၂၀ ရာစု နှောင်းပိုင်း ဘာသာရေး အခင်းအကျင်း ၁၉၈၀ မတိုင်မီက ဘာသာဝင်တဦးဦးအနေဖြင့် ၎င်းတို့၏ ဘာသာအပေါ် အမွှမ်းတင်ခြင်းမျိုးနှင့် ဘာသာရေးအတွက် အထူးအရေးပေးကာ တစိုက်မတ်မတ်လုပ်ခဲ့ခြင်းမျိုးမရှိ။ ဒဿနပညာရှင်များ၊ ဘာသာရေးပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးပညာရှင်များတို့ကသာ ကောက်ချက်အမျိုးမျိုးချ၍ ဘာသာရေးအပေါ် ထင်မြင်ချက်အမျိုးမျိုး ပေးခဲ့ခြင်းနှင့် ပိုပိုသာသာရေးခဲ့ခြင်းမျိုးသာ ရှိခဲ့၏။ ဘာသာရေးခေါင်းဆောင် ဖြစ်သူများနှင့် နီးစပ်သူအချို့တို့ ဘာသာရေးအပေါ် အထူးအားစိုက်ခဲ့မှုများ ရှိခဲ့သော်လည်း အတော်ပင် နည်းပါ၏။ ထိုခေတ်ကာများ၌ ဘာသာရေးအရေးကို ဘာသာရေးခေါင်းဆောင်နှင့် နီးစပ်သူ မဟုတ်ပါဘဲလျက် ဘာသာရေးနှင့် ထဲထဲဝင်ဝင် ယှက်နွယ်ခဲ့သူဆိုပါက ထိုသူသည် နိုင်ငံရေးသမားတဦးဖြစ်မှာ သေချာ၏။ ထိုမတိုင်ခင်က ဘာသာရေးကြောင့် ပဋိပက္ခများ စစ်ပွဲများ မဖြစ်ခဲ့မဟုတ်။ ဖြစ်ခဲ့ပါသည်။ သို့သော် ဘာသာရေးစစ်ပွဲများ ပဋိပက္ခများကို မိမိလေးမြတ်သည့် ဘာသာအပေါ် မထိခိုက်စေလိုသော သဘောထားကြောင့် ဘာသာရေးအမည်မတပ်ခဲ့ကြရာ မတူညီသည့် ဘာသာဝင်များ ရောနှောနေထိုင်မှုများ ရှိခဲ့ကြသည်။ ၁၉၈၀ နောက်ပိုင်းတွင် စစ်ပွဲများ ပဋိပက္ခများအပေါ် ဘာသာရေးအမည်အား သာမန်ကိစ္စတခုကဲ့သို့ ထည့်သုံးလာကြသည်။ အချို့ ဘာသာရေးဒဿနပညာရှင်များက လူတိုင်းမျှမျှ စိတ်ဝင်စားစေခဲ့သည့်အလျောက် ဘာသာရေးအပေါ် တခမ်းတနား ဝိုင်းဝန်း၍ ရွှေနားကွပ်ခဲ့ကြသည်မှာ ၁၉၈၀ နောက်ပိုင်းမှသာ ဖြစ်သည်။ ဘာသာရေးသည် ချိန်ခွင်လျှာပေါ် ရောက်သွားခဲ့သည်နှင့် လူတို့သည်လည်း ဘက်စုခဲ့ကြသည်ဟု ဆို၏။ ထိုမှသည် ဘာသာရေးဆူးလှည်းကြီးလည်း လူတိုင်း၏နှလုံးသားများဘေး ဖြတ်မောင်းသွားခဲ့လေတော့သတည်း ဟုဆိုရမည်။ ထို့ကြောင့်လား မသိ။ အမျိုးသားပညာရေး ဝန်ကြီးဖြစ်သူ ဦးဖိုးကျား၏ မယ်မြဝတ္ထုမှာ ၁၉၃၀ ကရေးခဲ့သည်။ ရုပ်ရှင်ဒါရိုက်တာ ဇာတ်ညွှန်းရေးဆရာ