ဒါကတော့ လျှို့ဝှက်ချက်အမျိုးမျိုးထဲက လျှို့ဝှက်ချက်တခုအကြောင်းပါ။ လျှို့ဝှက်စရာကို လျှို့ဝှက်ရင်း လျှို့ဝှက်ချက်ဖြစ်လာတဲ့ လျှို့ဝှက်ချက်ကလေးပေါ့။ လျှို့ဝှက်ချက်ဆိုပေမယ့် ထိပ်တန်းလျှို့ဝှက်ချက် မဟုတ်ပါဘူး။ ရိုးရိုး လျှို့ဝှက်ချက်ပါ။ ပီယဆေးဖော်နည်း လျှို့ဝှက်ချက် မဟုတ်ပါဘူး။ သာမန်လျှို့ဝှက်ချက်ပါ။ နိုင်ငံတော် လျှို့ဝှက်ချက်မဟုတ်ပါဘူး။ အကောင်းမြင်စိတ်ထားနည်း လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ရုပ်ရှင်မင်းသမီးတယောက်ရဲ့ လျှို့ဝှက်ချက်မဟုတ်သလို စီအီးအိုတယောက်ရဲ့ လိင်ကိစ္စအရှုပ်တော်ပုံ လျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး။ ရိုးရိုးမှ တကယ့်ရိုးရိုး လျှို့ဝှက်ချက်ပါ။ သင်္ချာပုစ္ဆာဖြေရှင်းနည်း လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ဟင်းချက်နည်းလျှို့ဝှက်ချက် မဟုတ်သလို အောင်မြင်ရေးလျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး။ လျှို့ဝှက်ထောက်လှမ်းရေးရဲ့ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ကိုကာကိုလာစပ်နည်းလျှို့ဝှက်ချက် မဟုတ်သလို မနက်စောစောထနည်း လျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး။ ရိုးရိုးလျှို့ဝှက်ချက်ကလေးပါ။ ကိုယ်ဝန်ဖျက်ချတဲ့ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ မဲစာရင်း လျှို့ဝှက်ချက်မဟုတ်သလို ကိုယ်ပေးခဲ့တဲ့ မဲလျှို့ဝှက်ချည်လည်း မဟုတ်ပါဘူး။ ရည်းစားဟောင်းရဲ့ လျှို့ဝှက်ချက်မဟုတ်သလို ကုလညီလာခံအစီရင်ခံစာ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ထည့်သွင်းစဉ်းစားစရာ မလိုတဲ့ လျှို့ဝှက်ချက်မျိုးပါ။ ဧရိယာ ၅၁ အတွင်းရေးလျှို့ဝှက်ချက် မဟုတ်သလို ဘာသာရေးလျှို့ဝှက်ချက် မဟုတ်ပါဘူး။ လျှို့ဝှက်ချက်လို့ ပြောဖို့တောင် မထိုက်တန်တဲ့ လျှို့ဝှက်ချက်မျိုးရယ်ပါ။ အိုင်ဖုန်းနည်းပညာ လျှို့ဝှက်ချက်မဟုတ်သလို မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ လျှို့ဝှက်ချက်လည်း မဟုတ်ရပါဘူး။ လိင်စိတ်အပြောင်းအလဲ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ အိမ်ထောင်ရေးဖောက်ပြန်တဲ့ လျှို့ဝှက်ချက်မဟုတ်သလို သုံးလအတွင်း ချမ်းသာနည်းလျှို့ဝှက်ချက် မဟုတ်ပါဘူး။ တရားမဝင်တဲ့လျှို့ဝှက်ချက် မဟုတ်သလို တရားဝင်တဲ့လျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး။ လျှို့ဝှက်ချက်က ရိုးရိုးလျှို့ဝှက်ချက်ပါ။ ဘာများပါလိမ့်။ လျှို့ဝှက်ချက်က “တနေ့တော့ အချိန်တခုမှာ နိုင်ငံတခုက သမ္မတရဲ့နှလုံးသားတည့်တည့်ဆီ ကျည်ဆံတတောင့်ဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လေဟာနယ်တခုကို