ပြောချင်တာတွေ လျှောက်ပြောမှ ဖြစ်ပါတယ်။ ကျနော့် ဘလော့ ခေါင်းစီးလို Metanarrative တစ်ခုပဲ ဖြစ်သွားမှာပါ။ ဘယ်သူမှ မဖတ်ဘူးဆိုတော့ ဒါမျိုးတွေ လွတ်လွတ်လပ်လပ်နဲ့ ရေးအား ရှိတာပေါ့ဗျာ။ မဟုတ်ဘူးလား။ ဒီလိုပါ။ ဒီနှစ် ဂျူလိုင်လ (၆) ရက်နေ့ကတည်းက စခဲ့တဲ့ သင်တန်းတစ်ခုဟာ လာမယ့် (၂၅) ရက်မှာ ပြီးမှာ ဖြစ်ပါတယ်။ ကိုယ် ခေါင်းဆောင် လုပ်လိုက်ရတဲ့ လူတွေက ကိုယ်ထက် အတွေ့အကြုံများပေမယ့် စာမဖတ်ကြတဲ့သူတွေ ဖြစ်နေတယ်။ ကိုယ်သင်တဲ့ သင်ခန်းစာကို တစ်ခါမှ ကြိုဖတ်မလာကြတဲ့သူတွေဖြစ်နေတယ်။ “သင်တန်းပေးနေတာလေ” ဆိုပြီး ဂုဏ်တဝင့်ဝင့်ပြောတတ်ပေမယ့် သင်တန်းပျက်ဖို့ အကြောင်းပြချက် များစွာနဲ့ သင်တန်းအချိန်မမှန်ခဲ့သူတွေ ဖြစ်နေတယ်။ သင်တန်းအစည်းအဝေးကို မတက်နိုင်ကြပေမယ့် “အစည်းအဝေး ရှိလို့” ဆိုပြီး Section ပေါင်းများစွာကို မတက်ခဲ့တဲ့သူတွေ ဖြစ်နေတယ်။ အားလုံး သဘောတူခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အထက်ကအာဏာနဲ့ အလွယ်တကူ ပယ်ချခိုင်းတတ်တဲ့ သူတွေ ဖြစ်နေတယ်။ သင်တန်း Frame တွေကို မလေ့လာခဲ့ကြသူတွေ ဖြစ်နေတယ်။ Consoling လုပ်နေတာကို လုပ်မှန်း မသိဘဲ ပြဿနာ အသစ်ထပ်ရှာတတ်သူတွေ အကင်းမပါးတတ်သူတွေ ဖြစ်နေတယ်။ ရန်ကုန်မှာ ဒီလိုလုပ်တာ၊ သူများတွေ ဒီလိုလုပ်တာ ဆိုပြီး သင်တန်းသား အခြေအနေနဲ့ ကိုယ့်နည်း ကိုယ့်ဟန်ကို ထုတ်သုံးရမှန်း မသိသူတွေ ဖြစ်နေတယ်။ သင်တန်းသား/သူတွေကို ဖုန်းမသုံးဖို့ ပြောပေမယ့် အချိန်ပြည့် ဖုန်းနဲ့ အင်တာနက်မှာ တက်ကြူနေကြသူတွေ ဖြစ်နေတယ်။ consumerism တွေ