ကိုယ့်ဘာသာကိုယ် Facebook ပေါ်မှာ status တစ်ခု တင်လိုက်တယ်။ ဘယ်သူများ အော်လီဂါခီ အကြောင်း ရေးမလဲလို့ စောင့်ကြည့်နေတာ။ ဘယ်သူမှလည်း မရေးပါလား ဆိုပြီးတော့ပေါ့။ ကျွန်တော်ကလည်း အသိကြီး မဟုတ်ပါဘူး။ အသိကြီးဆိုတာထက် သိပ်လည်း မသိပါဘူး။ ထင်တာလောက်ပဲ ဖြစ်နေတယ်။ အွန်လိုင်းပေါ်မှာ ရှာကြည့်တော့ စာရေးဆရာကိုတာ ရေးထားပြီးသားကို သွားတွေ့တယ်။ ခုကလည်း စာရေးဆရာကိုတာရဲ့ ဟောပြောချက်တချို့ကနေ ပြန်တင်ပြခြင်းမျိုးဖြစ်ပါတယ်။ တကယ်တမ်း ပြောချင်တဲ့ပုံစံက လက်ရှိ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကို ဥပမာထား ထောက်ပြတာမျိုးပါ။ မြန်မာနိုင်ငံလုံးဆိုင်ရာကို မထောက်ပြနိုင်ပေမယ့် ကိုယ့်လူမျိုးစုလေးရဲ့ ဖြစ်ပျက်နေမှု ပုံစံကို ထောက်ပြချင်တယ်။ ဒါပေမယ့် နည်းနည်းကြောက်ပါတယ်။ ဒါကြောင့် ခြုံငုံတဲ့ သဘောလောက်ပဲ ရေးကြည့်မယ်။ ရေးသာ ရေးကြည့်တာပါ။ ထဲထဲဝင်ဝင် မသိပါဘူး။ အထင်သာ ဖြစ်တဲ့အတွက် မဟုတ်ခဲ့ရင်လည်း ဗဟုသုတ အဖြစ်ဖြင့်သာ ရှုတော်မူကြကုန်…ပေါ့။ မှန်ခဲ့ရင်လည်း ကိုယ်က အော်လီဂါ့ရဲ့ ကကြိုးရှုပ်တဲ့ ကကြိုးရုပ်လား သုံးသပ်ကြည့်ပေါ။ အော်လီဂါခီဆိုတဲ့ စကားလုံးက ဂရိကနေ ဆင်းသက်လာတာ။ အဓိပ္ပါယ်ကတော့ လူနည်းစုကနေ တိုင်းပြည်ကို အုပ်ချုပ်တယ် ဆိုတာပါပဲ။ အုပ်ချုပ်မှု စနစ်ဆိုတာက နဂိုကတည်းက အမျိုးမျိုးရှိပြီးသားပဲ။ သက်ဦးဆံပိုင်စနစ်၊ ဒီမိုကရေစီစနစ်၊ အာဏာရှင်စနစ်၊ အကြွင်းမဲ့ အာဏာရှင်စနစ်နှင့် အော်လီဂါခီ (လူနည်းစုက အုပ်ချုပ်တဲ့ စနစ်) ပါပဲ။ သက်ဦးဆံပိုင်ဆိုတာက မျိုးရိုးအလိုက် အုပ်ချုပ်တာ။ အာဏာရှင်စနစ်နှင့် အကြွင်းမဲ့ အာဏာရှင်စနစ်ကတော့ ကြုံနေကြ သိနေကြသမို့ ရှင်းတယ်။ ဒီမိုကရေစီဆိုရင်လည်း အားလုံးက