• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Tag: ဗုဒ္ဓ

2 Articles

လွတ်လပ်စွာတွေးခေါ်သူများ (၅)

ရွှေလမှာယုန်ဝပ်လို့ ဆန်ဖွတ်သည့်အဘိုးအို။ ၂၁ ရာစုအတွင်း နိုင်ငံသစ်များ ဖြစ်ပေါ်လာသည်။ နိုင်ငံတနိုင်ငံအတွင်းတွင်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ပေါ်ပေါက်လာသည်။ တချို့သော နိုင်ငံတွင်မူ ကျွန်းစုတစုကို နိုင်ငံအဖြစ် ခွဲထွက်ခွင့်တောင်းဆိုပြီး နိုင်ငံသစ် တည်ထောင်လာကြသည်။ ကိုလိုနီခေတ်အလွန် မာစ်၊ မာစ်-လီနင်၊ ဖက်ဆစ်၊ ကွန်မြူနစ်နှင့် ဒီမိုကရေစီဝါဒများ အလွန်တွင် ပေါ်ပေါက်လာသော နိုင်ငံသစ်များနှင့်အတူ ပြဿနာအသစ်များလည်း တပါတည်း လိုက်ပါလာသည်။ ထိုအရာကား ဘာသာရေးပြဿနာဖြစ်သည်။ ကမ္ဘာပေါ်ရှိနိုင်ငံများကို လေးနိုင်ငံသာ ရှိသည်ဟု တွက်ချက်ပါက သုံးနိုင်ငံသည် ဘာသာရေးပဋိပက္ခနှင့် ရင်ဆိုင်နေရသည်။ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံအလိုက် မှတ်တမ်းများအရ ဘာသာရေးနှင့် ပတ်သက်သော ပဋိပက္ခများ ၂၁၂ ခုဖြစ်ခဲ့သည်။ ၁၉၇၈ ခုနှစ် ဩဂုတ်လတွင် စီအိုင်အေမှ ဘာသာရေးကို ယုံကြည်သည့် စွမ်းအားဖြင့် ဘယ်သောအခါမှ ပဋိပက္ခများဖြစ်စေနိုင် လိမ့်မည်မဟုတ်ဟု ယုံယုံကြည်ကြည် ပြောဖူးပါသည်။ ၁၉၇၈ ခုနှစ် အီရန်တွင် Enqelāb-e Eslāmī ဟုခေါ်သော အစ္စလာမ္မစ်တော်လှန်ရေးတရပ် ပေါ်ပေါက်ခဲ့သည်။ ဘုရင့်စနစ်ကို ဖြုတ်ချပြီး သမ္မတနိုင်ငံ ထူထောင်နိုင်ခဲ့သည်။ ဘာသာရေးခေါင်းဆောင်များ၊ သူဌေးသူကြွယ်များနှင့် ပညာတတ်များတစုတစည်းတည်း ဖြစ်သွားသည်။ ဆိုဗီယက်၊ ဥရောပနှင့် အမေရိကတို့၏ ဝင်ရောက်စွက်ဖက်မှုကို လုံးဝတားဆီးနိုင်ခဲ့ကြသည်။ ရှားဘုရင်နှင့်တကွ ဥရောပအုပ်စုနိုင်ငံများနှင့် ဒီမိုကရေစီအရေး စောင့်ကြည့်လေ့လာသူ ပညာရှင်များက အီရန်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် ဘာသာရေးယုံကြည်မှုကို အခြေပြုခဲ့သည်။ ဤယုံကြည်မှုမျိုးသည် ရေရှည်တွင် အခြားနိုင်ငံများကို ခြိမ်းခြောက်လာနိုင်သည်ဟု သုံးသပ်ခဲ့ကြသည်။ ထိုသုံးသပ်မှုအပေါ် စီအိုင်အေက ဘာသာရေးကို အားကိုးစရာ ယုံကြည်စရာအဖြစ် ထည့်ပင်မတွက်ဘဲ

ဆက်ဖတ်ကြည့်ပေါ့

လွတ်လပ်စွာတွေးခေါ်သူများ (၃)

တတိယစောင်စုနှစ်သို့ ဝင်ရောက်လာသည့် ဘာသာရေး မီးလောင်နေတဲ့ အခန်းရဲ့ ပြတင်းကနေတယောက်၊ နှစ်ယောက်၊ ပြီးတော့ အများအပြားလူတွေ မြေကြီးဆီ ခုန်ချ။ဓာတ်ပုံတွေဆိုတာကဘဝကို တနေရာရာမှာ ရပ်တန့်နေစေသလိုမြေပြင်ဟာ သူတို့ဘဝကို ဓာတ်ပုံရိုက်နေပေါ့။အောင်မြင်နေတဲ့ လူအများအပြားရဲ့ ဘဝကိုတခြားလူကနေ သိမ်းဆည်းပစ်လိုက်ဖို့သူတို့မျက်နှာဆီကနေ သွေးတွေကပုန်းလိုက်ကြတာ မဟုတ်ပါဘူးနော်။ငါတို့အင်္ကျီ အိပ်ကပ်ထဲကနေသော့၊ ဘောလ်ပင်၊ အကြွေစေ့တွေ ပြုတ်ကျဖူးတယ်ဒါပေမယ့် ပြတင်းပေါက်ကနေ လူတွေပြုတ်ကျနေတာမျိုးတော့ မကြုံဖူးခဲ့ဘူးကွယ်။ ဂုဏ်ပြုကဗျာ။ သို့မဟုတ် လူ ၃၀၀၀ နီးပါး တမနက်အတွင်း သေဆုံးသွားရမှုအတွက် သီဖွဲ့ကျူးရင့်သည့် အမှတ်တရကဗျာ။ ဤကဗျာမှာ ၂၀၀၅ ခုနှစ်က ပိုလန်ကဗျာဆရာမကြီး Wisława Szymborska မှ ပိုလန်ဘာသာဖြင့် ရေးစပ်ခဲ့သော “စက်တင်ဘာဆယ့်တစ်ရက်ဓာတ်ပုံ” ဆိုသည့် ကဗျာဖြစ်သည်။ ကဗျာဆရာမသည် နူးညံ့သောနှလုံးသား ချစ်တတ်သောနှလုံးသား စာနာသောနှလုံးသား မိမိရပ်ဝန်းမှ လူအများအပြား နှုတ်မဆက်ဘဲ ထွက်ခွာသွားမှုအပေါ် နာကျင်ကြေကွဲသော နှလုံးသားတို့ဖြင့် ဤကဗျာကို ရေးစပ်ခဲ့သည်။ လူတဦးတယောက်၏ မူလပကတိနှလုံးသားမျိုး ဖြစ်ပါသည်။ လူတိုင်းထံတွင် ဤနှလုံးသားမျိုးကို မွေးကင်းစမှ သိတတ်စအရွယ်အထိ ပိုင်ဆိုင်ကြပါသည်။ ဖြူစင်သောလူသား အပြစ်ကင်းသည့် အဖြူထည်လူသားဆိုသည့် အချက်သည် သိတတ်စအရွယ်၏ အလွန်၌ စ၍နိဋ္ဌိတံပါသည်။ ရသေ့နှစ်ပါးထံ ရောက်သွားသော ကျေးညီနောင်ပုံပြင်ကဲ့သို့ပင် လူတယောက်၏ သိမှုနယ်ပယ်တွင် လာရောက်ကျက်စားသော အရာများက အမျိုးမျိုးကွဲပြားလျက် ရိုးတွင်းခြင်ဆီထိ စတင်ခိုဝင်သည်။ တချို့သော လူများက ဤကဗျာဆရာမကဲ့သို့ မည်သည့် အသက်အရွယ်သို့ရောက်ရောက် ဖြူစင်သော နှလုံးသားကို မစွန့်လွတ်။ သို့သော် လူအများစုကတော့ သိတတ်စအရွယ်ကတည်းကပင် ဖြူစင်မှုကို စွန့်လွတ်ပစ်လိုက် ကြသည်။ ကဗျာဆရာမသည်

ဆက်ဖတ်ကြည့်ပေါ့

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress