တလောက သင်တန်းတစ်ခု လုပ်ပြီးတဲ့နောက် အစီရင်ခံစာရေးနေတုန်း အိမ်နီးချင်းနိုင်ငံက ပြန်လာတဲ့ ရဟန်းတစ်ပါးက အစီရင်ခံစာထဲထည့်ထားတဲ့ ဓာတ်ပုံတွေကြည့်ရင်း ပြောတယ်။ “မင်းတို့ သင်တန်းခန်းမက ဆွဲဆောင်မှုမရှိဘူး” ဆိုပြီး သူက သင်တန်းခန်းမအတွင်း ဘယ်လိုလုပ်သင့်ကြောင်း ပြောတယ်။ အဲဒါက SEMS က ပြောနေကျ ပုံစံနဲ့ သွားတူတယ်။ စာဖတ်စာပွဲ ပန်းအိုး စာကြည့်တိုက်စတာတွေ ထောင့်တစ်ခုမှာ ရှိနေသင့်တယ်။ စိတ်ပြေလက်ပျောက် ကစားလို့ရတဲ့ စစ်တုရင် ခြင်လုံး ပင်ပေါင် စတဲ့ပစ္စည်းတွေရယ် ဉာဏ်ကစားစေတဲ့ ပစ္စည်းတွေရယ် ခုံလေးတစ်လုံးနဲ့ ထားသင့်တယ်။ နောက် အလှဆင်ထားတဲ့ ပန်းအိုးတို့ သင်တန်းသားတို့ စိတ်လွတ်လပ်စွာရေးဖို့ Free Wall တို့၊ Parking lock တို့ ထားသင့်တယ်။ နောက်တစ်ခုက စာအုပ်စာတန်းထားဖို့နေရာ လွယ်အိတ်တွေ ဖုန်းတွေ သိမ်းဖို့နေရာ ရေနွေးတွေ ကော်ဖီတွေ ဖျော်ပြီး စိတ်အပန်းပြေပြေနဲ့ သောက်လို့ရမယ့်နေရာတွေ ထားသင့်တယ်။ နေရာတွေက သပ်သပ်ရပ်ရပ်လေး ဖြစ်သင့်တယ်။ သင်တန်းသားတွေ ထိုင်မယ့်နေရာက စိတ်ချလက်ချဖြစ်မယ့်နေရာ စိတ်သက်တောင့် သက်သာနဲ့ ဆွေးနွေးနိုင်မယ့်နေရာ ဖြစ်သင့်တယ်။ လေနှင့် အလင်းလည်း ကောင်းကောင်းလိုမှာပဲ။ ဒါက သင်တန်းခန်းမပုံစံ။ နောက် သင်တန်းဆရာက စိတ်ကိုဖွင့်ထားရမယ်။ ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ထားရမယ်။ ကိုယ်မသိတာတွေ ရှိမှာပဲလို့ သဘောထားရမယ်။ မသိတာတွေ တကယ်ရှိခဲ့ရင်လည်း ကြိုဆိုရမယ်။ အမှား အမှန်ပြောပြဖို့ ခွဲဖို့ထက် နက်နက်နဲနဲနားထောင်ဖို့လိုတယ်။ အမှားဆိုတာ ဘယ်သူနဲ့မှ မကင်းဘူး။ လေ့ကျင့်ခန်းဆင်းနေတယ်လို့ စိတ်ထဲသဘောထား။ ကိုယ်တိုင် သင်ယူနေတယ်လို့
3 Box Analysis
သင်တန်းတွေမှာ အသုံးပြုတဲ့ Tool လေးတစ်ခု ရေးကြည့်ပါရစေဦး။ ဒီ tool ကိုတော့ ငြိမ်းချမ်းရေး သင်တန်းတွေမှာ သုံးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကလျာဏမိတ္တ ဖောင်ဒေးရှင်းရဲ့ ၂၀၁၇-၂၀၁၉ ခုနှစ်အတွက် Stragetic Plan ဆွဲတဲ့ နေရာမှာ သိလာခဲ့ရတာပါ။ အသုံးပြုပုံပြုနည်းကို Stragetic Plan ဆွဲနေပုံနှင့်ပဲ ရေးပြသွားပါ့မယ်။ ပထမဦးဆုံး မြန်မာနိုင်ငံ တဝန်းလုံးရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ ပြဿနာများကို ဖော်ထုတ်ပါတယ်။ ဖော်ထုတ်ပုံကတော့ Column ၃ ခုပါတဲ့ ဇယားလေးတခု ဆွဲချလိုက်ပါတယ်။ အဲဒီကော်လံ သုံးခုထဲက ပထမတခုမှာ Factor of peace ဒုတိယတခုမှာ Factor of conflict တတိယတခုမှာ Actor ဆိုပြီး ပါပါတယ်။ Factor of peace မှာ တကယ့်ကို ငြိမ်းချမ်းစေတဲ့ အချက်အလက်တွေကို ရေးရမှာ ဖြစ်ပါတယ်။ အဲဒီအချက်အတွက် အဓိက ဖန်တီးခဲ့သူ အဖြစ် တတိယအကွက်မှာ ချရေးပေးရပါမယ်။ Factor of conflict မှာလည်း တကယ် ပြဿနာ ဖြစ်စေတဲ့ အချက်အလက်များကို ရေးရပါမယ်။ အဲဒီ ပြဿနာတွေကို ဘယ်သူ ဖန်တီးနေတာလဲ တကယ့်ပြဿနာကို ဖြစ်ပေါ်စေတဲ့ ဖန်တီးသူကို Actor အကွက်မှာ ချရေးရပါမယ်။ Actor တကွက်တည်း ဖြစ်နေတဲ့ ကိစ္စက နောက်ပိုင်းကျရင် ဘယ်သူ့ကို သွားကိုင်တွယ်ရမလဲဆိုတာ အလိုလို ပေါ်လာပါလိမ့်မယ်။ ပြီးတော့ Actor
Youth Empowerment Training
နောင်တောင်းတွင် ကျောင်းပိတ်သည့် ကာလဖြစ်သည့် နွေရာသီ၌ ယဉ်ကျေးလိမ္မာသင်တန်းအမည်ဖြင့် သင်တန်းစတင် ဖွင့်လှစ်ခဲ့စဉ်က ပထမအကြိမ်တွင် သင်တန်းသား/သူပေါင်း (၃၅၀) ခန့်တက်ရောက်ခဲ့သည်။ နောက်နှစ်များတွင် သင်ကြားသည့် ဘာသာရပ်များနှင့် ကိုက်ညီမှု ရှိစေရန်အတွက် ဗုဒ္ဓဘာသာ လူငယ်စွမ်းရည်မြှင့်သင်တန်းဟု အမည်ပေးကာ နှစ်နှစ်ဆက်တိုက် ပြုလုပ်ခဲ့သည်။ ထိုနှစ်များတွင် ပထမနှစ်၌ သင်တန်းသား/သူပေါင်း (၇၀၀) ကျော် တက်ရောက်ခဲ့ပြီး နောက်နှစ်တွင် သင်တန်းသား/သူပေါင်း (၁၁၀၀) ကျော် တက်ရောက်ခဲ့သည်။ သုံးနှစ် ဆက်တိုက် ကျင်းပခဲ့ပြီးနောက် လေးနှစ်မြောက်တွင် ကျောင်းတိုက်အတွင်း၌ “ယဉ်ကျေးလိမ္မာ ညီလာခံ” နှင့် “ဘုန်းတော်ကြီးသင် ဆရာတော်ကြီးများ တွေ့ဆုံပွဲ” ကို နှစ်မျိုး စလုံး ဆက်တိုက် ပြုလုပ်ခဲ့သောကြောင့် သင်တန်းကို ခေတ္တနားခဲ့သည်။ သို့သော်လည်း ထိုနှစ်တွင် တောင်ကြီးမြို့နယ်မှ ထီသိမ်ကျေးရွာ၊ ဟမ်းဆီးကျေးရွာ၊ ကျောက်တလုံးမြို့၊ ဟိုပုံးမြို့နယ်မှ ကျောက်တန်း၊ ကျောက္ကချား၊ ကလောမြို့နယ်မှ နန်းတိုင်း၊ ပင်လောင်းမြို့နယ်မှ တင်းထက် စသဖြင့် ကျေးရွာပေါင်း (၁၁) ရွာသို့ သွားရောက်၍ သင်တန်း ဖွင့်လှစ်ခဲ့သည်။ ထိုကျေးရွာများတွင် သင်တန်းလိုက်လံဖွင့်လှစ်၍ သင်ကြားပြသပေးခဲ့သော ဆရာ/ဆရာမများမှာ နောင်တောင်းတွင် ရက် (၅၀) သင်တန်း တက်ဖူးထားသူများ ဖြစ်သည်။ ထိုကဲ့သို့ ရက်(၅၀) ကြာသင်တန်းကို နောင်တောင်းတွင် ပြုလုပ်နေသည်မှာ ယခု ဂျူလိုင် နှင့် သြဂုတ်လအတွင်း ပြုလုပ်သည့် သင်တန်းအပါအဝင်ဆိုလျှင် သုံးကြိမ်ရှိပြီ ဖြစ်သည်။ အခြား (၁၀) ရက်ကြာ (၁၅) ရက်ကြာ စသည့် သင်တန်းများဖြစ်သည့်
သူရဲကောင်းမလေးများ
“မင်းတို့ ပရဟိတ လုပ်နေတယ်။ အများအကျိုး လုပ်နေတယ် ဆိုပြီးတော့ သွေးနားထင်တွေ သိပ်ရောက်မနေကြနဲ့၊ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီး မနေကြနဲ့၊ မင်းတို့ဘက်က ဘယ်သူမှ ပါလာမှာ မဟုတ်ဘူး။ မင်းတို့ကို ဘယ်သူမှလည်း အားပေးမှာ မဟုတ်ဘူး၊ အဲဒီအပြင် နှောက်ယှက်ကြဦးမယ်၊ ရန်ရှာကြပါလိမ့် ဦး မယ်၊ အဲဒါတွေကို သိထား” ဆိုတဲ့ နောင်တောင်းဆရာတော်ရဲ့ စကားကို သတိရမိပါတယ်။ “လူငယ်စွမ်းရည်မြှင့်သင်တန်း” သင်တန်းဆင်းပွဲ တစ်ခုမှာ ဆရာတော်က သူ့ရဲ့ တပည့်တွေကို သြဝါဒပေးပြီး ပရဟိတ လုပ်ကြဖို့ တွန်းအားပေးခဲ့တယ်။ တွန်းအားပေးပြီးနောက် အထက်ပါ စကားကို ပြောခဲ့တာပါ။ ကျွန်တော်ရွာဆီကို အကြောင်းတစ်ခုနဲ့ ပြန်ခဲ့ပါတယ်။ ရွာမှာ “ဓမ္မစကူးလ် သင်တန်း” ပေးနေတယ်။ အဲဒါ လာပြန်ကြည့်ပေးပါဦး ဆိုတဲ့ ရွာက ကောင်မလေး နှစ်ယောက်ရဲ့ ဖိတ်ခေါ်မှုကြောင့် ဖြစ်ပါတယ်။ သူတို့တွေ ရွာမှာ သင်တန်းပေးနေပေမယ့် အဆင်ပြေပြေ မဟုတ်ပါဘူး။ ရွာကျောင်းဆရာတော်က အားပေးပေမယ့် ရွာရ့ဲ အုပ်ချုပ်ရေးမှူးနှင့် ရွာက ကာလသားခေါင်းဆောင်က သရော်တော်တော် စကားတွေ ပြောတယ်။ “ငါတို့ ရွာမှာ သုံးလေးလနဲ့ ပညာတတ်တွေ ဖြစ်လာကြတာပဲ” လို့ ပြောင်ပြောင်တင်းတင်းပဲ ဝေဖန်ခဲ့ကြတယ်။ ရွာအုပ်ချုပ်ရေးမှူးကလည်း နင်တို့ လုပ်တတ်တာ နင်တို့လုပ်ပေါ့၊ ငါတော့ ဘာမှ နားမလည်ဘူးဆိုပြီး လစ်လျူရှုခဲ့တယ်။ ကလေးမိဘ အချို့ကလည်း နင်တို့က ဘာလုပ်ဖို့ ကျောင်းဓမ္မာရုံကို နေ့တိုင်းသွာနေရ တာလဲ တဲ့။ ပျော်စရာ မကောင်းလိုက်ပုံကတော့ ဟစ်သာငိုတော့