• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

တြိဇုန်

လွန်ခဲ့တဲ့ ရက်များက ပြင်ဦးလွင်က ဆရာပီတာ နောင်တောင်းမှာ သင်တန်းလာပေးတယ်။ သူက ခဏနားလိုက်တိုင်း စာရေးရေးဖြစ်တယ်လို့ ပြောတယ်။ ဒါနဲ့ သူ့ကို ပလေတို ပြောတဲ့ စာရေးတဲ့ နတ်နိုးထလာပြီပေါ့လို့ ပြောလိုက်သေးတယ်။ ကိုယ်က အခု စာရေးချင်နေတာ။ စာရေးတဲ့နတ်က မနိုးဘူး။ ရေးလိုက်တိုင်း ပြန်ပြန်ဖျက်လိုက်တယ်။ ကိုယ်ရေးတဲ့ အကြောင်းအရာတွေကလည်း အားလုံးသိပြီးသားချည်းဖြစ်နေတာကိုး။ ဆိုတော့ မရေးချင်ဘူး။ မရေးချင်ပြန်တော့လည်း ဒီလတော့ဖြင့် စာကလေး ဘာကလေး ရေးဦးမှလို့ ကိုယ့်မသိစိတ်က ကိုယ့်ကို ထပ်ထပ် သတိပေးနေတယ်။ တလောက သံလျင်ဘက်ကို မြန်မာနိုင်ငံအတွင်းရှိ ဘကကျောင်းများ သုတေသနလုပ်ဖို့ သင်တန်းသွားတက်တုန်း အပြန်မှာ ကားတစ်စီးတည်းစီးလာတဲ့ ကိုယ်တော်လေးတပါးက ပြောတယ်။ သုတေသနလုပ်နည်း သင်တန်းပေးဖို့ စီစဉ်ပေးတဲ့ ဆရာဦးခင်မောင်ဝင်းဟာဖြင့် စကားကြွယ်ဝဖို့ စာများများရေးရမယ်လို့ ပြောတယ်။ စာများများရေးဖို့က စာများများဖတ်ရမယ်တဲ့။ ကိုယ်က စာများများ ဖတ်မထားတော့ မရေးနိုင်တော့ဘူးပေါ့။ မရေးဘူးဆိုပြန်တော့လည်း မသိစိတ်က ရေးမှ ဖြစ်မယ်လို့ ပြောပြောနေတာနဲ့ ရေးလိုက်ပါဦးမယ်။

သင်တန်းထဲကို နောင်တောင်းဗုဒ္ဓကောလိပ်က ဦးပညာလာလည်တယ်။ သူက နံရံမှာ ကပ်ထားတဲ့ ဇုန်သုံးဇုန် သင်ထားပုံကိုကြည့်ပြီး ပြောတယ်။ ကိုယ်က ဇုန်သုံးဇုန်မှာ သက်တောင့်သက်သာဇုန်ကို ကာမသုခလ္လိကာနုယောဂ၊ မသက်တောင့် မသက်သာဇုန်ကို မဇ္ဈိမပဋိပဒါနှင့် အန္တရာယ်ဇုန်ကို အတ္ထကိလမထနုယောဂဆိုပြီး သုံးထားတာကို သတိထားမိပြီး ပြောသွားတယ်။ ဇုန်သုံးဇုန်ကို အဲလိုကာမသုခလ္လိကာနုယောဂစတာတွေနဲ့ နှိုင်းပြီးသင်လိုက်တော့ ရှင်းသွားတာပဲ။ ကာမစည်းစိမ်ကို ခံစားချင်တယ်။ ဘုရားရှင်ရဲ့ ဘဝနဲ့များ ပြောရရင် မင်းစည်းစိမ်ကို ခံစားတဲ့ဘဝပေါ့။ ရှင်းသွားတာပဲ။ ဘိုလိုမှ အထင်ကြီးသူတွေအတွက် Comfortable Zone လို့ပြောလိုက်တာပေါ့။ မသက်တောင် မသက်သာဇုန်ကိုတော့ မဇ္ဈိမပဋိပဒါလို့ ပြောတယ်။ အလယ်အလတ်လမ်းကိုလိုက်ရမယ်။ ပြောနေကျ စကားထဲက ကောင်းတဲ့ စကားကို ရွေးပြောမယ်။ လုပ်နေကျ အလုပ်ထဲက ကိုယ့်အတွက် တိုးတက်မယ်ထင်တဲ့ ကောင်းတဲ့အလုပ်ကို ရွေးလုပ်မယ် စသဖြင့်ပေါ့။ အဲလိုကျပြန်တော့ ရှင်းရနည်းနည်းခက်သလိုရှိတတ်တယ်။ ဆိုရင် စာရေးဆရာ ကျော်ဝင်းရေးထားတဲ့ ၂၁ ရာစု သားရွှေဉစာအုပ်ထဲက Courage Zone ကလေးနဲ့ ရှင်းပြတာပေါ့။ တိုးတက်ချင်ရင်တော့ သက်တောင့် သက်သာဇုန်ကနေ တိုးထွက်ခဲ့ရမှာပဲ ဆိုတာလေးလေ။ သင်တန်းမှာတော့ Dis-comfortable Zone လို့ပြောတယ်။ နောက်တခုက အတ္ထိကလမထာနုယောဂပါပဲ။ အန္တရာယ်ဇုန်လို့ဆိုသကိုး။ လုပ်ဆိုပေမယ့် လုပ်သင့်တာကို ကျော်လွန်ပြီးလုပ်တာ။ ပြင်းပြင်းထန်ထန်လုပ်တာကို ရှင်းပါတယ်။ ပါဠိလို နားလည်ထားရင်တော့ ရှင်းစရာ မလိုပါဘူး။[metaslider id=703]

တိုးထွက်ဖို့ ရှင်းတာကျတော့ Egde နဲ့ ရှင်းရင်ပိုကောင်းတယ်။ လူတွေဟာ သက်တောင့် သက်သာ ဖြစ်ခြင်းဆိုတဲ့ အစွန်းကို မကျော်နိုင်ဘူး။ အောင်မြင်ချင်ရင်တော့ အဲဒီအစွန်းကို ကျော်ကို ကျော်ရမှာပဲ။ နောက်ထပ် စကားတခွန်းနဲ့ ထပ်ပြောရရင်တော့ လူတွေဟာ သူတို့ အစွမ်းအစကို ၁၀% ထက်ပိုပြီးသုံးလိုက်မယ်ဆိုရင် မအောင်မြင်ဘူး ဆိုတာ မရှိဘူးပေါ့။ နောက်ထပ် Quotation တခုနဲ့ ထပ်ပိုးလိုက်ရရင်ဖြင့် လူတွေမှာ သတ္တိကလေး နည်းနည်းလိုနေတာနဲ့ ကမ္ဘာမှာ သူရဲကောင်းတွေ အများကြီးဆုံးရှုံးရတယ်ပေါ့ဗျာ။ ဒါပဲ။

 

သင်တန်းမှာ သင်ရင်အဆင်ပြေအောင် လျှောက်ရေးတာ။

Related Posts

  • တာဇံတောလား

  • ကူနီကျော့စံကွန်း

  • Hot December

Recent Posts

  • တာဇံတောလား
  • ကူနီကျော့စံကွန်း
  • Hot December
  • သာမဏောဝါဒ (၁)
  • ဘေးကပ်ရက်ခုံလေးများ (၆)
  • Enneagram Relationship Three and Four

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress