“လာမယ် မလာဘူးကတော့ မင်းရဲ့ သဘောပါ၊ မင်းအတွက် တနေရာ ကိုယ်ရှင်းလင်းထားပါတယ်” ဆိုလား “ဦးထားပါတယ်” ဆိုလား။ ဗဒင်သီချင်းလေး။ ဘယ်သူ့မှ ကိုယ့်ကို နေရာမဦးထားပါဘူး။ ကိုယ်ကိုယ်တိုင် မသွားဘဲနဲ့ ရောက်ရတာပါ။ အဲလို ရောက်ကြရင်း နေရာမှားကြသူများ အကြောင်းပါ။ အသွားမတော်ရင် တစ်လှမ်းပါ။ မသွားဘဲနဲ့ ရောက်ခဲ့တဲ့နေရာတွေလည်း တလှမ်းမှားကြတာပါပဲ။ စိတ်ဒဏ်ရာလေး အကြောင်းနဲ့ စချင်တယ်။ ကျွန်တော့်အနေနဲ့ဆို ညနေခြောက်နာရီလောက်ရောင်တိုင်း ‘ငါဘုရား ဝတ်တက်ရမယ်၊ ဝတ်မတက်ရင် တယောက်ယောက်က ငါ့ကို အပြစ်ပေးလိမ့်မယ်’ လို့ အမြဲတမ်း လန့်နေရတယ်။ ညနေ ခြောက်နာရီဝန်းကျင်လောက်ဆို မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်က ဓမ္မသီတဂူကျောင်းကြီးကို လှမ်းမြင်တယ်။ ပူလည်းပူ အိုက်လည်းအိုက် စိတ်လည်းမပါတဲ့ အဖြစ်ကို ခုထိကိုယ့်ကိုယ်ကို ခံစားနေရတုန်း။ ငါသွားနေခဲ့တာပဲ။ ဒါပေမယ့် ငါစိတ်ဒဏ်ရာ ရလာတယ်။ တနေ့တော့ နောင်တောင်းကျောင်းက ထွက်သွားတဲ့ မိန်းကလေးတယောက်ကို ပြန်တွေ့တယ်။ ကျွန်တော့်ကိုတွေ့တော့ သူမက ခုလိုအပြင်မှာ တွေ့ရတာ ဝမ်းသာပါတယ်၊ ဒါပေမယ့် အခုလို နောင်တောင်းက တယောက်ယောက်ကို အပြင်မှာတွေ့လိုက်ရတော့ ငါ့ကို ဆရာတော်ဆီများ ပြန်တိုင်မလားဆိုတဲ့ ထိတ်လန့်စရာ ကောင်းတဲ့ အတွေးက ဝင်လာတယ်။ ဘာဆိုင်လို့တုန်း နင်က အခုနောင်တောင်းမှာမှ မဟုတ်တော့တာဆိုတော့ နောင်တောင်းမှာနေတုန်းက ခွင့်တောင်းရမယ့်သူတွေကို ခွင့်တောင်းခဲ့ပေမယ့် နောက်ထပ်တခြားတယောက်က သိမှ သိပါ့မလား၊ အဲဒီနောက်တယောက်အပြင် တခြားတယောက်ကကော ငါခုလို ခွင့်တောင်းပြီး အပြင်ထွက်ခဲ့တာ သိမှ သိပါ့မလား၊ ငါ့ကို တခြား တယောက်ယောက်က တွေ့ပြီး ဆရာတော်ဆီတွေ