သိပ်မကြာသေးတဲ့ ရက်ဖြစ်တဲ့ ဒီ ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ဘန်းပြင်ကျေးရွာအုပ်စုဘက် အလည်ရောက်ခဲ့တယ်။ ညောင်ရွှေမြို့နယ်ဆိုတာ အင်းလေး လောက်ပဲ ရှိတယ်လို့ထင်ခဲ့တယ်။ အနောက်ဘက်တောင်ကြောရယ် အရှေ့ဘက်တောင်ကြောရယ် အဲဒီတောင်ကြားတွေထဲကရယ် ဆိုရင် တော်တော့ကို ကျယ်တဲ့ မြို့နယ်လို့ ဆိုရမှာပဲ။ အစက ဖောင်တော်ဦးဘုရားရှိတဲ့အပိုင်းရယ် ဖောင်တော်ဦးဘုရားတောင်ဘက် စံကားအင်းလို့ ခေါ်တဲ့ ဖယ်ခုံမြို့နယ်မပါတဲ့ အင်းဘေးပတ်ဝန်းကျင်လောက်ပဲလို့ ထင်တာ။ ပြီးတော့ ညောင်ရွှေမြို့နယ်လို့ ပြောလိုက်တာနဲ့ အင်းသားတွေကိုပဲ မြင်ယောင်တယ်။ ခုတော့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပအိုဝ်းတွေ ညောင်ရွှေမြို့နယ်ထဲ ဝင်ပြိုင်ချင်ခဲ့တယ်ဆိုတာကို အပြစ်မပြောတော့ပါဘူး။ နိုင်ချင် နိုင်နေမှာပါ။ အင်းက ပါတီတခုထောင်ရလောက်အောင်လည်း လူမျိုးမများဘူးဆိုတာသိလိုက်တယ်။ ဆိုတော့ ပါတီကြီးတွေပဲ ပြိုင်နေကြတော့တာပေါ့။ အင်းထဲမှာသာ အင်းသားရှိပြီး ညောင်ရွှေမြို့နယ် တခုလုံးက ပအိုဝ်းလူမျိုးတွေချည်းကိုး။ လူမျိုးပါတီ အနေနဲ့ကြည့်မယ်ဆိုရင်တော့ တောင်ကြီးမြို့နယ်လို ပအိုဝ်းတွေ အများကြီးရှိတယ် ကျောက်တလုံးကြီးမြို့နယ်လို ပအိုဝ်းအများကြီးရှိတယ် ဒါပေမယ့် ဝင်မပြိုင်ကြဘူး။ ဝင်မပြိုင်ကြဘူးဆိုတာက တရားဝင် ပြောတဲ့စကား။ နိုင်ငံရေးလောက အနေနဲ့ ပြောကြမယ်ဆိုရင် ဝင်မပြိုင်ရဘူးလို့ ဖြစ်ချင်ဖြစ်မှာပေါ့။ ရပ်စောက်၊ ပင်းတယ၊ ရွာငံ၊ ကလောနဲ့ ဖယ်ခုံစတဲ့မြို့တွေမှာ ပအိုဝ်းတွေ ဂလောက်များတာ။ အစကတည်းက ကြေငြာထားသလို မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီဆိုမှပဲလေ။ [metaslider id=699]ဒီမိုကရေစီဆိုကာမှ ပါတီတွေ ပေါ်လာတယ်။ ပေါလာတယ်။ ပြီးတော့ လူမျိုးရေးခွဲခြားမှု ပိုပြင်းထန်လာတယ်။ မကြိုက်တာကို မကြိုက်ကြောင်း ပြောခွင့်ရှိလာတော့ နိုင်ငံတကာမှာဆို ခဏခဏ ဆန္ဒပြတာတွေနဲ့ပဲ