ပုံကိုကြည့်ပါ။ အဲဒီ ကော်ဖီသီးက မှည့်နေပြီ။ ဒါပေမယ့် …။ “ဒါပေမယ့်” ဆိုတာကို ကျွန်တော်က ဒါပေတဲ့လို့ ရေးချင်တာ။ ဒါပေမယ့် မရေးရဲဘူး။ မရေးရဲတာက သူများကြောင့် မဟုတ်ဘူး။ ကိုယ့်ကြောင့်။ ဒါပေတဲ့ လို့သုံးတဲ့ စာရေးသူကြီးတွေက နည်းတယ်။ ကျွန်တော်က စိုးရိမ်တကြီး ဒီကောင် ဒီလူ့စာတွေ လွှမ်းမိုးခံရပါသော်ကော ဆိုတာမျိုး ပြောကြမှာ ကြောက်တာ။ ကြောက်စိတ်ဆိုတာ အရာအားလုံးကို ပိတ်ဆို့ပစ်တာပဲ။ အရာမဟုတ်တာကို အရေးလုပ်ပေးရတယ်။ တခါခါ ရေးရင်း ဒါပေတဲ့လို့ ထည့်ထည့်ချင် လာပြန်တယ်။ ထည့်လိုက်တယ်။ ပြန်ဖျက်တယ်။ ဘာဖြစ်သေးလဲ စိတ်ဝင်လာပြီး ဒါပေ ပြန် တဲ့ လိုက်တယ်။ ပြီးတော့ အားလုံး သုံးနေကြတဲ့ မယ့် ကိုထည့်တာပဲ ကောင်းပါတယ် ဖြစ်ပြန်တယ်။ ဘယ်သူမှ မပြောဘဲ ကိုယ့်ကိုယ်ကို ပြန်ပြောတဲ့ စကားက တော်တော်ဆိုးတယ်။ ကိုယ်ကိုယ်တိုင်က မရှင်းလင်းဘူးဆိုရင် အကုန် ယောင်ဝါးဝါးဖြစ်ကုန်တာပဲ။ သူများစကားနားယောင်တာ ဘာအကျိုးမှလည်း မရှိဘူး။ ဒါပေမယ့် ဒီမှာတော့ ဒါပေမယ့်ပဲ ဒါပေမယ့်တော့မယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် ခူးလို့ရပြီလား။ ကော်ဖီသီးမှည့်နေပြီ။ ဒါပေမယ့် ခူးလို့ရပြီလား။ နည်းနည်း ဆက်ထားရဦးမှာလား။ နည်းနည်းဆိုတာ ဘယ်နှစ်ရက်လဲ။ နှစ်ရက်လား။ နှစ်ပတ်လား။ ဒါမှမဟုတ် နည်းနည်းလွန်နေပြီလား။ လွန်သွားပြီဆိုရင် ဘယ်နှစ်ရက်လဲ။ တရက်လား။ နှစ်ရက်လား။ ကဲ ခူးတဲ့ ကိစ္စခဏနားပြီး ကော်ဖီသီးကို ကြည့်လိုက်ပါဦး။ ဒီကော်ဖီက ဘာအမျိုးအစားလဲ။ ကိုင်းကို ဆက်ကြည့်။ သီးနေတဲ့ ပုံက