• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

What Happened Monday

ဟက်ကာသည် ကွန်ပျူတာခလုတ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ နှိပ်နေသည်။ မကြာမီ သူ့မျက်နှာမှ ဝမ်းသာသည့် အရိပ်တချက် ဖြတ်ပြေးသွားသည်။ အစိုးရဌာနမှ သူတို့ သတင်းထဲ ခိုးဝင်သူ တယောက်ယောက်ရှိနေကြောင်း သိလိုက်သည်။ ချက်ချင်းပင် ခိုးဝင်သူ၏ တည်နေရာကို လိုက်ရှာသည်။ မြို့ထဲတွင် ရဲကားများစွာ၏ အော်သံကြားလိုက်ရသည်။ ဟက်ကာသည်လည်း ကားတစ်စီးပေါ်တက်ကာ မြို့ထဲတွင် ပြိုင်ကားထက် မြန်သော အရှိန်ဖြင့် မောင်းလိုက်၏။ ရဲများက အရေးကြီးသည့် အတွက် ဟတ်စကီးဖြင့် လိုက်ရပြန်သည်။ ဟက်ကာသည် တရုတ်တန်းထဲတွင် ပျောက်သွား၏။ ဟက်ကာသည် တရုတ်ဘာသာစကားဖြင့် ပြော၍ ပျောက်ကွယ်သွား၏။ ထိုကဲ့သို့ စိတ်ဝင်စားစရာ များပြားလှသည့် ဇာတ်ကားများစွာမျိုးကို အနောက်တိုင်းက ဖန်တီးသည့်နေရာတွင် စိတ်ကူးသည့်အတိုင်း တီဗွီဖန်သားပြင်တွင် အတိအကျ ဖော်ပြနိုင်၏။ တချို့ဇာတ်ကားများက တွေးကြည့်၍ပင် မရလောက်အောင် ဆန်းပြား၏။ ထိုထဲတွင် ကျွန်တော်ကြည့်ဖြစ်သော ဇာတ်ကားများထဲမှ ကြိုက်မိသွားသော ကြိုက်မိခဲ့ဖူးသော ရုပ်ရှင်ဇာတ်လမ်းအချို့ကို သုံးသပ်ချက်ပုံစံဖြင့်လည်းကောင်း ရရှိလိုက်သည့် သင်ခန်းစာ အဖြစ်ဖြင့်လည်းကောင်း ရေးကြည့်ချင်၏။

တခုတော့ ရှိသည်။ ကျွန်တော်ကြိုက်သော ရုပ်ရှင်တော်တော်များများ၏ အဓိက သရုပ်ဆောင်မှာ အမျိုးသမီး ဖြစ်နေတတ်သည်။ ယခုလည်း အမျိုးသမီးသရုပ်ဆောင်ပါဝင်သည့် ရုပ်ရှင်ကိုပင် ပြောကြည့်မည်ဖြစ်သည်။

၁၉၈၈ မှ ယခုထိ ရုပ်ရှင်ဇာတ်ကားပေါင်း ၃၀ ကျော်နှင့် ဇာတ်လမ်းတွဲပေါင်း ငါးခုရိုက်ကူး၍ ဆုပေါင်း ၂၇ ခုတွင် ၁၅ ခု ယာထားခံရဖူးပြီး ဆုပေါင်း ၁၂ ခုတိတိ ရယူထားနိုင်ခဲ့သော ဆွိစ်လူမျိုး သရုပ်ဆောင်မလေး တယောက်ဖြစ်သည့် Noomi rapace ပါဝင်ထားသော What Happened Monday ဆိုသည့် ဇာတ်ကားဖြစ်သည်။ [metaslider id=752]

ဇာတ်လမ်းအကျဉ်းမှာ ကမ္ဘာပေါ်တွင် လူဉီးရေးမြင့်တက်မှုနှုန်း မြန်လာသည်။ ဆယ်စုနှစ်တစ်ခုတည်း တွင်ပင် လူဦးရေ သန်းပေါင်းများစွာ တိုးပွားနေသည်။ ကျောက်ဖြစ်လောင်စာများ ရေများစသည်တို့ကို အဆမတန် အသုံးပြုနေရသည်။ စားနပ်ရိက္ခာ အသုံး ပြုမှုနှုန်းလည်း မြင့်တက်လာသည်။ ထိုကဲ့သို့ ဖြစ်နေသည့် ကြားထဲ သဲမုန်တိုင်းများ မိုးခေါင်မှု ပြင်းထန်လာသည်။ သဲမုန်တိုင်းတွေ ဖြစ်သည်။ စိုက်ပျိုးမြေများပျက်ကုန်သည်။ ထိုကမ္ဘာကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုသည့် ပြဿနာပေါ်လာသည်။ ထိုပြဿနာများအားလုံးကို ဥရောပအစိုးရလက်ထဲ အပ်လိုက်ရပါတော့သည်။ နောက်ဆုံး မိသားစု တစ်စုတွင် သားသမီး တစ်ဦးသာထားရှိရမည်ဆိုသည့် ဥပဒေကို ထုတ်ပြန်လိုက်သည်။ ထိုအထဲမှ မတော်တဆများ အမွှာမွေးခဲ့လျင် အစိုးရမှ တယောက်ကို ခေတ္တခဏ ထိန်းသိမ်းထားသည်။ ထိန်းသိမ်းထားသည်ဆိုသော်လည်း အခြား ဤထက်အစားအစာ ပိုမိုပြည့်စုံသောအခါ ပြန်ထုတ်ပေးမည်ဆိုသည့် ကတိဖြင့် ထိန်းသိမ်းခြင်း ဖြစ်သည်။ သို့သော်လည်း မည်သည့်နေရာ မည်သည့်ဌာနတွင် ထိန်းသိမ်းထားသည်ကို မသိရဘဲ ထိန်းသိမ်းထားသည်ဟူ၍သာ သိကြရသည်။[yikes-mailchimp form=”1″ description=”1″ submit=”Submit”]

ဤကဲ့သို့သော အခြေအနေမှ Mr.Settman ဆိုသူ၏ သမီးမှ (၇) မွှာပူးကို မွေးပါတော့သည်။ ထို (၇) မွှာပူးကြီးကိုလည်း အဘိုးလက်ထဲ အပြီးအပ်ထားခြင်း ခံရပါတော့သည်။ ဤ (၇) မွှာပူးကို အစိုးရဌာနကို အသိမပေးရသေးသဖြင့် Mr.Settman မှ အစီအစဉ်တခု ရေးဆွဲကာ သူ့မြေးမလေးများကို နေ့နံဖြင့် နာမည်သတ်မှတ်သည်။ အိမ်ထဲတွင် လျှို့ဝှက်အခန်းများ ဖွဲ့သည်။ သမီးတွေကို ကောင်းကောင်း လေ့ကျင့်ပေးသည်။ “တဦးတည်းသော ကလေး” ဆိုသည့် လက်ပတ်ကိုလည်း အားလုံး ဝတ်နိုင်အောင် ကြိုးပမ်းသည်။ ပြီးလျင် မိမိနေ့နံအလိုက်ဖြင့် အပြင်သို့ ထွက်ရသည်။ သို့သော်လည်း ကလေးများပီပီ ဆော့ချင် လစ်ချင်ကသည့်ထုံးစံအတိုင်း တနေ့တော့ Thursday ဟာ အပြင်ကို ခိုးထွက်သည်။ ပြန်အလာတွင် သူမ၏ လက်ညိုး ပထမလက်ဆစ်က ကျိုးပဲ့ကာ ပါလာသည်။ ဤကိစ္စနဲ့ ပတ်သက်၍ အဘိုးက Monday မှသည် သူ့မြေးအားလုံး၏ လက်ညိုးကို ဖြတ်ရပါတော့သည်။ နောက်တွင်တော့ ဘယ်သူ့မှ အပြင်ခိုးမထွက်တော့ငြားလည်း အပြင်ထွက်တိုင်း သူတို့အပြင်တွင် တွေ့ကြုံခဲ့သည့် အတွေ့အကြုံကို အားလုံးအား လက်ကောက်ဝတ်မှ ရိုက်ယူသည့် ရုပ်ရှင်ကို ပြန်ပြပေးကြရသည်။

ဤကဲ့သို့ဖြင့် သူတို့ အသက် ၃၀ နားရောက်လာခဲ့ကြသည်။ သူတို့အားလုံး အပြင်သွားတိုင်း Monday နှင့် ပုံစံတူ ပြင်ကြရသည်။ ပြီးလျင် နာမည်ကိုလည်း karen ဟု အတူတူမှည့်ထားသည်။ ရုံးတစ်ခုတွင် အလုပ်လုပ်ကြသည်။ တနေ့ Monday တယောက် အိမ်သို့ ပြန်ရောက်မလာခဲ့ပါ။ မည်သို့ဖြစ်သည် ဟူ၍လည်း မသိရ။ သူတို့စောင့်ကြည့်နေသည့် ခြေရာခံစနစ်ကလည်း ပျောက်သွားသည်။ ထို့အတွက် နောက်နေ့တွင် Tuesday မှ ဆက်၍ ဘာဖြစ်သွားသည်ကို စုံစမ်းဖို့ ရုံးကို ထွက်ခဲ့သည်။ “တစ်ဦးတည်းသော ကလေး” ဆိုသည့် စစ်ဆေးစက်များတွင် လက်ကောက်ဝတ်မှ လက်ပတ်ကလေးကို စစ်ဆေးသည့် နေရာများ တွေ့ဆုံရသည့်လူများက ထိုနေ့ Karen အဖြစ်ဖြင့် ထွက်လာသော Tuesday အတွက် ကြောက်စရာ ဖြစ်နေသည်။ Tuesday အဖမ်းခံရသည်။ အိမ်တွင် ကျန်သည့် ငါးယောက် ကမ္ဘာပျက်ရလေပြီ။ Tuesday နှင့် အဆက်အသွယ်ပြတ်တောက်သည်။ မကြာမတင်တွင် သူတို့အိမ်သို့ ကျူးကျော်သူများ ရောက်လာသည်။ သူတို့ပုန်းသည့်နေရာကို လွယ်ကူစွာတွေ့၍ တိုက်ခိုက်မှု ဖြစ်သည်။ Sunday သေသည်။ နောက်နေ့ Wednesday အပြင်ထွက်သည်။ အဖြစ်အပျက်ကို စုံစမ်းရင်း အသတ်ခံရပြန်သည်။ Saturday တယောက် ရဲအရာရှိနှင့် ထပ်မံပတ်သက်ရကာ အပြင်ထွက်ရသည်။ ထိုရဲအရာရှိသည် သူတို့ထဲက တယောက်ယောက်နဲ့ ချစ်သူအဖြစ် အပြင် နည်းနည်းပို၍ အတူနေသည်။ Monday ဟု သဲလွန်စရသည်။ Friday က Computer ဖြင့် ရဲအကောင့်မှ ဝင်ဟက်ရင်း ထောင်ထဲတွင် သူတို့တယောက်ရှိနေသည်။ ထိုတွင် Saturday တယောက်ထပ်အသတ်ခံရပြန်သည်။ အိမ်တွင် နှစ်ယောက်ကျန်သည်။ ရဲများရောက်လာသည်။ ထွက်ပေးရင်း Friday က ထွက်မပြေးဘဲ ကျန်ခဲ့ပြီး အိမ်ကို ဖောက်ခွဲကာ အသေခံသည်။

Thursday တယောက်သာ ကျန်တော့သည်။ ခုနင်က သူတို့စုံစမ်းရင်း ထောင်ထဲတွင် သူတို့ညီအစ်မထဲမှ ထောင်ထဲတွင် တစ်ယောက်ရှိနေသည်ကို တွေ့ထားသည်။ Thursday က ထိုတယော်ကို Monday ၏ ချစ်သူဖြစ်သူရဲနှင့် သွားကယ်သည်။ ထိုတယောက်မှာ Monday မဟုတ်ဘဲ Tuesday ဖြစ်နေသည်။ ထို့နောက် မွေးချင်းအမွှာများအား မည်ကဲ့သို့ လုပ်လိုက်သည်ကို စုံစမ်းသိရှိရသည်။ ထို့အတူ ပျောက်သွားသည့် Monday ဘာလုပ်နေသည်ကိုလည်း သိလိုက်ရသည်။ ဤကဲ့သို့ လုပ်နေသည်ကို နောက်ဆုံး သူတို့ အစိုးရဌာနအကြီးအကဲ မိန့်ခွန်းပြောနေသည့် နောက်ခံ Screen ပေါ်သို့ တင်နိုင်ခဲ့သည်။

ဇာတ်လမ်းကတော့ ဤမျှသာ ဖြစ်သည်။ ရုပ်ရှင်နာမည်အတိုင်း ဘာဖြစ်တာလဲ တနင်္လာဟုပင် ပြောရပါတော့မည်။ တကယ်လည်း Monday ဘာဖြစ်ခဲ့သနည်း။ ဘာလုပ်ခဲ့သနည်းက စိတ်ဝင်စားသည်။ လူဆိုသည်မှာ သူများခိုင်းသည့်အလုပ် မလုပ်ချင်။ သူများနဲ့ ပုံစံတူ မနေချင်။ သူများဘဝအတိုင်း မဖြစ်ချင်ကြပါ။ ဤကဲ့သို့ အနေအထားတွင် လူခုနှစ်ယောက်က လူတယောက်တည်းပုံစံ နေရသည်။ ထိုအထဲတွင်မှ မိန်းကလေးများ ဖြစ်ရပြန်သည်။ မိန်းကလေးဘာဝ ဖြစ်တတ်သည့် စိတ်အနေအထားကလည်း ရှိသေးသည်။ တယော်က တရက်သာ လုပ်ရသော်လည်း Monday တွင် ချစ်သူ ရှိလာသည်။ ချစ်သူနဲ့အတူအိပ်သည်။ ကိုယ်ဝန်ရှိလာသည်။ မိဘဖြစ်တော့မည်။ မိဘ၏ သားသမီးအပေါ် ချစ်မည့်အတ္တတွေ ပေါ်လာပါတော့သည်။ ထို့အပြင် သူရထားသည့် ကိုယ်ဝန်က အမွှာ။ ဆိုတော့ ညီအစ်မအချင်းချင်းကို ချနင်းသည်။ ရုပ်ရှင်ထဲကလို နောက်တွင် အလိုလိုနေရင်းကြောက်နေရနိုင်သည်။ ကျောက်ဖြစ် ရုပ်ကြွင်းလောင်စာများ ကုန်သွားမည်။

အနောက်တိုင်း ရုပ်ရှင်တိုင်းတွင် မေးတတ်သည့် မေးခွန်းမှာ “အစီအစဉ်က ဘာလဲ” ဖြစ်သည်။ အားလုံးတိုင်းလိုလို ပြန်ဖြေကသည့်အဖြေကလည်း “အစီအစဉ်က ငါပဲ” ဆိုတာမျိုး ဖြစ်တတ်သည်။ အကြိုက်ဆုံးစကားလုံးတွေ အဖြစ်အပျက်တွေကတော့ ထိုအစီအစဉ်ဆိုသည်ကို ပရမ်းပတာလုပ်ပြခြင်း ဖြစ်သည်။ ဘာကြောင့်ကြိုက်သလဲမေးလျင် ကြိုက်၍ ကြိုက်ပါသည်ဟုဖြေရမည့် ရုပ်ရှင်ဖြစ်သည်။ ပြောကြည့်ရလျှင် အနောက်ရုပ်ရှင်ထုံးစံအတိုင်း ဟာကွက်မရှိအောင် ကြိုးစားသည်။ စကားလုံး ကျစ်လစ်သည်။ ကြည့်သူအကြိုက်ဖြစ်အောင် ရိုက်နိုင်သလို ကြည့်သူ ထင်မထားအောင်လည်း ရိုက်နိုင်သည်။ လူတွေ၏ အတ္တကို ထင်းထင်းလင်းလင်း ရိုက်ပြနိုင်သည်။ အစိုးရအလိုကျ တဝေမတိမ်းလိုက်လုပ်သည့် နောက်လိုက်များကိုလည်း ရိုက်ပြမြဲရိုက်ပြသည်။ အမှားကြီး ဆုံးဖြတ်ချက်ကိုလည်း မှန်သည်ဟု လက်ခံသူက လက်ခံကြသည်။

Related Posts

  • အဓမ္မဘက်တော်သားများ

  • အာဏာသိမ်းမှု မအောင်မြင်စေရ

  • Before and After Coup

Recent Posts

  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ
  • Before and After Coup
  • တာဇံတောလား
  • ကူနီကျော့စံကွန်း
  • Hot December

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress