ငယ်ငယ်တုန်းက ကျောင်းမှာ ဘုရားပန်းလာကပ်တဲ့ ရွာက သတ်မှတ်လို့ အပျိုကြီးဖြစ်နေတဲ့ အသက် ၂၀ ကျော်ကျော် မိန်းကလေးတွေကို မေးခွန်းတစ်ခုမေးဖူးတယ်။ “ဘာဆုတောင်းကြတာလဲ” “ဘဝဆက်တိုင်း ယောက်ျားဘဝဖြစ်ရပါလို၏ လို့ဆိုတောင်းတာပေါ့ ကိုရင်ရယ်” လို့ဖြေကြတယ်။ ဘာဖြစ်လို့ အဲလိုဖြေတာလဲမသိဘူး။ မိန်းကလေးဖြစ်ရင် ဖြစ်သည့်အလျောက် အခွင့်အရေးတွေ ဒီလောက်ရနေတာ။ စစ်ကားတွေကြည့်၊ မိန်းမနဲ့ ကလေးတွေ အရယ်ကယ်ပါလို့ စပြောခံရတာ။ ကားစီးတာကြည့်။ မိန်းမတွေကို ဦးစားမပေးရင် ဘာလိုလို ညာလိုလို အကြည့်ခံရတာ။ အမျိုးသမီးအခွင့်အရေးဆိုတာပဲ လူ့အခွင့်အရေးအဖွဲ့ကြီးက ပြဋ္ဌာန်းတာ။ ကိုယ်က အဲလိုပဲ ထင်တာလေ။ အဲလိုနဲ့ သမ္မတဆယ်စောင်တွဲ ဆိုတဲ့ စာအုပ်ထဲမှာပါတဲ့ လောကနီတိဆိုတဲ့ အပိုင်းကို သင်ရတော့ ဣတ္ထိယဝဂ်ဆိုပြီး သင်ရတယ်။ ဘာပြောကောင်းမလဲ။ အဲကဏ္ဍက မိန်းမမကောင်းကြောင်းကို သက်သေသာဓကအမျိုးမျိုးနဲ့ ပြောတော့တာကိုး။ ဥပမာ = ဟိ- ထိုစကားသင့်စွ၊ ပုရိသော ဝ- ယောက်ျားသည်သာလျှင်၊ ပဓာနော- ပဓာနတည်း။ ဣတ္ထီ – မိန်းမမူကား၊ သူစိယာ သုတ္တံ ဝ – အပ်ချည်နှင့်သာ တူပါသတည်း။ သဗ္ဗိတ္ထိယော – ခပ်သိမ်းသော မိန်းမတို့သည်၊ နိဝါတကေ – ဆိတ်ငြိမ်သော အရပ်ကို၊ လဘမာနေ – ရလတ်သော်၊ ပါပံ – မကောင်းမှုကို၊ ကရေ ကရောန္တိ – ပြုသည်သာတည်း။ စသဖြင့် အများမှ အများကြီးသင်ရတယ်။ မယုံရင် သမ္မဆယ်စောင်တွဲထဲက ဣတ္ထိယဝဂ်ကို ဖတ်ကြည့်ပေါ့။ မာဃဒေဝလင်္ကာတွေမှာလည်း အပြစ်ပြောကြတာပဲ။ “မိန်းမအပြစ်၊