲဒီကောင်လေးကို ကျွန်တော်က တားမြစ်ရတယ်။ “ဟေ့ကောင် ၊ အဲဒါ ငါ့ရည်းစား မင်းမထိနဲ့” ။ အဲလိုပဲ သူ့ချစ်သူ ကျွန်တော် ရှိနေတယ်လေ။ သူ့ကို ဘယ်သူမှ မထိနဲ့။ အဲလိုလေး အဲလိုလေး ကျေးဇူးပြုနေတာကို အ၀ိဂတပစ္စယောလို့ ခေါ်ပါတယ်။ ကောင်မလေးက ကျွန်တော်နဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြတ်သွားရင်တော့ အ၀ိဂတနဲ့ မဆိုင်တော့ပါဘူး။ အ၀ိဂတပစ္စယောရဲ့ သဘောကို သဘောပေါက်တယ်လို့ထင်ပါတယ်။
ဝိဂတပစ္စယော
Posted by ဂျေဂျူဝိုင် | Tags: ၀ိဂတပစ္စယော | Categories: ပဋ္ဌာန်း | 2 Comments၀ိဂတပစ္စယောဆိုတာ ဒီစိတ်ကင်းပြတ်ပြီးနောက် နောက်စိတ်ဖြစ်တာကို ၀ိဂတပစ္စယောလို့ ခေါ်ပါတယ်။ သူက နတ္ထိပစ္စယောနဲ့ တော်တော်လေး ဆင်ပါတယ်။ နတ္တိပစ္စယော ဆိုတာက ရှေ့စိတ် မရှိတော့လို့ နောက်စိတ် ဖြစ်တာ။ မရှိတာနဲ့ ကင်းပြတ်တာပဲ ကွာတယ်။ မရှိတာက ရှေးရှေးစိတ်တွေ ဖြစ် တည် ပျက် ပြီးတဲ့နောက်မှာ ပျက်သွားပေမယ့် နည်းနည်း ကျန်သေးတယ်။ အဲဒီလို ကျန်နေသေးရင် ၀ိဂတက ကျေးဇူးမပြုသေးဘူး။ ရှေးစိတ်ရဲ့ အရှိန်အ၀ါတွေ အစွမ်းသတ္တိတွေ လုံးဝကင်းပြတ်သွားမှ ကျေးဇူးပြုတာ ထောက်ပံ့တာ ကူညီတာမျိုးကို ၀ိဂတပစ္စယောလို့ခေါ်ပါတယ်။ နည်းနည်းလေး ကွဲပေမယ့် ကျေးဇူးပြုပုံပြုနည်း မတူလို့ ဘုရားရှင်က နှစ်မျိုး ခွဲဟောတော်မူထားပါတယ်။ ရှေးဆရာတော်ကြီးများ ဥပမာပေးတာက နေရောင်ကွယ်ပျောက်သွားမှ လရောင်ရောက်လာသလို ကျေးဇူးပြုတာကို ၀ိဂတပစ္စယောလို့ ခေါ်ပါတယ်တဲ့။
ကျွန်တော် ဒီ ပဋ္ဌာန်းကို ရေးတာ ဥပနိဿယပစ္စယော တစ်ခုတည်းကိုပဲ ရေးချင်တာပါ။ အဲဒါကိုပဲ ကျွန်တော် ထဲထဲဝင်ဝင်သိပါတယ်။ ကျန်တာတွေကို သိပ်မသိပါဘူး။ သို့သော် တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသရဲ့ အခြေပြုပဋ္ဌာန်းတရားတော် ဆိုတဲ့စာအုပ်က ကျွန်တော့်ဆီမှာရှိတယ်။ ဒါနဲ့ စာအုပ်အားကိုးပြီး ကျွန်တော် အစကနေ ရေးလိုက်ပါတယ်။ ဆရာတော်ရဲ့ စာအုပ်ကို ကျွန်တော် နားလည်နိုင်စွမ်းနဲ့ ဖတ်ခဲ့တယ်။ အဲဒါကိုပဲ ကျွန်တော် နားလည်နိုင်စွမ်းနဲ့ ပြန်ရေးပါတယ်။ ဒီမှာ ဘာအခက်အခဲ ရှိလည်းဆိုရင် ဆရာတော်က ပစ္စည်းတိုင်းကို ဖွင့်ပင် ဖွင့်သော်ငြားလည်း တချို့ပစ္စည်းကို နည်နည်းဆို နည်းနည်းလေးပဲ ဖွင့်သွားတဲ့အတွက် ပင်ကိုယ်ဉာဏ်စွမ်းမရှိတဲ့ ကျွန်တော်ဟာ အဲဒီ နည်းနည်းလေးကိုပဲ လိုက်ရေးနေရပါတယ်။ အဲလို နည်းနည်းကလေးပဲ ဖွင့်ရာမှာ တော်တော်လေး နည်းသထက်နည်းတာက ဒီ ၀ိဂတပစ္စယောပါပဲ။ ဒီတော့ ရေးပြရတော်တော်ခက်သွားတယ်။
နတ္ထိပစ္စယော
Posted by ဂျေဂျူဝိုင် | Tags: နတ္ထိပစ္စယော | Categories: ပဋ္ဌာန်း | 2 Commentsအတ္ထိ – ရှိတယ်။ နတ္ထိ – မရှိဘူး။ ဗလာ၊ သုည။ တာရာမင်းဝေ ကဗျာလေးကို ရွတ်ပြရမလိုလို ဖြစ်နေတယ်။ “မီးတွေ ရုတ်တရက် ငြိမ်းသွားတော့ သူတို့က ပြောတယ်၊ ဘာမှ မမြင်ရတော့ဘူး တဲ့။ ဟင့်အင်း မဟုတ်ပါဘူး။ တကယ်တော့ အမှောင်ကို မြင်ကြရတာပါ” ဆိုတာလေ။ အလင်း မရှိရင် အမှောင် ရောက်လာတယ်။ အလင်း မရှိခြင်း ကျေးဇူးကြောင့် အမှောင်ကို မြင်ရခြင်း အကျိုးဖြစ်တယ်။ ဒါဟာ နတ္ထိပစ္စယောပဲ။
အဘိဓမ္မာနဲ့ ပြောရရင် ရှေးရှေးစိတ် ချုပ်မှ နောက်နောက် စိတ်ဖြစ်တာပေါ့ဗျာ။ အနန္တရနှင့် တူနေတယ်။ ဘယ်လို တူတာလဲဆိုတော့ အနန္တရကလည်း အခြားမဲ့လေ။ ငါ ပြီးနောက် မင်းဖြစ်အဲလိုပဲ။ နည်းနည်းပဲ ထူးခြားတယ်။ ဒီထူးခြားမှုကို တရားထိုင်ဖူးမှ သိမယ်။ အနန္တရရဲ့ ဒီစိတ်ဖြစ်ပြီးမှ ဒီစိတ်ဖြစ်တယ်ဆိုတာက တစ်စိတ်နဲ့ တစ်စိတ် ကြားမလပ်ဘူး။ ဆက်နေတယ်။ နတ္ထိ ကျတော့ ကြားမှာ ပြတ်သွားတယ်။ ပထမစိတ်ရဲ့ ဖြစ် တည် ပျက် သုံးပါးလုံးကို ကျော်ပြီးမှ နောက် စိတ် ဖြစ် တည် ပျက် ဖြစ်တာမျိုးကို နတ္ထိလို့ ဘုရားရှင်က ဟောတော်မူပါတယ်။ ရှေးစိတ် ရှိနေသေးရင် အစွမ်းကျန်နေသေးရင် ကျေးဇူးမပြုနိုင်ဘူး။ ရှေးစိတ် မရှိကို မရှိတော့မှ လုံးဝပြတ်သွားမှ ကျေးဇူးပြုတာကို နတ္ထိပစ္စယောလို့ ခေါ်ပါတယ်။
အတ္ထိပစ္စယော
Posted by ဂျေဂျူဝိုင် | Tags: အတ္ထိပစ္စယော | Categories: ပဋ္ဌာန်း | No Commentsအတ္ထိ – ရှိတယ်။ ဒါပဲလေ။ လူတကာသိ။ အားလုံးသိ။ သဟဇာတမှာ အတူတကွ ဖြစ်တယ်ဆိုခဲ့တယ်။ ရှိလို့ အတူတကွ ဖြစ်တာပေါ့။ မရှိရင် မဖြစ်ဘူးလေ။ ပုရေဇာတမှာဆိုရင် မိဘတွေ ရှိလို့ သားသမီးဆိုတာ ရှိလာတာ။ ပစ္ဆာဇာတသတ္တိမှာလည်း မျှော်လင့်ချက်ကလေးတွေရှိနေတာကြောင့် ရှေးက ရုပ်တွေ ကြိုဖြစ်နေတာ။ အစာအာဟာရ ဆိုတာ ခန္ဓာကိုယ်ကို ကျေးဇူး ပြုကို ပြုတယ်။ မျက်စိဆိုတာ ရှိတယ်။ အကြည့်ခံရမယ့် ပစ္စည်းတစ်ခုခုရှိတယ်။ မြင်တယ်။ ဒါတွေဟာ အရှိတရားတွေပဲလေ။ အတ္ထိပစ္စယော – ဆိုတာ ရှိခြင်းနဲ့ ထောက်ပံ့တာ။ ကျေးဇူးပြုတာကို ခေါ်ပါတယ်။
မြင်းမိုရ်တောင်ရှိတယ်။ မြင်းမိုရ်တောင်ကြောင့် သစ်ပင်တွေ ပန်းမာန်ဥယျာဉ်တွေ ပေါက်ရောက်တယ်။ စိမ်းလန်းစိုပြေစေ နိုင်တဲ့ အရည်အချင်းရှိတယ်။ စိမ်းလန်းစိုပြေမယ့် သစ်ပင်လည်းရှိတယ်။ ဒီလို ရှိနေတာတွေဟာ အတ္ထိပစ္စယောဖြစ်ပါတယ်။ သစ်ပင်မရှိရင် မြင်းမိုရ်တောင်ဟာ မစိမ်းလန်း မစိုပြေဘူး။ မြင်းမိုရ်တောင် မရှိရင် သစ်ပင်ဟာ မစိမ်းလန်း မစိုပြေဘူး အဲလို ရှိနေတာကိုပဲ အတ္ထိပစ္စယောလို့ခေါ်ပါတယ်။ အတ္ထိပစ္စယောကို ဒီလောက်လေးပဲ ပြောပါတော့မယ်။ နားလည်မယ်လို့ မျှော်လင့်ပါတယ်။
ဝိပ္ပယုတ္တပစ္စယော
Posted by ဂျေဂျူဝိုင် | Tags: ၀ိပ္ပယုတ္တပစ္စယော | Categories: ပဋ္ဌာန်း | No Comments၀ိပ္ပယုတ္တပစ္စယော ဆိုတာ ကင်းပြီးတော့ ကျေးဇူးပြုတာ။ မသက်ဆိုင်တဲ့ အနေအထားကနေ ကျေးဇူးပြုတာ။ သက်ဆိုင်လားဆိုတော့ မသက်ဆိုင်ဘူး။ ကျေးဇူးမပြုဘူးလားဆိုတော့ ကျေးဇူးပြုတယ်။ မသင့်တင့်တဲ့ အမြင်အာရုံတစ်ခုကို ကျွန်တော်တို့ တွေ့မြင်လိုက်ရတယ်။ အဲဒီ အာရုံကြောင့် လောဘဖြစ်တယ်။ ဒေါသဖြစ်တယ်။ အဲဒီအာရုံက ကိုယ်နဲ့ ဆိုင်နေသလား ကိုယ်နဲ့ ပတ်သက်နေသလားဆိုပြန်တော့ မဆိုင် မပတ်သက်ဘူး။ ဒီ လောဘ ဒေါသတွေ ဖြစ်တယ်။ လောဘကြောင့် ရုပ်တွေ ပြောင်းတယ်။ ဒေါသကြောင့် ရုပ်တွေ ပြောင်းတယ်။ နာမ်ဟာ နာမ်။ (စိတ် ဆိုတာ စိတ် ရုပ်မဟုတ်ဘူး) အဲဒီနာမ်က ဒီရုပ်ကို လာပြီး ထောက်ပံ့နေတယ်။ အာဟာရပစ္စယောမှာ ရေးပြဖူးတယ်။ ပဋိသန္ဓေနေပုံလေး။ ကံအာဟာရကြောင့် ရုပ်တွေဖြစ်တယ်။ ကမ္မဇရုပ်ခေါ်တဲ့ ကံကြောင့် ဖြစ်တဲ့ ရုပ်တွေ ပေါ်နေတယ်။ တူလား။ မတူဘူးလေ။ ကံဆိုတာ နာမ်တရား။ ဖြစ်နေတာတွေက ရုပ်။ အဲလို မဆိုင်ပေမယ့် ထောက်ပံ့နေတာကို ၀ိပ္ပယုတ္တပစ္စယော လို့ခေါ်ပါတယ်။
သမ္ပယုတ္တပစ္စယော
Posted by ဂျေဂျူဝိုင် | Tags: သမ္ပယုတ္တပစ္စယော | Categories: ကဗျာ | 2 Commentsသံ – အတူတူ ၊ ပ – ဖြစ်တယ်၊ ချုပ်တယ် သမ္ပယုတ္တပစ္စယော အတူတူ ဖြစ်တယ် ချုပ်တယ်တဲ့။ ဒေါသ ဖြစ်တယ်။ ဒေါသစိတ်နဲ့အတူတူ ဒေါသစေတသိက်တွေဖြစ်တယ်။ ဒေါသစိတ် ငြိမ်းသွားတယ်။ ဒေါသစေတသိက်လည်း ငြိမ်းသွားတယ်။ အဲလို အတူတူဖြစ်နေတာကို သမ္ပယုတ္တပစ္စယောလို့ ခေါ်ပါတယ်။ စာလိုရွတ်ပြရရင် သမ္ပယုတ္တပစ္စယော – နာမ်ခန္ဓာတရား လေးပါးတို့ဟာ သူငါမနှော ထင်ရှားသော သဘောဖြင့် ဖြစ်တတ်ခြင်းပေါ့ဗျာ။
အာရုံတစ်ခုနဲ့ တစ်ခုထိခိုက်မှုမှာ ထိတွေ့မှုဆိုတာ ပါဝင်သွားပါတယ်။ မြင်တဲ့အခါမှာ မြင်ခြင်းကြောင့် ဖြစ်တဲ့ ထိတွေ့မှု၊ ကြားတဲ့အခါမှာ ကြားခြင်းကြောင့် ဖြစ်တဲ့ စတဲ့ထိတွေ့မှုပေါ့ဗျာ။ အဲဒီ ထိတွေ့မှု ဖြစ်လာပြီဆိုရင် ခံစားမှုဖြစ်တယ်။ ခံစားမှုဖြစ်ရင် မှတ်သားမှုဖြစ်တယ်။ မှတ်သားမှုဖြစ်ရင် ယုံကြည်မှုဖြစ်တယ်။ ယုံကြည်မှုဖြစ်ရင် သတိရမှုတွေ ဖြစ်တယ်။ လူတစ်ယောက်ကို တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်သော်၎င်း မြင်တယ်။ အမြင် ထိတွေ့မှုဖြစ်တယ်။ လူတစ်ယောက်ကို သတင်းသော်၎င်း အမည်နာမသော်၎င်းကြားတယ်။ ချစ်ခြင်း၊ မုန်းခြင်းစတဲ့ ခံစားမှုဖြစ်တယ်။ မှတ်မိနေတယ်။ ဒီရုပ်၊ ဒီအသံစသဖြင့်။ ယုံကြည်မိတယ်။ သတိရတယ်။ ဒါပေမယ့် အဲဒီ ထိတွေ့မှုက စခဲ့တာတွေဟာ တချိန်တည်း တပြိုင်တည်း ဖြစ်ပါတယ်။ ညီတူညီမျှ သမပြီးတော့ကို ဖြစ်နေတယ်။ ဒါဟာ သမ္ပယုတ္တပစ္စယောပါပဲ။
မဂ္ဂပစ္စယော
Posted by ဂျေဂျူဝိုင် | Tags: မဂ္ဂပစ္စယော | Categories: ပဋ္ဌာန်း | 5 Commentsမဂ္ဂ ဆိုတာ လမ်းပါပဲ။ လမ်းမှားကို လျှောက်တာဟာလည်း မဂ္ဂပစ္စယောပါပဲ။ လမ်းမှန်ကို လျှောက်တာဟာလည်း မဂ္ဂပစ္စယောပါပဲ။ အားလုံးသိကြတယ်လေ။ မဂ္ဂင်ရှစ်ပါး။ ဟုတ်တယ်မဟုတ်လား။ ဒါပေမယ့် တကယ်တော့ မဂ္ဂင်က (၁၂) ပါးရှိတာဗျ။ ဟ လေးပါးက ဘယ်က ပိုလာတာလဲဆိုတော့ ဟို အားလုံးသိကြတဲ့ မဂ္ဂင်လေးရဲ့ရှေ့မှာ စကားလေး တစ်လုံးပါတယ်လေဗျာ။ “သမ္မာ” တဲ့။ သမ္မာဆိုတာ ရှိမှတော့ သမ္မာရဲ့ ဆန့်ကျင်ဘက် “မိစ္ဆာ”လည်း ရှိရမှာပေါ့။ ဟုတ်ဘူးလား။ မကောင်းသော၊ မှားယွင်းသော လမ်းလေးပေါ့ဗျာ။ ဒါပေမယ့် သူကျတော့လေးပါးထဲပါ။ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာသမာဓိတဲ့။ အဲဒီလေးခုထဲ တော်တော်ဆိုးတာက ရှေ့တစ်ပါး။
မပြောချင်ပေမယ့်လည်း ပြောရဦးမယ်။ ခုတလော အွန်လိုင်းပေါ်ထိ ရောက်လာတဲ့ ဂိုဏ်းနှစ်ခု။ ပထမတစ်ဂိုဏ်းက မဂ်ဖိုလ် နိဗ္ဗာန်ရဖို့ တရားထိုင်ရင် သီလမလိုပါဘူး။ သီလဆိုတာ သာမန်အထောက်အပံ့ကလေး တစ်ခုပါဆိုတဲ့ ဂိုဏ်း။ ပညတ်နဲ့ ပရမတ်ကွဲရင် ရပြီဆိုလားပဲ။ ဘုရားဟော ဟုတ်ခြင်း မဟုတ်ခြင်းထက် ကိုယ်တွေ့က ပိုကောင်းပါတယ်တဲ့။ ဟုတ်ပြီ။ လူတစ်ယောက်က သူအကြီးအကျယ်ဖျားတယ်။ ဒါနဲ့ သူက ကောင်းနိုးရာရာ ထင်ရာမြင်ရာလေး ဆေးတွေစပ်ပြီး သူ့ကိုယ်သူ ထိုးကြည့်လိုက်တယ်။ ဟော အဖျားကပျောက်သွားတယ်။ ယူပစ်သလိုကို ပျောက်သွားတယ်။ ဟာ ဒီလိုဆို ဒီဆေးမှန်ပြီပဲ။ ဆရာဝန်တွေ လေးနှစ်သင်၊ နှစ်နှစ်ကိုယ်တိုင်လေ့လာ၊ ဒါတောင် မှားသေးတယ်။ မဟုတ်ဘူး။ သူတို့နည်းက မဟုတ်ဘူး။ ငါ့နည်းကမှ မှန်တာဆိုတဲ့လူနဲ့ သွားမတူဘူးလား။ ခင်ဗျားတို့ အဲလို လူရဲ့ ဆေးထိုးကုသပေးတာကို ခံယူရဲလား။ ခံယူရဲရင်တော့ မပြောတတ်ဘူးလေ။ ခံယူတဲ့သူတွေက ပေါမှပေါ များမှများပဲကိုး။ အသက်တောင် ပေးဦးမယ်ဆိုတဲ့ ဘလော့ဂါနှစ်ယောက် တက်လာပါတယ် အွန်လိုင်းပေါ်။ ဒါ မိစ္ဆာဒိဋ္ဌိကြောင့်။ မိစ္ဆာဝါယာမတွေဖြစ်။ မိစ္ဆာသင်္ကပ္ပ (မှားယွင်းစွာ ကြံတဲ့အကြံ)တွေဖြစ်၊ မိစ္ဆာသမာဓိတွေရလို့ ဖြစ်ကုန်ကြတာ။ လမ်းမှန်ဖို့ သိပ်လိုပါတယ်။ နောက်ဂိုဏ်းတစ်ခု။ ဒီဂိုဏ်းကိုကျတော့ တည်ထောင်သူက မြန်မာနိုင်ငံထဲမှာ ဖြစ်ပြီး အွန်လိုင်းတင်ပေး နေသူက ထိုင်းမနဲ့ရပြီး ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ လူထွက် တပည့်တစ်ယောက် ဖြစ်ပါတယ်။ Fwd တွေ ရကြသူတွေများလို့ ဒီဂိုဏ်းကို အားလုံးသိပြီးသားလို့ ထင်ပါတယ်။ ဘုရားရှင်ဟာ သာမန်လူတစ်ယောက်ပါပဲလို့ ဟောတဲ့ဂိုဏ်း။


