ဒီနေ့နဲ့ပတ်သက်လို့အွန်လိုင်းပေါ် အီးလိုရော ဘားမစ်လိုပါ Googling ကြည့်တော့ ပုံမှာပါတဲ့ အဝိုင်းလေးတစ်ခုပဲကျန်တာနဲ့အောက်ဖ့်လိုင်းမှာလောင်တောင် မရှိတော့တာလား အောက်ဖ့်လိုင်းမှာ အဲသည်ထက် ဆိုးသွားလေပြီလားဆိုပြီးရယ်တော့တောမရောက် တောင်မရောက် မတွေးဖြစ်တာလေးကို ချရေးဖြစ်တယ်။ ခုတလော ရေးချင်တဲ့ စာတွေက ရေးရင်းတဝက်တပျက်မှာပဲ Stop sign နဲ့တွေ့တွေ့နေရလို့။ တခါခါတော့လည်း ပျံသန်းဖို့နေနေသာသာ တကျိကျိမြည်တဲ့ အသံလေးတောင် ထွက်မလာတာနဲ့ ဘာသာပဲ stopsign ပြလိုက်ရတာများလို့အကြောင်းဖန်တာနဲ့ အားမပါ ဆားမပါ ရေးကြည့်ဖြစ်တယ်။ မရောက်ဘဲနဲ့ သွားခဲ့တဲ့ခရီးဟာ ခရီးမမယ်ခင်မှာပဲသားလျောခဲ့ပေါ့လေ။ အတူလုပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပြောဆို ဆွေးနွေးတိုင်ပင်ခဲ့ဖူးသလိုတနေ့များတော့ သူတို့စုံစမ်းရင် လင်းလက်တို့ နှင်းစက်တို့ ဝေလင်းစောတို့ ထွက်ကျလာရင်လည်း ထွက်ကျလာပေမပေါ့။ခက်တာက ကိုယ့် Facebook Wall မှာ year ago ဆိုတဲ့ memorable တွေက ခုအချိန်ဆို တက်တက်လာတာပဲ။ ၉၀ ရာခိုင်နှုန်းလောက်မရင်းနှီးတော့ပေမယ့် တခါက ရိုးသားစွာ ခင်မင်ခဲ့တဲ့ သူတွေပြန်ကြည့်ရင်း “ဪ သူတို့တွေဘာများလုပ်နေကြပါလိမ့်” လို့ အမယ်ဘုတ်ရဲ့ ချည်ငင်ဖြစ်အောင်လုပ်ပြီး ဆွဲကြည့်မိတာလေးတော့ရှိတာပေါ့။ ကိုယ့်က ခုထိ Facebook Account Name ရဲ့ Nickname နေရာမှာ Myanmarfriendsday ဆိုပြီးထည့်ထားမိသေးတယ်။ ဒါက ၂၀ ရာစုအလွန် လေးငါးနှစ်အတွင်းက စိတ်ကူးတွေဖြစ်သွားခဲ့ပြီ။ သည်ခေတ်မှာ အရာအားလုံးဟာ အရှိန်တစ်ခုနဲ့ သွားနေပါတယ်။ အတွေးတစ်ခု အဖြစ်အပျက်တစ်ခုဟာ ဆယ်စုနှစ်တစ်ခုအတွင်း အလွယ်ကလေး ပျောက်ပျက်သွားနိုင်တဲ့ အနေအထားမျိုးကို ခေတ်က ခုတ်မောင်းသွားလိုက်ပါပြီ။ တလောက မြောက်ဝင်ရိုးစွန်းက ပျောက်ကွယ်တော့မယ့် လူမျိုးစုတစ်စုအကြောင်း သူများ ဘာသာြပန်ပြီး တင်ပြလာလို့