လွယ်တာမို့လို့ လွယ်တယ်လို့ပြောရတာပါ။ လွယ်တာတောင်မှ လွယ်ပါတယ်လို့ဖြစ်ပါတယ်။ လွယ်တယ်လို့ တိုတိုဖြေရင် လွယ်ပေမယ့် သိပ်မလွယ်သလိုဖြစ်နေလို့ လွယ်ပါတယ်လို့ “ပါ” ထည့်ပြီး လွယ်ပြလိုက်တာပါ။ မြန်မာနိုင်ငံမှာ ရှေးလူကြီးရော ယခုလူကြီးများပါ ပြောကြတာရှိပါတယ်။ စာဖတ်ပါ စာဖတ်ပါတဲ့။ ဖတ်ရမယ့်စာတွေ သူများအတွက်တော့ မသိဘူး။ ကိုယ့်အတွက်တော့ ရှားပါတယ်။ ဖတ်လိုက်တဲ့ စာအုပ်တိုင်းကလည်း ကိုယ့်ကို လာအမိန့်ပေးနေတဲ့ စာတွေများတယ်။ ဒီတော့ စာသိပ်မဖတ်ချင်ဘူးဗျာ။ စာဖတ်တယ်ဆိုတာ လူညံ့တွေအလုပ်ဖြစ်အောင် မြန်မာနိုင်ငံ စာရေးဆရာတွေက ရေးကြတာ။ ဘယ်လိုမနေနဲ့ ဘယ်လိုနေ ဘယ်လိုနေတာ ဘယ်လိုလူစားမျိုးမှ ဖြစ်တာဆိုတော့ စာဖတ်ရင်းကိုယ့်မှာ လူညံ့ကြီးဖြစ်ရတာကိုးဗျ။ ကိုယ်က ညံ့လို့လည်း ဖြစ်ကောင်း ဖြစ်နေလို့လည်း ဖြစ်ချင်ဖြစ်နေမှာပေါ့လေ။ အံမယ် အပြောအဆိုကိုက ကိုယ်က တော်နေသယောင် ဘာယောင်ယောင်။ ဘာမှမဖြစ်တာကို ထောက်ခြင်းအားဖြင့် ဘာမှမတော်ဘူးဆိုတာကိုတော့ ဝေးဝေးတခါ ကိုယ့်ကိုယ်ကို ပြန်သိပါတယ်။ သိပေမယ့် ကိုယ့်ကိုယ်ကိုဆိုတော့ မသိချင်ယောင်ဆောင်ရတာပေါ့။ ဒါပေမယ့် မသိရင်မရတော့ အဖြစ်အပျက်တွေကို ခေတ်ကာလက ယူလာပါပြီ။ ခေတ်က ပြောင်းနေတာကိုး။ ခေတ်လို့ပြောတော့ ဆရာတာရာမင်းဝေရဲ့ မီးတောက်ရစ်သမ်ကဗျာထဲက ဘာပဲဖြစ်ဖြစ် ကျောက်ခေတ်၊ ကြေးခေတ် နျူကလီးယားကင်ဆာ၊ အနာဂတ်ခေတ် အားလုံးအတွက် သေချာတဲ့ ငါ့ ကြေငြာချက်ကတော့ နင့်ကို ထာဝရချစ်နေမယ်ဆိုတာပါပဲ။ ဆိုတဲ့ကဗျာကိုတောင် ပြေးသတိရမိသွားသေးရဲ့။ ခေတ်ဆိုတာ အဲလိုပြောင်းနေပေမယ့် လူကတော့ ထာဝရရှိနေမှာမို့ လူကလည်း ခေတ်ကိုနောက်လိုက်ရမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မဂ္ဂဇိန်တစ်စောင်မှာ ဖတ်ဖူးတာက လူတယောက်ဟာ သည်လိုထွန်းကားလာတာကို ဆန့်ကျင်တဲ့အနေနဲ့ လက်နှိပ်စက်ပဲသုံးတယ်။ လျှပ်စစ်စတာတွေနဲ့ ဝေးဝေးနေတယ်လို့တော့