ကျွန်တော် ဒီအဖြစ်အပျက်ကို ရေးမယ်လုပ်ခါမှ မင်းကွန်းဆရာတော် နေခဲ့ကျောင်းနာမည်ကို မေ့နေလို့ သူငယ်ချင်းတွေဆီ ဖုန်းဆက်မေးရသေးတယ်။ နောက် မေ့နေတာက ဒီအဖြစ်အပျက်ကို စာအုပ်နှစ်အုပ်မှာ ဖတ်ဖူးလိုက်တယ်။ အဲဒီနှစ်အုပ်လုံးက “ရတု” စာအုပ်။ ရွှေရတု၊ ငွေရတုစာအုပ်။ မင်းကွန်းဆရာတော်ရဲ့ ရွှေရတု၊ ငွေရတုလား၊ မိုးမိတ်ရဲ့ ရွှေရတု ငွေရတုလား၊ သာသနာ့တက္ကသိုလ်ရဲ့ ရွှေရတု ငွေရတုလား။ ဘယ်ရတုမှန်း မမှတ်မိတော့တဲ့ စာအုပ်နှစ်အုပ် ဆီက ဖတ်လိုက်ဖူးတယ်။ ဒါပေမယ့် အောက်က ကျွန်တော်ရေးမယ့်အတိုင်း ဖြစ်ပျက်ခဲ့တယ်ဆိုတာကတော့ သေချာပါတယ်။ များသောအားဖြင့် ကျွန်တော်က အဖြစ်အပျက်ကိုသာ မှတ်မိတတ်ပြီး ဘယ်က ဘယ်လို ဘယ်အချိန်ဆိုတာကို မေ့တတ်တာ အကျင့်ဖြစ်နေလို့။ တကယ်တော့ မူရင်းအတိုင်း ရေးပြချင်ပါတယ်။ ခုတော့ ကျွန်တော် မှတ်မိသလိုပဲ ရေးပြပါတော့မယ်။ အဲဒီ ဆောင်းပါးလေးများရှိရင် မူရင်းအတိုင်း ကျွန်တော့်ကို ကူးပေးကြပါဦး။ အဖြစ်အပျက်က ဒီလိုပါ။ တစ်ခါက လူတစ်ယောက် မင်းကွန်းဆရာတော် နေထိုင်ရာ ဓမ္မနာဒကျောင်းတိုက်ကို ရောက်လာတယ်။ ကြည့်ရတာ အဲတုန်းက မိုးမိတ်တို့ ဘာတို့ မလုပ်ရသေးဘူးထင်ပါတယ်။ ပြီးတော့ မင်းကွန်းဆရာတော်တို့လို ဆဋ္ဌသင်္ဂါယနာ ဝသဇ္ဇကဆရာတော်၊ မဟာဗုဒ္ဓဝင်ကျမ်းပြုဆရာတော်၊ တိပိဋကနိကာယကျောင်းတိုက်ကို တည်ထောင်တဲ့ဆရာတော်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/ မန္တလေး) ဖွင့်လှစ်တဲ့ဆရာတော်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ၊ ဇိဝိတဒါနသံဃာ့အထူးကုဆေးရုံကို တည်ထောင်တဲ့ဆရာတော် စတဲ့ဂုဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးကို ကြည်ညိုချင်တဲ့ တကာဖြစ်ပုံရပါတယ်။ အဲဒီလူ မင်းကွန်းဆရာတော်နဲ့ တွေ့တာ အတော်ကံကောင်းသွားတယ်လို့ ပြောလို့ ရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဘယ်သူမဆိုမှာ လူသူသိပ်သတိမထားမိတဲ့ အရည်အချင်း
လုံးဝ မတောင်းပန်နိုင်ဘူး (၃)
ငါ တဲ့။ တစ်လုံးတည်း။ ငါ့လို တော်တတ် မြင့်မြတ်ပုဂ္ဂိုလ်က .. ငါ့လို ဂုဏ်သိက္ခာရှိတဲ့သူက ငါ့လို ပရဟိတအကျိုး ရွက်သယ်ပိုးနေသူက သူ့လိုပုဂ္ဂိုလ်မျိုးကို ဘာလို့ တောင်းပန်ရမလဲ။ မတောင်းပန်နိုင်ဘူး။ လုံးဝမတောင်းပန်နိုင်ဘူး။ အဲဒီလိုနဲ့ ပြီးရင်လည်း ပြီးသွားမယ့် ကိစ္စကို မတောင်းပန်နိုင်လောက်အောင် “ငါ” ဆိုတဲ့ တရားက လူတွေကို လှုပ်မရအောင် ချုပ်ကိုင်ထားတတ်တယ်။ တရားတွေကို သိတဲ့ ပုဂ္ဂိုလ်၊ အားလုံးကို ဆင်ခြင်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်မျိုး ကိုတောင် ငါဆိုတဲ့ တရားက ချုပ်ကိုင်လိုက်ပြီးဆိုရင် အချုပ်ကိုင်ခံရတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုမှ လှုပ်လို့ မရတော့ဘူး။ ကိုယ်မှားနေတာကို မှားနေမှန်း မသိအောင် အသာအယာလေး တိုးတိုးတိတ်တိတ်လေး ဖုံးကွယ်ပေးထားတတ်တဲ့ အနုသယ တရားတွေကြောင့်လေ။ တည့်တည့်ပြောရရင် ပုန်းနေတဲ့ တရားပေါ့။ ခုလည်း ကြည့်လေ။ ဝဿကာရ ပုဏ္ဏားဟာ အရှင်မဟာကစ္စည်းထေရ်ကို “တပည့်တော်မှ အရှင်ဘုရားကို မျောက်လို့ ခိုင်းနှိုင်းမိတဲ့ အတွက် တောင်းပန်ပါတယ် ဘုရား”လို့ ပြောလိုက်တာနဲ့ ပြီးသွားပြီ။ ဒါပေမယ့် သူတောင်းပန်လား။ မတောင်းပန်ဘူး။ လုံးဝ မတောင်းပန်ဘူး။ ဘယ်တောင်းပန်မလဲ။ သူက နယ်နယ်ရရပုဂ္ဂိုလ်မှ မဟုတ်ဘဲ။ ဗိမ္မိသာရလက်ထက်ကတည်းက ရှင်ဘုရင်ဆီမှာ အမှုတော် ထမ်းလာခဲ့တာ အခု အဇာတသတ်လက်ထက်ထိလေ။ ပြီးတော့ ဝဇ္ဇီမင်းတွေ ပြိုကွဲသွားအောင် ဖန်တီးနိုင်ခဲ့တာ သူပဲ မဟုတ်လား။ ခိုင်ခံ့လှပါတယ်။ ညီညွတ်လှပါတယ် ဆိုတဲ့ ဝဇ္ဇီမင်းတွေရဲ့ တိုင်းပြည်ကို သွေးတစ်ချက်မစွန်းဘဲ ခရုကောက်သလို ဖမ်ဆီးနိုင်ခဲ့တာ သူ့လိုပုဂ္ဂိုလ်မျိုးမှ မဟုတ်ရင် ဘယ်ပုဂ္ဂိုလ်မျိုးက
လုံးဝ မတောင်းပန်နိုင်ဘူး (၂)
“အသက်ကြီးတာတွေ၊ အသက်ငယ်တာတွေ၊ သီလရှိတာတွေ သီလမရှိတာတွေ နားမလည်ဘူး၊ မှားတဲ့လူက မှားကို မှားတယ်။ မှားတဲ့လူကများ သူခိုးလူပြန်ဟစ်လို့ ငါမှန်တယ်၊ ငါ့ကို ပြန်တောင်းပန်ရမယ်လေး ဘာလေးနဲ့။ သနားတယ်။ မတောင်းပန်နိုင်ဘူး၊ လုံးဝ မတောင်းပန်နိုင်ဘူး၊ အေး ဒီကိစ္စမှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ မကြာခင် သိလာရတော့မှာပါ” ဒေဝိလ ရသေ့သည် အလွန်ခေါင်းမာသူ ဟုဆိုရပေမည်။ ကျစ်တစ်တစ် ဂွကျကျ ပုဂ္ဂိုလ်လည်း ဖြစ်ပေသည်။ ဤသို့ဖြင့် သူ့အတွေးများက ဤဖြစ်ရပ်တွင် သူ့ဘက်က မှန်သည်ဟုချည်း တွေးထင် ယူဆနေသည်။ မှန်သည်ဟုလည်း ထင်စရာရှိနေသည်။ ဟိမဝန္တာတောထဲတွင် ရှစ်လလောက် သတင်းသုံးပြီး မြို့ပေါ်သီတင်းသုံးဖို့ သူဆင်းလာခဲ့သည်။ လမ်းခရီးတွင် ခေတ္တတည်းခိုဖို့ရန် အလို့ငါ အိုးထိန်းသည်တစ်ယောက် အိမ်တွင် ခေတ္တတည်းခွင့်တောင်းသည်။ မကြာမတင်တွင် နာရဒရသေ့လည်း သူ့လိုပင် အိုးထိန်းသည်အိမ်၌ ခေတ္တ တည်းခွင့်တောင်းရာ အိုးထိန်းသည်ကပင် သူ့ကို လျှောက်လိုက်သေးသည်။ ရသေ့ချင်းချင်းမို့ သူခွင့်ပြုလိုက်သည်။ မအိပ်မီကပင် ရှေးဟောင်းနှောင်းဖြစ်များ သူ့အဖြစ် ကိုယ့်အဖြစ် သူ့အတွေ့အကြုံ ကိုယ့်အတွေ့ကြုံများ ပြောဖြစ်ကြသေးသည်။ ညဥ့်နက်လို့ အိပ်ကြတော့ သန်းခေါင်ကျော်ကျော်လောက်မှာ တပို့တပါး သွားချင်ယောင်ဆောင်ပြီး သူ့ခေါင်းကို နင်းသည်။ ခေါင်းနင်းဆင်းလို့ ခေါင်းရင်းနှင့် ခြေရင်းလှည့်အိပ်လိုက်ပြန်တော့လည်း လည်ပင်းကို တက်နင်းသည်။ ကြည့်ရသည်မှာ အစကတည်းက သူ့ကို သတ်ချင်နေပုံရသည်။ ထို့ကြောင့် နောက်ယောင်ခံလိုက်လာခြင်း ဖြစ်မည်။ သည်လိုလူကို ကျိန်စာတိုက်သင့်သည်။ ထို့ကြောင့် သူကျိန်စာတိုက်သည်။ ကောင်းသော ကိုယ်ကျင့်တရား ရှိခဲ့သူ၏ ကျိန်စာဖြစ်၍ ကျိန်စာက အသက်ဝင်သည်။ ထိရောက်မှုရှိသည်။
လုံးဝ မတောင်းပန်နိုင်ဘူး (၁)
တာင်းပန်ရမယ်၊ တောင်းပန်ရမယ် ဟုတ်လား၊ ဒီကိစ္စမှာ သူမှ မမှားတာ၊ မမှားတာကို တောင်းပန်ရမယ်ဆိုတဲ့ကိစ္စက ဟုတ်ကို မဟုတ်ဘူး။ မှားတဲ့သူကို မှန်တဲ့သူက တောင်းပန်ရမယ်တဲ့။ ကြားလို့မှ ကောင်းကြသေးရလား မသိဘူး။ ဘုရားကိုတော့ ကြည်ညိုပါတယ်၊ လေးစားပါတယ်၊ ဒါပေမယ့် ဘုရားစကားကိုတော့ နားမထောင်နိုင်ဘူး။ ကောကာလိကသည် ဘုရားရှင်ကို ဦးသုံးကြိမ်ချပြီး ထွက်လာသည်။ သူ့ရင်ထဲတွင် ဒေါသအစိုင်အခဲတို့သည် လောကကြီးတစ်ခုလုံးကို မှောင်မိုက် နေစေသည်။ သူဘာကိုမှ မမြင်။ သူ့ရင်ထဲရှိ ဒေါသတရားတို့သည် သူ့ကို ဘာမှ မမြင်အောင် ဖုံးလွှမ်းထားလေသည်။ အမှားကို အမှားမှန်း မသိ။ အမှန်ကို အမှန်မှန်းမသိတော့။ မှန်သည်ကို အမှန်ဟု ပြောလာသူအား ဘက်လိုက်သည်ဟု သူထင်လာသည်။ သူ့အတွေးထဲတွင်တော့ သူလုံးဝ မမှား။ မမှားရေးချ မမှား။ ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့သာ မှားသည်။ ဘုရားရှင်၏ လက်ယာရံ၊ လက်ဝဲရံဖြစ်ရသည်နှင့် ဒင်းတို့က မာန်တက်သည်။ ကြည့်ကြပါဦး။ သူနေထိုင်ရာ သူမှီတင်းရာ သူ့ရွှာလေးသို့ ရောက်တောင့်ရောက်ခဲ ရောက်လာခဲ့သည်။ သူ့ဆီသို့ ဘုရားရှင်၏ အားအထားရဆုံး တပည့်ကျော်များဖြစ်သည့် လက်ယာရံ၊ လက်ဝဲရံများ ရောက်လာသဖြင့် သူ့မှာ ဝမ်းသာလို့မဆုံး။ ထို့အတွက်လည်း သူက သူတတ်နိုင်သော အလုပ်ကို သူလုပ်ပေးသည်။ အထင်ကရ ပုဂ္ဂိုလ်ရောက်ခိုက် ရွာသူ ရွာသားများက ပစ္စည်း ပစ္စယများကို လှူဒါန်းစေလိုသည်။ ထို့ကြောင့် ရွာသူ ရွာသားများကို အရှင်နှစ်ပါးကို လှူရန် သူတိုက်တွန်းသည်။ ရွာသူ ရွာသားများကလည်း အရှင်နှစ်ပါးကို ကောင်းပေ့ ညွှန့်ပေ့