လွန်ခဲ့တဲ့ ရက်များက ပြင်ဦးလွင်က ဆရာပီတာ နောင်တောင်းမှာ သင်တန်းလာပေးတယ်။ သူက ခဏနားလိုက်တိုင်း စာရေးရေးဖြစ်တယ်လို့ ပြောတယ်။ ဒါနဲ့ သူ့ကို ပလေတို ပြောတဲ့ စာရေးတဲ့ နတ်နိုးထလာပြီပေါ့လို့ ပြောလိုက်သေးတယ်။ ကိုယ်က အခု စာရေးချင်နေတာ။ စာရေးတဲ့နတ်က မနိုးဘူး။ ရေးလိုက်တိုင်း ပြန်ပြန်ဖျက်လိုက်တယ်။ ကိုယ်ရေးတဲ့ အကြောင်းအရာတွေကလည်း အားလုံးသိပြီးသားချည်းဖြစ်နေတာကိုး။ ဆိုတော့ မရေးချင်ဘူး။ မရေးချင်ပြန်တော့လည်း ဒီလတော့ဖြင့် စာကလေး ဘာကလေး ရေးဦးမှလို့ ကိုယ့်မသိစိတ်က ကိုယ့်ကို ထပ်ထပ် သတိပေးနေတယ်။ တလောက သံလျင်ဘက်ကို မြန်မာနိုင်ငံအတွင်းရှိ ဘကကျောင်းများ သုတေသနလုပ်ဖို့ သင်တန်းသွားတက်တုန်း အပြန်မှာ ကားတစ်စီးတည်းစီးလာတဲ့ ကိုယ်တော်လေးတပါးက ပြောတယ်။ သုတေသနလုပ်နည်း သင်တန်းပေးဖို့ စီစဉ်ပေးတဲ့ ဆရာဦးခင်မောင်ဝင်းဟာဖြင့် စကားကြွယ်ဝဖို့ စာများများရေးရမယ်လို့ ပြောတယ်။ စာများများရေးဖို့က စာများများဖတ်ရမယ်တဲ့။ ကိုယ်က စာများများ ဖတ်မထားတော့ မရေးနိုင်တော့ဘူးပေါ့။ မရေးဘူးဆိုပြန်တော့လည်း မသိစိတ်က ရေးမှ ဖြစ်မယ်လို့ ပြောပြောနေတာနဲ့ ရေးလိုက်ပါဦးမယ်။ သင်တန်းထဲကို နောင်တောင်းဗုဒ္ဓကောလိပ်က ဦးပညာလာလည်တယ်။ သူက နံရံမှာ ကပ်ထားတဲ့ ဇုန်သုံးဇုန် သင်ထားပုံကိုကြည့်ပြီး ပြောတယ်။ ကိုယ်က ဇုန်သုံးဇုန်မှာ သက်တောင့်သက်သာဇုန်ကို ကာမသုခလ္လိကာနုယောဂ၊ မသက်တောင့် မသက်သာဇုန်ကို မဇ္ဈိမပဋိပဒါနှင့် အန္တရာယ်ဇုန်ကို အတ္ထကိလမထနုယောဂဆိုပြီး သုံးထားတာကို သတိထားမိပြီး ပြောသွားတယ်။ ဇုန်သုံးဇုန်ကို အဲလိုကာမသုခလ္လိကာနုယောဂစတာတွေနဲ့ နှိုင်းပြီးသင်လိုက်တော့ ရှင်းသွားတာပဲ။ ကာမစည်းစိမ်ကို ခံစားချင်တယ်။ ဘုရားရှင်ရဲ့ ဘဝနဲ့များ ပြောရရင် မင်းစည်းစိမ်ကို ခံစားတဲ့ဘဝပေါ့။ ရှင်းသွားတာပဲ။