• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Trends မိခြင်း မမိခြင်း

ဟောဒီ ဒွန္နယာကြီးမှာ trends လိုက်ရက်ကယ်နဲ့ trends မမိတဲ့သူဆိုလို့ ကိုယ့်တယောက်တည်း ရှိမယ်ထင်ပ။ သက္ကရာဇ် ၂၀၀၀ မှာ လူတွေဟာ ကွန်ပျူတာဆိုတဲ့အပေါ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်ကြတယ်။ အဲဒီအတွက် trends မိချင်တဲ့ကိုယ်ဟာ ၂၀၀၂ မှ ကွန်ပျူတာဆိုတာကို အဖြူလား အမည်းလားကွဲတယ်။ အားလုံးက Web Web နဲ့ စကားပြောနေကြချိန်မှာ ၂၀၀၄ မှပဲ ကိုယ်ဟာ HTML, JavaScript နဲ့ PHP ဆိုတာကို သိခဲ့တယ်။ တတ်သလောက် မှတ်သလောက် http://jjqqyy.blog.co.uk ဆိုပြီး မတတ် တတတ်နဲ့ အွန်လိုင်းပေါ်မှာ မြန်မာစာမရလို့ ဓာတ်ပုံကြီးနဲ့ တင်ခဲ့ဖူးသပေါ့။ သူများတွေက MIRC နဲ့ ကျူနေချိန်မှာ ကိုယ့်မှာ ၂၀၀၅ မှ အော် ဟိုဘက် ဒီဘက်စကားပြောလို့ရသဟလို့ သိခွင့်ရခဲ့တယ်။ သူများတွေက gmail စတာတွေ ဖြစ်နေချိန် ကိုယ့်မှာ [email protected] နဲ့ ဘယ်သူ့ကို စာပို့ရမှန်းမသိဖြစ်နေပြီးကာမှ ယောင်တိယောင်ကန်းလေးနဲ့ ၂၀၀၆ မှာ [email protected] ဆိုတဲ့ google mail လေးရခဲ့ရရှာတယ်။ Blogger Blogger နဲ့ ဘလော့ဂါဘယ်သူ ဘယ်ဝါဆိုပြီး နာမည်တစ်လုံးနဲ့ အားလုံး ဆရာကြီးလုပ်နေချိန်ကိုယ့်မှာ ဘာမှန်း မသိသေးဘူး။ www.plent.net.mm နဲ့ www.bagan.net မှာ စာဖတ်တတ်ရင်ကိုပဲ အင်တာနက်သုံးတတ်ပြီ ထင်နေတာ။ ၂၀၀၇ မှ http://jjqqyy.blogspot.com ဆိုပြီး ဖြစ်ရတယ်။ (ဒီဝက်ဆိုက်ကို ၂၀၁၀ မှာ ဖျက်ခဲ့တယ်) ၂၀၀၈ မှာတော့ mysuboo တို့ http://jjqqyy.multiply.com နဲ့ http://friendsdaygroup.ning.com မှာ ဟိုရေး ဒီရေး လုပ်နေချိန် သူများတကာတွေ facebook မှာ mafia game ကစားနေကြပြီ။ ကိုယ်က wordpress မှာ CMS ဆိုတာတွေနဲ့ ရွာလည်တုန်း။ ၂၀၀၉ မှ ကိုယ်လည်း ပျင်းပျင်းရှိလို့သာ facebook acc ဖွင့်မိတာ။ ဒါတောင် mafia ဆော့ဖို့သာရယ်။ အဲဒီနောက် jjqqyy.genius.com နဲ့ jjqqyy.mylovecafe.com ဆိုပြီး လုပ်ဖြစ်ရင်းကနေ အွန်လိုင်းလောကမှာ trends နောက် ကောက်ကောက်ပါအောင် လိုက်ခဲ့တယ်။

ကွန်ပျူတာလောကမှာ CD လေး Burn ဖို့။ MP4 လေး MP3 ပြောင်းဖို့လည်း ကိုယ့်မှာ တော်တော်လေး trends မီအောင် လိုက်ခဲ့ရတာပါ။ Movies လေးလုပ်တတ်ဖို့ စာတန်းလေးထိုးတတ်ဖို့ စတာတွေလည်း မနည်းကြိုးစားခဲ့ရတယ်။ ဟော ခု trends တစ်ခု လိုက်ချင်နေတယ်။ ဘယ်လိုလိုက်လိုက် မမိဘူး ဖြစ်နေတယ်။

Encode လုပ်တာ။ သူများ ရရင် ငါရရမယ်ဆိုပြီး Googling တာလည်း လက်တောင် အံသေနေပြီ။ youtube မှာ ရှာတာလည်း ဖန်တရာတေနေပြီ။ မရသေးဘူး။

စစချင်း VLC Player နဲ့ Encode လုပ်တယ်။ သူတို့ လမ်းညွှန်တဲ့အတိုင်း media> Strem ကနေ Movies ကိုသွားယူတယ်။ Youtube ကနေ ခိုင်းသမျှ အကုန်လိုက်လုပ်တယ်။ ကိုယ်ကလည်း စမ်းရင် သီချင်းတိုတိုလေးနဲ့ မစမ်းဘူး။ မိနစ်လေးဆယ်ကျော်တဲ့ Series တစ်ခုနဲ့ကို စမ်းတာ။ နောက်ဆုံးပြီးတယ်။ ကိုယ့်ကွန်ပျူတာမှာ ကိုယ်ကြည့်တာရတယ်။ Gom Player နဲ့။ အဲ VLC နဲ့လည်း ပြန်ကြည့်ရော။ Unicode က Convert မဖြစ်ဘဲ ဖတ်မရတဲ့ ကမောက်ကမစာကြီးသာ ပေါ်နေပါလေရောလား။ ဒါနဲ့ VLC နဲ့ ဘယ်လိုကြိုးစား ကြိုးစား မရတာနဲ့ Software ပြောင်းဖို့ စဉ်းစားရတယ်။

MKVToolNix GUI ဆိုတဲ့ Software နဲ့ စမ်းတယ်။ သူက လွယ်လည်းလွယ်တယ်။ မြန်လည်း မြန်တယ်။ ဒါနဲ့ ကြည့်တယ်။ gom player နဲ့ရတယ်။ VLC, Windows Player လား။ sorry ပါပဲ။

နောက်တစ်ခုက HandBrake GUI ဆိုတဲ့ software နဲ့။ ရမလိုလိုနဲ့ လမ်းတဝက်လည်း ရောက်ရော ပိုက်ဆံတောင်းပါရော့လား။ ဒီတော့ Uninstall ဆုပေးအပ်လိုက်တယ်။ ရရမယ်။ မရသမျှ ငါမထ။ အဲလိုတော့ မပြောပါဘူးလေ။ သူများတွေရနေတာ၊ ငါဘာလို့ မရရရမှာလဲပေါ့။ Googling တယ်။ Youtube တယ်။

Avidemux  နဲ့ ဆက်လုပ်တယ်။ No၊

Format Factory လား လာခဲ့။ Nope၊

Vidcoder နဲ့ ထပ်စမ်း။ Nil၊

Tencoder, MEGUI စသဖြင့် သိမီသလောက် Encode ဘယ်လောက် ကုတ်ကုတ် Unicode ဟာ Gom Player မှာပဲ ရပြီး VLC စတဲ့ အခြားသော Player မှာ မဖော်ပြနိုင်ဘူး။

Zawgyi နဲ့ ပြန်ပြီး Convert လုပ်ရအောင်ကလည်း ဖိုင်က တချို့ဂဏန်းတွေပါ ပြောင်းကုန်မှာ။ Zawgyi နဲ့ မလုပ်ချင်ဘူး။ ကိုယ်က Unicode ကို အပြစ်သာ ပြောနေတာ။ သူ့ကိုပဲ ၂၀၁၅ လောက်ကတည်းက တစိုက်မတ်မတ်သုံးလာတော့ ဇော်ဂျီကို သဘောမကျဘူး။ ဇော်ဂျီနဲ့ စာလည်း မရိုက်တတ်ဘူး။ Trends မီချင်တာလေ။ ရိုးရိုးရုံးစာတွေကို အရင်တုန်းက ရိုက်နေကျဖြစ်တဲ့ Win စတာတွေနဲ့ လာရိုက်ခိုင်းရင် ရွာလည်ရော။ အဲတော့ Unicode မှ Unicode လို့များ Encode မှာ အဆင်မပြေတာလားက စိတ်ထင့်မိပြန်ရော။ သို့ငြား သူများ encode စာလုံးပုံစံကို ကြည့်ပြန်တော့ Unicode ဖြစ်နေတယ်။

ဆိုတော့ တောမှာနေပြီး trends လိုက်နေရင်တော့ မေှာ်ရုံတောမှာ မောရုံပဲ ဆိုသလို ဖြစ်နေပေါ့။ တောမှာ နေပြီး ခြံမပေါက်ဘဲ trends တွေ သွားလိုက်နေမှတော့ ခံပေါ့ လို့ပဲ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း ထပ်ပြီး လုပ်ကြည့်ဦးမှာပဲ။ မရမချင်းပဲ။

လုပ်ကြည့်ရဦးမယ်ပ။

Post navigation

နွားတွေဟာ စကားပြောလို့ မရနိုင်ဘူး
သဘောထားထုတ်ပြန်ချက်

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress