• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

သင်ဘယ်သူလဲ

မိမိကိုယ်ကို သိရှိခြင်း ခေါင်းစဉ်နဲ့ သင်တန်းပေးရင် ဒီခေါင်းစဉ်နဲ့ သင်ခန်းစာလေး တစ်ခုပါတယ်။ ကြောက်စရာ ကောင်းတဲ့ သင်ခန်းစာလို့ မြင်မိတယ်။ ဒါပေမယ့်လည်း ဒီသင်ခန်းစာက မိမိကိုယ်ကို သိရှိဖို့ တော်တော် အထော်ကအကူဖြစ်ပါတယ်။ သင်ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို လူတယောက်တည်းကိုပဲ မေးတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ သင်တန်းသား အခြေအနေအရ အချိန်ကို နာရီဝက် လေးဆယ့်ငါးမိနစ် စသည်ယူတတ်ပါတယ်။ အခုတော့ အဲဒီမေးခွန်းနဲ့ ကမ္ဘာကြီးကို မေးကြည့်လိုက်တယ်။

သင်ဘယ်သူလဲ။

အကြမ်းဖျင်းဆိုပေမင့် ရာခိုင်နှုန်းတော်တော်များများအားဖြင့် သင်က ဗုဒ္ဓဘာသာဆိုရင် အစ္စလာမ် (မွတ်စလင်) ကိုမုန်းမယ်။ အခြားဘာသာတွေကိုလည်း မိစ္ဆာဒိဋ္ဌိတွေလို့ မြင်မယ်။ သင်က အစ္စလာမ်ဆိုရင် ဗုဒ္ဓဘာသာကို ရန်သူလို့ထင်မယ်။ ခရိယာန်တို့ ဟိန္ဒူတို့ ဂျူးတို့ ဆစ်တို့ကို မိစ္ဆာဒိဋ္ဌိလို့ မြင်မယ်။ သင်က ခရိယာန်ဆိုရင် ဗုဒ္ဓဘာသာတွေဟာ ဆင်းထုတွေ ရုပ်ထုတွေကို ရှိခိုးတဲ့ လူမျိုးတွေ ဖြစ်လို့ မိစ္ဆာဒိဋ္ဌိလို့ မြင်မယ်။ အစ္စလာမ်တို့ ဘာတို့ကို မုန်းမယ်။ ဂျူးတို့ ဆစ်တို့ နတ်ကိုးကွယ်သူတို့ တံခွန်တိုင်တို့ ကွန်ဖြူးရှပ်တို့ ဘာတို့ ဖြစ်ခဲ့မယ်ဆိုရင်လည်း သင်တို့ဟာ ဗုဒ္ဓဘာသာ၊ ခရိယာန်ဘာသာ၊ အစ္စာလမ်ဘာသာဝင်တွေကို သင်က မိစ္ဆာဒိဋ္ဌိတွေပါလားလို့ မြင်နေမယ်။ လက်ရှိသင်က ဘာသာတခုခုတည်းမှာ ပါဝင်နေပြီဆိုတာနဲ့ အခြားဘာသာကို မဟုတ်မမှန်တာတွေ သင်တဲ့ဝါဒလို့ မြင်မှာ အမှန်ပါပဲ။

ထားလိုက်တော့။ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ တစ်ခုတည်းပဲ ရှိတော့ပါသတဲ့။ သင်က ထေရာဝါဒဆိုရင် မဟာယာနကို အမှန်တွေကို မသင်တဲ့ ဘုရားဟောတွေကို ရမ်းကာရောပြင်တဲ့ ဘာသာတွေလို့ သင်ပြောမယ်။ သင်က မဟာယာနဆိုရင်တော့ ထေရာဝါဒတွေကို ကွန်ဆာဗေးတစ်တွေလို့ ပြောမယ်။ ခေတ်နဲ့ မညီတော့မှန်း ဘာမှန်းမသိ။ မလိုအပ်တာတွေ လျှောက်လုပ်နေတယ်လို့ သင်ပြောမယ်။

ကမ္ဘာပေါ်မှာ ခရိယာန်ဘာသာတစ်ခုတည်းပဲ ကျန်ပါတော့သတဲ့။ တကမ္ဘာလုံးက ထာဝရဘုရားသခင်ကိုပဲ ကိုးကွယ်ကြတော့သတဲ့ ဆိုပါတော့။ သင်က ကက်သလစ်ဆိုရင် နှစ်ခြင်းတွေကို အပြစ်ဆိုမှာပဲ။ သင်က နှစ်ခြင်းဆိုရင် ကက်သလစ်တွေကို အပြစ်ဆိုမှာပဲ။ နောက် ဆက်စိတ်ကူးကြစို့။ ကမ္ဘာပေါ်မှာ အစ္စလာမ်ဘာသာပဲ ကျန်တော့သတဲ့။ သင်က ရှီးယပ်ဆိုရင် ဆွန်နီတွေကို သင်ဘာပြောနေမလဲ။ သင်က ဆွန်နီဆိုရင်ကော ရှီးယပ်တွေကို ဘာညာသာရကာနဲ့ အပြစ်မတင်ဘဲ နေနေမှာလား။ ဟိန္ဒူတို့ ဂျူးတို့ ဆစ်တို့ ကွန်ဖြူးရှပ်စတဲ့ ဘာသာတွေမှာလည်း အဲလို နှစ်ခြမ်းကွဲနေမှာပဲ။

[metaslider id=752]ခု ကျနော်က ဗုဒ္ဓဘာသာဝင်ဖြစ်သလို အခြားဘာသာဝင်တွေအပေါ် ထဲထဲဝင်ဝင်လေ့လာထားတာ မရှိတော့ နောက်ပိုင်း ဗုဒ္ဓဘာသာနဲ့ပဲ ဆက်ဥပမာပေးကြည့်မယ်။ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာတွေပဲ ကျန်တော့တယ်တဲ့။ အဲမှာ ထေရဝါဒနဲ့ မဟာယာနကွဲရော။ ကွဲတာနဲ့ တပြိုင်နက် ခင်ဗျားတို့ ဘာသာလည်းမှန်တယ်၊ ခင်ဗျားတို့ အယူဝါဒတွေလည်းမှန်ပါတယ်။ ကိုးကွယ်သင့်တဲ့ ဘာသာတစ်ရပ်ပေပဲလို့ ပြောမယ်ထင်သလား။ တဖက်ဘာသာကို ချီးကျူးမယ်လို့ ထင်သလား။ အဲလိုနဲ့ ထေရာဝါဒ ဗုဒ္ဓဘာသာကြီးက ကမ္ဘာကြီးကို အုပ်စိုးနိုင်သွားပါသတဲ့လေ။

ကွဲပါလေရောလား။ ထေရာဝါဒမှာ။ ရွှေကျင်ရယ်၊ သုဓမ္မာရယ်ဆိုပြီး ဂိုဏ်းကြီးကိုးဂိုဏ်း။ ထားလိုက်ပါဦးလေ။ သည်လို ဂိုဏ်းအကွဲတွေဟာ အားကြီးလာတာနဲ့အမျှ တဖက်က ဂိုဏ်းကို အသာတကြည်လေး အလှကြည့်နေမယ်ထင်လား။ ထားပြန်ပါဦးလေ။ ထေရဝါဒထဲမှာမှ တစ်ခုပဲ ထပ်ကျန်တယ်။ သုဓမ္မာဖြစ်ဖြစ် ရွှေကျင်ဖြစ်ဖြစ်ပေါ့။ ဟိုဘက်ရွာက ဘယ်စည်းကမ်းကို ဘယ်လိုလုပ်တာ ဒါဟာ မှားတယ်။ ဘယ်မြို့ က မြို့သူ မြို့သားတွေဟာ ဘုရားစာကို ဘယ်လိုလုပ် ရွတ်လိုက်တာလဲ။ ဘယ် အသင်းအဖွဲ့က ကျမ်းစာကို ဘယ်လိုရွတ်တာဟာ ဘုရားကို မလေးစားရာကျတယ်။ ဟိုဘက် စေတီမှာရှိတဲ့ နဂါးရုပ်က ဘာလဲ။ ခြင်္သေ့ရုပ်က ဘာလဲ။ ဒေါင်းရုပ်က ဘာလဲ။ အမလေးလေး ကွဲလိုက်မယ့်အဖြစ်။ ဒါက ဒေသအလိုက်ဖြစ်လာမယ့် ပြဿနာ။ တဒေသလုံးက ငြိမ်လိုက်တာ တကမ္ဘာလုံးလည်း တညီတည်း ဖြစ်မယ်လို့ကော ထင်လား။ တကမ္ဘာလုံး ငြိမ်ရင်တောင် ဟိုဘက်အိမ်က ဘုရားစင်က ဘယ်လို။ ဒီဘက်အိမ်က ဘုရားဆင်းထုတော်ရဲ့ မျက်နှာတော်က ဘယ်လိုစသဖြင့်ပြောလာမယ်။ တစ်ဘာသာတည်းကျန်ကျန် တလူမျိုးတည်းကျန်ကျန် တမိသားစတည်းကျန်ကျန် လူတွေဟာ မတည့်နိုင်ကြဘူး။ တစ်မိသားစုတည်းတောင် မတည့်ကြဘူး။ ညီကိုချင်းချင်း ချစ်ပါတယ်ဆိုတာတောင် မတည့်ဘူး။ ချစ်လှချည့် ကြိုက်လှချည့်ဆိုတဲ့ လင်မယားတွေတောင် မတည့်ဘူး။

[yikes-mailchimp form=”1″ description=”1″ submit=”Submit”]

အားလုံးသော လူသားတွေဟာ ကံကြမ္မာအလိုအရ သို့တည်းမဟုတ် ဘုရားသခင်အလိုတော်အရ မွေးဖွားလာတယ်။ မိဘက ဗုဒ္ဓဘာသာဖြစ်နေတယ်။ သရဏဂုံသုံးပါးနဲ့ ငါးပါးသီလ ခံယူရတယ်။ ဦးတော်လို့ အသင်ခံရတယ်။ ခရိယာန်ဖြစ်နေတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွှမ်းတယ်။ ဘုရားကျောင်းတက်တယ်။ ရေဖျန်းမင်္ဂလာ နှစ်ခြင်းမင်္ဂလာစသည် ခံရတယ်။ အစ္စလာမ်ဖြစ်နေတယ်။ ကိုရ်အန်ဖတ်ရတယ်။ ဦးထုပ်ကလေးဆောင်း ဆာရီကလေးခြုံရတယ်။ နည်းနည်းလည်း သိလာရော။ ထပ်အသင်ခံလိုက်ရတာကတော့ တဖက်ဘာသာဟာ အကြမ်းဖက်ဘာသာ။ ငါတို့ဘာသာသည်သာလျှင် အမှန်။ သူတို့နဲ့ မပေါင်းနဲ့။ သူတို့က မိစ္ဆာဒိဋ္ဌိ။

ငါတို့ဘာသာ ငါတို့ နေလို့မရ။ တဖက်သားကို မုန်းရမယ်။ ကိုယ့်ဘက်သားကို ချစ်ရမယ်။ ငါတို့သည် သမ္မာဒိဋ္ဌိ။ သူတို့သည် မိစ္ဆာဒိဋ္ဌိ။ အခုတော့ သင်ဘယ်သူလဲလို့ မေးရင် ဘယ်လို ဖြေရမယ်မှန်း မသိတာက လောကသစ္စာ။

လူဖြစ်တာကိုက မှားသွားလား။

Related Posts

  • တောင်းပလုံး

  • အခုတ်ခံလိုက်ရတဲ့ သစ်တပင်

  • ဘီလူးဆိုင်း

Recent Posts

  • တောင်းပလုံး
  • အခုတ်ခံလိုက်ရတဲ့ သစ်တပင်
  • ဘီလူးဆိုင်း
  • Data
  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress