ဟက်ကာသည် ကွန်ပျူတာခလုတ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ နှိပ်နေသည်။ မကြာမီ သူ့မျက်နှာမှ ဝမ်းသာသည့် အရိပ်တချက် ဖြတ်ပြေးသွားသည်။ အစိုးရဌာနမှ သူတို့ သတင်းထဲ ခိုးဝင်သူ တယောက်ယောက်ရှိနေကြောင်း သိလိုက်သည်။ ချက်ချင်းပင် ခိုးဝင်သူ၏ တည်နေရာကို လိုက်ရှာသည်။ မြို့ထဲတွင် ရဲကားများစွာ၏ အော်သံကြားလိုက်ရသည်။ ဟက်ကာသည်လည်း ကားတစ်စီးပေါ်တက်ကာ မြို့ထဲတွင် ပြိုင်ကားထက် မြန်သော အရှိန်ဖြင့် မောင်းလိုက်၏။ ရဲများက အရေးကြီးသည့် အတွက် ဟတ်စကီးဖြင့် လိုက်ရပြန်သည်။ ဟက်ကာသည် တရုတ်တန်းထဲတွင် ပျောက်သွား၏။ ဟက်ကာသည် တရုတ်ဘာသာစကားဖြင့် ပြော၍ ပျောက်ကွယ်သွား၏။ ထိုကဲ့သို့ စိတ်ဝင်စားစရာ များပြားလှသည့် ဇာတ်ကားများစွာမျိုးကို အနောက်တိုင်းက ဖန်တီးသည့်နေရာတွင် စိတ်ကူးသည့်အတိုင်း တီဗွီဖန်သားပြင်တွင် အတိအကျ ဖော်ပြနိုင်၏။ တချို့ဇာတ်ကားများက တွေးကြည့်၍ပင် မရလောက်အောင် ဆန်းပြား၏။ ထိုထဲတွင် ကျွန်တော်ကြည့်ဖြစ်သော ဇာတ်ကားများထဲမှ ကြိုက်မိသွားသော ကြိုက်မိခဲ့ဖူးသော ရုပ်ရှင်ဇာတ်လမ်းအချို့ကို သုံးသပ်ချက်ပုံစံဖြင့်လည်းကောင်း ရရှိလိုက်သည့် သင်ခန်းစာ အဖြစ်ဖြင့်လည်းကောင်း ရေးကြည့်ချင်၏။ တခုတော့ ရှိသည်။ ကျွန်တော်ကြိုက်သော ရုပ်ရှင်တော်တော်များများ၏ အဓိက သရုပ်ဆောင်မှာ အမျိုးသမီး ဖြစ်နေတတ်သည်။ ယခုလည်း အမျိုးသမီးသရုပ်ဆောင်ပါဝင်သည့် ရုပ်ရှင်ကိုပင် ပြောကြည့်မည်ဖြစ်သည်။ ၁၉၈၈ မှ ယခုထိ ရုပ်ရှင်ဇာတ်ကားပေါင်း ၃၀ ကျော်နှင့် ဇာတ်လမ်းတွဲပေါင်း ငါးခုရိုက်ကူး၍ ဆုပေါင်း ၂၇ ခုတွင် ၁၅ ခု ယာထားခံရဖူးပြီး ဆုပေါင်း ၁၂ ခုတိတိ ရယူထားနိုင်ခဲ့သော ဆွိစ်လူမျိုး သရုပ်ဆောင်မလေး တယောက်ဖြစ်သည့် Noomi