• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Tag: ဖြစ်စဉ်

1 Articles

ဗုဒ္ဓဖြစ်စဉ် (၂၄)

ကိုယ့်အယူမှားနေတာကို မှားမှန်းမသိတဲ့ ပူရဏကဿပရဲ့ ကိုယ့်အယူဝါဒအပေါ် အစွဲအလန်းကြီးစွာ ဖက်တွယ်မှု တဏှာ မာန ဒိဋ္ဌိတွေကြောင့် ဘုရားနဲ့ တန်ခိုးပြိုင်ဖို့ ကြိုးစားရာက အသေဆိုးနဲ့ သေသွားခဲ့ပြီးနောက်မှာ ဘုရားရှင် တန်ခိုးပြဖို့ နေရာအတွက် ခေါင်းခဲရသူက သိကြားမင်း။ လာတဲ့ ပရိသတ်ရယ် ဘုရားတပည့်တွေရယ်အတွက် မဏ္ဍပ်အကျယ်ကြီး ပြုလုပ်ပေးဖို့က သူ့တာဝန်ဖြစ်လာပြီလေ။ ဒီတော့ ၀ိသကြုံကို ခေါ်ရတယ်။ ၀ိသကြုံက (၇၂) ယူဇနာကျယ်တဲ့ မဏ္ဍပ်ကို တစ်ခဏချင်း ဖန်ဆင်းလိုက်ပါတယ်။ တကယ်ဆို အိန္ဒိယနိုင်ငံက ကျဉ်းကျဉ်းလေး။ ဖန်ဆင်းလိုက်တာ (၇၂) ယူဇနာဆို တစ်ယူဇနာ (၁၂) မိုင်းနှုန်းနဲ့ မိုင်ပေါင်း (၈၆၄) မိုင်လောက်ရှိတယ်။ ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါတယ်။ အစိန္တေယျလေးပါးရှိတယ်။ အစိန္တေယျ – မကြံစည်ကောင်းတဲ့ အရာလေးပါးပေါ့။ ဘာတွေလဲ ဆိုတော့ ၁။ ဘုရားရှင်ရဲ့ သဗ္ဗညုဉာဏ်တော်အရာ ၂။ ဘုရားရှင်ရဲ့ တန်ခိုးတော်အရာ ၃။ ကုသိုလ် အကုသိုလ်ရဲ့ အကျိုးပေးရာ ၄။ လောကရဲ့ အဖြစ်အပျက် ဒီလေးမျိုးကို ဘယ်သူမှ ဘယ်တော့မှ မကြံစည်အပ်ပါဘူး။ အဲဒါကို ကြံစည်နေခြင်းဖြင့်လည်း အကျိုးမရှိပါဘူး။ အဲဒီတော့ အဲဒါတွေအပေါ် ကြံစည်မနေပါနဲ့တော့။ ၀ိသကြုံဖန်ဆင်းလိုက်တာမှာ နံပါတ် ၂ နဲ့ ၄ နဲ့ရဲ့ ကဏ္ဍလည်းဖြစ်ပါတယ်။ မဏ္ဍပ်ထဲမှာ ရဟန်းပရိသတ်အပြင် လူပရိသတ်အများအပြား ပါဝင်ပါတယ်။ အဲဒီ လူပရိသတ်ကလည်း တချို့ ပရိသတ်က အနာဂမ်တွေဖြစ်ပါတယ်။ ဘုရားရှင် တန်ခိုးပြမယ်ဆိုတော့ နိုင်ငံအသီးသီးမှ လူတွေကလည်း အုံးအုံးကြွက်ကြွက် စည်စည်ကားကား

ဆက်ဖတ်ကြည့်ပေါ့

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress