ဖာမီဝိရောဓိကိုရေးပြီး ယူကျူ့မှာ အဲဒီဝိရောဓိကို သွားတွေ့တာပဲ။ ဖတ်တဲ့သူ ဝိယောဓိလို့ဖတ်နေလို့ နားတော့ မထောင်ခဲ့ဘူး။ မြန်မာစာမှာ ရကောက်နှင့် ယပက်လက် အသံက တူနေတာကိုး။ မြန်မာစာက ဗြဟ္မီအက္ခရာကို မှီငြမ်းခဲ့တာဆိုတော့ ရှိတဲ့အတိုင်း လိုက်ကူးခဲ့ကြပုံပဲ။ ထွင်လည်း မထွင်တတ်တော့ အရှိအတိုင်းပဲ ကူးရတာပေါ့လေ။ ၄၀ ကျော်ရော။ ပိုကုန်ရော။ ဒါနဲ့ အပိုအက္ခရာကို အလကားမဖြစ်အောင် ကြံရတာပေါ့။ ပါသက်တွေ ပေါသက်တွေလုပ်ရတာပေါ့။ ဒါတောင် အသံတွေအကုန် မရေးပြနိုင်သေးဘူး။ ပြီးတော့ သတ်ပုံစည်းကမ်းတွေ ထုတ်ကြပေါ့။ နောင်လာနောက်သားတွေလည်း အဲဒဏ်ခံကြရတာပေါ့။ ဗြဟ္မီကနေ ပျူပြီးရင် မွန်နဲ့ မြန်မာက ဆက်ကူးခဲ့တာပဲ။ အနောက်ကစာတွေ သွားကူးရင် ၂၆ ပတ်ချာလည်ပဲ။ ရုရှားတောင်မှ ၃၃ ပဲရှိတာ။ နီးရာကူးကြတာပေါ့လေ။ ကမ္ဘာပေါ်မှာ စာ၊ စကား၊ ယဉ်ကျေးမှု၊ တူရိယာ၊ အဝတ်အစားအားလုံးဟာ ပုံတူကူးခဲ့ကြတာချည်းပါပဲ။ ဟိုးအစကို ပြောရရင်တော့ အာဖရိက။ ဒါပေမယ့် ဂရိယဉ်ကျေးမှု ရှိနေချိန်မှာ အာရှမှာ မွန်ဂို၊ ခမာ၊ အိန္ဒိယ လူမျိုးလည်း ရှိနေပြီ။ လက်ရှိအာရှမှာတော့ သူတို့ဆီကနေ ပုံတူကူးခဲ့တာတွေချည်းပဲ။ အဲဒီကနေ အဆင့်ဆင့်ကို အထပ်ထပ်မြှင့်ပြီး ကိုယ့်စာ၊ ကိုယ့်စကား၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်တူရိယာ၊ ကိုယ့်အဝတ်အစားလို့ အတည်တကျ သတ်မှတ်ပြီးနောက် စည်းကမ်းကာလနားတွေ ထုတ်ခဲ့ကြတယ်။ အစကတော့ လူမျိုးစုတွေက ဒီအတိုင်းပဲ။ အဝတ်အစားရှိတယ်။ စကားရှိတယ်။ လူမျိုးလို့လည်း ရှိတယ်။ ဒါပေမယ့် သတ်မှတ်ထားတာက ပုံသေစည်းနဲ့ ကမ်းနဲ့ မဟုတ်ဘူး။ အိုင်ဒင်တတီလို့ခေါ်ကြတဲ့ ဖြစ်တည်မှုကြီးတရပ်အနေနဲ့