• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Youth Empowerment Training

IMG_0796

နောင်တောင်းတွင် ကျောင်းပိတ်သည့် ကာလဖြစ်သည့် နွေရာသီ၌ ယဉ်ကျေးလိမ္မာသင်တန်းအမည်ဖြင့် သင်တန်းစတင် ဖွင့်လှစ်ခဲ့စဉ်က ပထမအကြိမ်တွင် သင်တန်းသား/သူပေါင်း (၃၅၀) ခန့်တက်ရောက်ခဲ့သည်။ နောက်နှစ်များတွင် သင်ကြားသည့် ဘာသာရပ်များနှင့် ကိုက်ညီမှု ရှိစေရန်အတွက် ဗုဒ္ဓဘာသာ လူငယ်စွမ်းရည်မြှင့်သင်တန်းဟု အမည်ပေးကာ နှစ်နှစ်ဆက်တိုက် ပြုလုပ်ခဲ့သည်။ ထိုနှစ်များတွင် ပထမနှစ်၌ သင်တန်းသား/သူပေါင်း (၇၀၀) ကျော် တက်ရောက်ခဲ့ပြီး နောက်နှစ်တွင် သင်တန်းသား/သူပေါင်း (၁၁၀၀) ကျော် တက်ရောက်ခဲ့သည်။ သုံးနှစ် ဆက်တိုက် ကျင်းပခဲ့ပြီးနောက် လေးနှစ်မြောက်တွင် ကျောင်းတိုက်အတွင်း၌ “ယဉ်ကျေးလိမ္မာ ညီလာခံ” နှင့် “ဘုန်းတော်ကြီးသင် ဆရာတော်ကြီးများ တွေ့ဆုံပွဲ” ကို နှစ်မျိုး စလုံး ဆက်တိုက် ပြုလုပ်ခဲ့သောကြောင့် သင်တန်းကို ခေတ္တနားခဲ့သည်။ သို့သော်လည်း ထိုနှစ်တွင် တောင်ကြီးမြို့နယ်မှ ထီသိမ်ကျေးရွာ၊ ဟမ်းဆီးကျေးရွာ၊ ကျောက်တလုံးမြို့၊ ဟိုပုံးမြို့နယ်မှ ကျောက်တန်း၊ ကျောက္ကချား၊ ကလောမြို့နယ်မှ နန်းတိုင်း၊ ပင်လောင်းမြို့နယ်မှ တင်းထက် စသဖြင့် ကျေးရွာပေါင်း (၁၁) ရွာသို့ သွားရောက်၍ သင်တန်း ဖွင့်လှစ်ခဲ့သည်။ ထိုကျေးရွာများတွင် သင်တန်းလိုက်လံဖွင့်လှစ်၍ သင်ကြားပြသပေးခဲ့သော ဆရာ/ဆရာမများမှာ နောင်တောင်းတွင် ရက် (၅၀) သင်တန်း တက်ဖူးထားသူများ ဖြစ်သည်။ ထိုကဲ့သို့ ရက်(၅၀) ကြာသင်တန်းကို နောင်တောင်းတွင် ပြုလုပ်နေသည်မှာ ယခု ဂျူလိုင် နှင့် သြဂုတ်လအတွင်း ပြုလုပ်သည့် သင်တန်းအပါအဝင်ဆိုလျှင် သုံးကြိမ်ရှိပြီ ဖြစ်သည်။ အခြား (၁၀) ရက်ကြာ (၁၅) ရက်ကြာ စသည့် သင်တန်းများဖြစ်သည့် မူကြိုသင်တန်း၊ ပတ်ဝန်းကျင်IMG_1830 စစ်တမ်းကောက်ယူမှု သင်တန်းနှင့် စာသင်ကြားနည်း သင်တန်းများ မပါဝင်သေးပါ။ ရက်ရှည်သင်တန်း၏ အကျိုးကျေးဇူးမှာ ကျေးရွာတွင် ပြန်လည်၍ လူမှုရေး လုပ်ငန်းလုပ်သူများ ပေါ်ပေါက်လာခြင်း၊ နောင်တောင်းတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆက်လက်နေထိုင်ကာ စာသင်ခန်းတွင် စာသင်ကြားပေးခြင်း စသည်တို့ ဖြစ်သည်။ စသည်ဟု ဆိုခြင်းမှာ နောင်တောင်း သင်တန်းတက်ရောက်ခဲ့သူများသည်
၁။ သင်တန်းဆင်းလက်မှတ် ရရှိခြင်းအဆင့်
၂။ မိမိကိုယ်တိုင် လက်ခံကျင့်သုံးခြင်း အဆင့်
၃။ မိမိကိုယ်တိုင် အပါအဝင် ပတ်ဝန်းကျင်ကိုပါ ပြောင်းလဲ စေသည့် အဆင့်
ဆိုသည့် သင်တန်းဆင်း အဆင့်တို့တွင် အနည်းဆုံး နံပါတ် (၂) အဆင့်တွင် ချိတ်ကြသူက များသောကြောင့် ဖြစ်သည်။

ယနေ့ခေတ်လူငယ်များသည် မိမိရပ်ရွာကို ထားခဲ့ချင်သည့် မိမိရပ်ရွာတွင် နေထိုင်ခြင်းလောက် အောက်ကျ နောက်ကျ ဖြစ်သည် မရှိဟု ကမ္ဘာကို ရွာပြုရေး စနစ်က မောင်းနှင်မှုကို ခံနေကြရသည်။ ထိုလူငယ်များကို မိမိရပ်ရွာ ပြန်လည် ချစ်မြတ်နိုးတတ်လာအောင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး ဆီသို့ ဦးတည်၍ သင်ကြားပေးခဲ့သော သင်တန်းကြီး သုံးကြိမ်တွင် ယခု သြဂုတ်လ (၂၆) ရက်နေ့တွင် ပြီးခဲ့သော သင်တန်းကြီးသည် သုံးကြိမ် မြောက် သင်တန်းဖြစ်သည်။ ထိုသင်တန်းတွင်
၁။ မိမိကိုယ်ကို သိရှိခြင်း Self-awareness
၂။ ဝေဖန်ပိုင်းခြား စဉ်းစားခြင်း Critical Thinking
၃။ သဘာဝပတ်ဝန်းကျင် Environment
၄။ စားသုံးသူအခွင့်အရေး Consumerism
၅။ ကမ္ဘာခြုံစနစ် Globalization
၆။ ရပ်ရွာ ဖွံ့ဖြိုးရေး Community Development
၇။ ဝေဖန်ပိုင်းခြားခြင်းစနစ်ဖြင့် စာသင်နည်း (RWCT) အပါအဝင်
၈။ ဓမ္မစကူးလ် တို့ကို သင်ကြားခဲ့သည်။IMG_2292
သင်ကြားပေးခဲ့သော ဆရာများထဲတွင် ကမ္ဘာခြံုစနစ်၏ Resource person အဖြစ် ဆရာပီတာ (လီဆူးဓမ္မတက္ကသိုလ်၊ ပြင်ဦးလွင်) နှင့် ရပ်ရွာ ဖွံ့ဖြိုးရေး ဘာသာရပ်၏ သင်တန်းဆရာအဖြစ် ဆရာမ ပိန်းပိန် (GSMI) တို့ လာရောက် ကူညီပေးခဲ့ကြပါသည်။ ကျန်သည့် ဘာသာရပ်များကို နောင်တောင်းမှ သင်တန်းဆရာ/ ဆရာမများ ဖြစ်ကြသော ဦးဇောတယမှ ဦးဆောင်၍ နန်းသဇင်ကြည်၊ နန်းရီရီလေး၊ အောင်ပြည့်ဖြိုး၊ နန်းနိန်း၊ နန်းလှလှမိုး၊ နန်းဟန်နီထွေး၊ သူရထွန်းနှင့် နေလင်းခိုင်တို့က သင်ကြားပေးခဲ့ကြသည်။

သင်တန်းလာတက်ရောက်သူများမှာ
၁။ နောင်တရားမြို့နယ်မှ (၂၃) ယောက်
၂။ ဆီဆိုင်မြို့နယ်မှ (၂၂) ယောက်
၃။ ဟိုပုံးမြို့နယ်မှ (၁၄) ယောက်
၄။ ပင်လောင်းမြို့နယ်မှ (၁၃) ယောက်
၅။ ကျောက်တလုံးမြို့နယ်မှ (၈) ယောက်
၆။ တောင်ကြီးမြို့နယ်မှ (၈) ယောက် စသဖြင့် အခြားမြို့နယ်များဖြစ်သော လွိုင်လင်၊ ညောင်ရွှေ၊ ဖယ်ခုံ၊ မောက်မယ်၊ ရပ်စောက်၊ လွိုင်ကော် စသည့်မြို့နယ်များမှ သင်တန်းသား /သူများ တက်ရောက်ခဲ့ကြသည်။ ထိုတွင်
၁။ ရဟန်းတော် (၆) ပါးIMG_1728
၂။ ဘွဲ့ရ (၇) ဦး
၃။ တတိယနှစ် (၃) ဦး
၄။ ဒုတိယနှစ် (၂) ဦး
၅။ ပထမနှစ် (၁၇) ဦး
၆။ ဆယ်တန်းအောင် (၅၄) ဦး
၇။ ဆယ်တန်း (၁၁) ဦး အသီးသီးပါဝင်ခဲ့သည်။ ရေရှည်တည်တံ့ဖွံ့ဖြိုးမှုဟု ပြောသော ဖွံ့ဖြိုးရေးတွင် မိမိကျေးရွာကို ချစ်မြတ်နိုးတတ်သော သူရဲကောင်းများစွာ ပေါ်ထွက်ခဲ့ပါသည်။

Ref: http://naungtaung.org/youthempowerment/

Related Posts

  • အဓမ္မဘက်တော်သားများ

  • အာဏာသိမ်းမှု မအောင်မြင်စေရ

  • Before and After Coup

Recent Posts

  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ
  • Before and After Coup
  • တာဇံတောလား
  • ကူနီကျော့စံကွန်း
  • Hot December

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress