• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

သူတို့ပြောတာတွေ

ရက်ငါးဆယ်သင်တန်းက သူတို့ ဘာကို ဘယ်လို ရတယ်ဆိုတာကို ပြောထားတဲ့ စကားတွေပါ။ အရင်က 5 Minute Lecture ကလည်း အဲဒါပါပဲခင်ဗျာ။ မှတ်တမ်းတင်ထားတဲ့ သဘောပါ။
IMG_0597
Challenge Game
ဘယ်အရာမဆို အတူတကွ လုပ်ဆောင်မှ အောင်မြင်နိုင်မှာပါ။ တခါတလေကျရင် ကိုယ့်တစ်ယောက်တည်း လုပ်နိုင်တယ် ဆိုပေမယ့် အားနည်းချက် အနည်းနဲ့ အများရှိမှာပဲ။ အဲဒါကြောင့် လူတွေနဲ့ စည်းစည်းလုံးလုံး အတူတကွ လုပ်ဆောင်မှ အောင်မြင်မယ်ဆိုတာ သိရပါတယ်။
အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် အတူတကွ လုပ်ဆောင်မှ ပူးပေါင်းပါဝင်မှ အောင်မြင်မှု ရမယ်ဆိုတာ သိရပါတယ်။ အတူတကွ လုပ်ဆောင်ခြင်းက ကျွန်မ အနာဂတ်အတွက် အရေးကြီးလို့ ကြိုက်ပါတယ်။
ကျွန်တော်အတူတကွ လုပ်ခြင်းကို ကြိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတူတကွလုပ်ခြင်း အားဖြင့် ကိုယ့်အားနည်းချက်ကို သိပြီး ပြုပြင်နိုင်မယ်။ ရှေ့ဆက်လည်း ကောင်းသွားမယ်။
အဲဒီလို အတူတကွ လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုကို ရရှိလာတာကို သိရပါတယ်။ အတူလုပ်ဆောင်ခြင်းကြောင့် အလုပ်တွေ ပြီးမြောက်လွယ်တယ်။
ဘယ်အလုပ်မဆို တစ်ယောက်တည်းလုပ်ရင် အောင်မြင်ဖို့ ခဲယဉ်းတယ်။ ဒါကြောင့် အတူတကွ လုပ်ဆောင်တဲ့ အလုပ်ကို နှစ်သက်တယ်။ ကျွန်တော်တို့ Web Game ကစားသလိုပေါ့။ တစ်ယောက်တည်းလုပ်နေရင် ဘယ်တော့မှ မအောင်မြင်ဘူး။
အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် ကိုယ်တစ်ယောက်တည်းပဲ မလုပ်ဘဲနဲ့ အတူတကွ ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီး လုပ်ဆောင်မှ အောင်မြင်မှု ရလွယ်မယ်။ ပျော်ရွှင်မှုလည်း ရှိမယ်ဆိုတာ နားလည်သဘောပေါက်လာပါတယ်။
အလုပ်တစ်ခုလုပ်တော့မယ် ဆိုရင် စည်းလုံးညီညွှတ်ဖို့လိုတယ်။ အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် ကိုယ့်တစ်ယောက်တည်း လုပ်တာထက် အများနဲ့ အတူလုပ်မှ အောင်မြင်နိုင်တယ်။
Four Direction
ကိုယ့်ရွေးလိုက်တဲ့ အကောင်ရဲ့ အကျင့်စရိုက်နဲ့ ကိုယ့်အကျင့် စရိုက်တူနေလို့ ကြိုက်ပါတယ်။
3 Zone

IMG_0004
ကိုယ်နေတဲ့ ဝန်းကျင်မှာ အမြဲ နေမနေဘဲ ဝန်းကျင်ကို တဖြည်းဖြည်း ချဲ့ထွင်မှသာလျှင် ကိုယ့်ဘဝ အောင်မြင် တိုးတက်မယ်။ ချဲ့တဲ့နေရာမှာလည်း အန္တရာယ် မဖြစ်စေတဲ့ အနေအထားမှာ ရှိနေရမယ် ဆိုတာကို ကိုယ်က စဉ်းစားနိုင်ရမယ်လို့ သင်ခန်းစာ ရရှိပါတယ်။
River of life
ဒီသင်ခန်းစာကို သင်ယူလိုက်ရတဲ့ အချိန်မှာ မိမိရဲ့ ခံစားချက်ကိုသာမက သူတပါးရဲ့ ခံစားချက်တွေကိုပါ သိလိုက် ရပါတယ်။ ပြီးတော့ ကိုယ်ချင်းစာစိတ် စာနာနားလည်စိတ်တွေ ကိုလည်း ဖြစ်ပေါ်စေပါတယ်။
ကျွန်တော့် ဘဝအကြောင်းကို တနေ့နေ့ တချိန်ချိန် ပြောရလိမ့်မယ်လို့ ကျွန်တော် ရည်မှန်းခဲ့တာ (၁၈) နှစ်လုံးလုံး ရှိခဲ့ပြီ။ အခု ကျွန်တော့် သူငယ်ချင်းတွေဆီကို ကျွန်တော့် အကြောင်း ရင်ဖွင့်ခွင့်ရတဲ့အတွက် အရမ်းလည်းဝမ်းသာ အရမ်းလည်း ကျေးဇူးတင်ပါတယ်။
သူငယ်ချင်းတွေရဲ့ အကြောင်းကို သိရတယ်။ ကိုယ့်ရဲ့ ဘဝအကြောင်းကိုလည်း မျှဝေခွင့်ရတဲ့ အတွက် ရင်ထဲမှာ အေးမြ ပေါ့ပါးသွားတယ်။ သူငယ်ချင်းတွေနဲ့အတူ လိုက်ပြီး ငိုဖြစ်သလို လိုက်ပြီး ရယ်ဖြစ်တယ်။
သူငယ်ချင်း အကြောင်းတွေ သိရတယ်။ မျိုသိပ်ထားရတဲ့ အကြောင်း တချို့ကိုလည်း ရင်ဖွင့်ခွင့်ရတယ်။ သူများကို ပြောပြ လိုက်တော့ ရင်ထဲ ပေါ့ပါးသွားတယ်။ သူငယ်ချင်း အကြောင်းတွေမှာ တချို့က ဝမ်းနည်းစရာ ကောင်းတယ်။ တချို့က ဝမ်းသာ စရာကောင်းတယ်။ ကိုယ်လည်း ကိုယ်ချင်းစာတတ်လာတယ်။ အားပေး စကားတွေ ပြောချင်တယ်။
ကိုယ့်စိတ်ထဲမှာ သိမ်းထားရတဲ့ အရာကို ထုတ်ဖော်ခွင့်ရတဲ့ အတွက် တယောက်အပေါ် တယောက် နားလည်လာတယ်။ တယောက်ရဲ့ အားနည်းချက် အားသာချက်ကို သိရတယ်။ ကိုယ့် ရင်ထဲ ခံစားရတဲ့အတိုင်း ထုတ်ဖော်ခွင့်ရတယ်။

IMG_00081
ဒီသင်ခန်းစာကြောင့် ကိုယ့်အကြောင်း သူငယ်ချင်း အကြောင်းကို သိရပြီး နွေးထွေးသော မိသားစုစိတ်ဓာတ် ခင်မင်မှု နားလည်မှုတွေ ရရှိလာပါတယ်။
ကိုယ့်အကြောင်းကိုလည်း ရင်ဖွင့်ခွင့်ရတယ်။ သူငယ်ချင်း အကြောင်းကိုလည်း သိခွင့်ရလို့ ဒီသင်ခန်းစာကို ကြိုက်တယ်။
ကိုယ့်ဘဝမှာ အခက်အခဲ ပေါင်းစုံ ရှိနေတာကို သူငယ်ချင်းဆီ ရင်ဖွင့်ခွင့်ရလို့ အရမ်းဝမ်းသာတယ်။ စိတ်ထဲမှာ ပေါ့ပါးသွားတယ်။ သူငယ်ချင်းဆီက အားပေးစကားတွေ ကြားရတဲ့ အတွက်လည်း ဝမ်းသာတယ်။
ဒီသင်ခန်းစာကို ကြိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ခံစားနေရတဲ့ ရင်ထဲက ဝေဒနာကို ထုတ်ဖော်ပြော ဆိုခွင့် ရတဲ့အတွက်ကြောင့်ပါ။ သူငယ်ချင်းတွေရဲ့ အကြောင်းကြားပြီးတော့ သူတို့ကိုလည်း  ပိုစာနာမိတယ်။
ကျွန်မတို့တတွေ တယောက်အကြောင်း တယောက် ရင်ဖွင့်ခွင့်ရတယ်။ တချို့က အရမ်းခံစားနေရတယ်။ တချို့က အရမ်း ပေါ့ပါးနေတယ်။ အားလုံးကို ထုတ်ဖော်ပြောခွင့်ရတဲ့ အတွက် ရင်ထဲ တော်တော်လေး ပေါ့သွားတယ်။

Related Posts

  • ကူနီကျော့စံကွန်း

  • Hot December

  • သာမဏောဝါဒ (၁)

Recent Posts

  • ကူနီကျော့စံကွန်း
  • Hot December
  • သာမဏောဝါဒ (၁)
  • ဘေးကပ်ရက်ခုံလေးများ (၆)
  • Enneagram Relationship Three and Four
  • အညောင်းပြေ အညာပြေ လမ်းသလားခြင်း

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress