တတိယစောင်စုနှစ်သို့ ဝင်ရောက်လာသည့် ဘာသာရေး မီးလောင်နေတဲ့ အခန်းရဲ့ ပြတင်းကနေတယောက်၊ နှစ်ယောက်၊ ပြီးတော့ အများအပြားလူတွေ မြေကြီးဆီ ခုန်ချ။ဓာတ်ပုံတွေဆိုတာကဘဝကို တနေရာရာမှာ ရပ်တန့်နေစေသလိုမြေပြင်ဟာ သူတို့ဘဝကို ဓာတ်ပုံရိုက်နေပေါ့။အောင်မြင်နေတဲ့ လူအများအပြားရဲ့ ဘဝကိုတခြားလူကနေ သိမ်းဆည်းပစ်လိုက်ဖို့သူတို့မျက်နှာဆီကနေ သွေးတွေကပုန်းလိုက်ကြတာ မဟုတ်ပါဘူးနော်။ငါတို့အင်္ကျီ အိပ်ကပ်ထဲကနေသော့၊ ဘောလ်ပင်၊ အကြွေစေ့တွေ ပြုတ်ကျဖူးတယ်ဒါပေမယ့် ပြတင်းပေါက်ကနေ လူတွေပြုတ်ကျနေတာမျိုးတော့ မကြုံဖူးခဲ့ဘူးကွယ်။ ဂုဏ်ပြုကဗျာ။ သို့မဟုတ် လူ ၃၀၀၀ နီးပါး တမနက်အတွင်း သေဆုံးသွားရမှုအတွက် သီဖွဲ့ကျူးရင့်သည့် အမှတ်တရကဗျာ။ ဤကဗျာမှာ ၂၀၀၅ ခုနှစ်က ပိုလန်ကဗျာဆရာမကြီး Wisława Szymborska မှ ပိုလန်ဘာသာဖြင့် ရေးစပ်ခဲ့သော “စက်တင်ဘာဆယ့်တစ်ရက်ဓာတ်ပုံ” ဆိုသည့် ကဗျာဖြစ်သည်။ ကဗျာဆရာမသည် နူးညံ့သောနှလုံးသား ချစ်တတ်သောနှလုံးသား စာနာသောနှလုံးသား မိမိရပ်ဝန်းမှ လူအများအပြား နှုတ်မဆက်ဘဲ ထွက်ခွာသွားမှုအပေါ် နာကျင်ကြေကွဲသော နှလုံးသားတို့ဖြင့် ဤကဗျာကို ရေးစပ်ခဲ့သည်။ လူတဦးတယောက်၏ မူလပကတိနှလုံးသားမျိုး ဖြစ်ပါသည်။ လူတိုင်းထံတွင် ဤနှလုံးသားမျိုးကို မွေးကင်းစမှ သိတတ်စအရွယ်အထိ ပိုင်ဆိုင်ကြပါသည်။ ဖြူစင်သောလူသား အပြစ်ကင်းသည့် အဖြူထည်လူသားဆိုသည့် အချက်သည် သိတတ်စအရွယ်၏ အလွန်၌ စ၍နိဋ္ဌိတံပါသည်။ ရသေ့နှစ်ပါးထံ ရောက်သွားသော ကျေးညီနောင်ပုံပြင်ကဲ့သို့ပင် လူတယောက်၏ သိမှုနယ်ပယ်တွင် လာရောက်ကျက်စားသော အရာများက အမျိုးမျိုးကွဲပြားလျက် ရိုးတွင်းခြင်ဆီထိ စတင်ခိုဝင်သည်။ တချို့သော လူများက ဤကဗျာဆရာမကဲ့သို့ မည်သည့် အသက်အရွယ်သို့ရောက်ရောက် ဖြူစင်သော နှလုံးသားကို မစွန့်လွတ်။ သို့သော် လူအများစုကတော့ သိတတ်စအရွယ်ကတည်းကပင် ဖြူစင်မှုကို စွန့်လွတ်ပစ်လိုက် ကြသည်။ ကဗျာဆရာမသည်