• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Tag: ဗုဒ္ဓဘာသာ

4 Articles

လွတ်လပ်စွာတွေးခေါ်သူများ (၆)

ရေနောက်ပေမယ့် ခြေရာမပျောက် “သရဲတွေက အဝတ်ဖြူဖြူကြီးတွေဝတ်လို့၊ သံကြိုးကြီးတွေ တကားကားနဲ့ လျှောက်သွားနေကြတယ် ဗူးဝူး” အန်နီဆိုသည် အစ်မဖြစ်သူက သူမလက်ထဲတွင် ကိုင်ထားသည့် ကြိုးများသွယ်ထားသော အဖြူရောင်ဝတ်စုံနှင့် ရုပ်သေးရုပ်ကို ရုတ်တရက်လွဲလိုက်ရင်း သူ့မောင်လေးဖြစ်သူ နီကိုလပ်စ်အား ခြောက်လှန့်လိုက်သည်။ ဘေးနားတွင် ထိုင်နေသော နီကိုလပ်စ်လေးက မျက်မှောင်ကုတ်၍ စူပုပ်သော မျက်နှာဖြင့် နောက်ကိုယို့သွား သည်။ အန်နီနှင့် နီကိုလပ်စ်နှစ်ဦးကစားသည်ကို စောင့်ကြည့်နေသော အိမ်တော်ထိန်းအဘွားအို ဖီယွန်နူလာက အန်နီကို လက်ဖြင့် လှမ်းတားရင်း သတိပေးသည်။ “အန်နီ ဘာလို့ ပုံပြင်တွေကို ထွင်ပြောနေတာလဲ” “သမီးထွင်မပြောပါဘူး၊ စာအုပ်ထဲက ပါတာတွေကိုပဲ ပြောတာပါ” အန်နီက အဘွားပြောသည်ကို တချက်မော့မကြည့်ဘဲ သူမလက်ထဲရှိ ကြောက်စရာကောင်းနေသော ရုပ်သေးရုပ်ကို ဟိုဒီလှည့်ကစားရင်း ပြောသည်။ “ဟုတ်ပါပြီ၊ ဒါပေမယ့် စာအုပ်ထဲပါတဲ့ အရာအားလုံးကို မယုံသင့်ဘူးနော်” အိမ်တော်ထိန်းအဘွား၏ စကားကို အန်နီက ပြန်ဖြေသည်။ “မေမေလည်း အဲလိုပြောတာပဲ၊ စာအုပ်တွေထဲမှာပါတဲ့ သရဲအကြောင်းတွေက လျှောက်ရေးကြတာတဲ့” ထိုအခါမှ အန်နီက အိမ်တော်ထိန်းကို မော့ကြည့်ပြီး ဆက်ပြောသည်။ “နောက်ကျပြန်တော့ မေမေက သမ္မာကျမ်းစာအုပ်ထဲက ပါသမျှ အကုန်လုံးကို ယုံစေချင်ပြန်ရော” အိမ်တော်ထိန်းအဘွားအိုက မည်သို့သော အမူအရာမျှ မပြောင်းလဲဘဲ “သမီးက မယုံဘူးပေါ့” ဟု တည်ငြိမ်စွာ မေးလိုက်သည်။ အန်နီက ခေါင်းငြိတ်ရင်း အိမ်တော်ထိန်းအမေးကို ပြန်ဖြေသည်။ “သမ္မာကျမ်းစာထဲ ပါတဲ့ တချို့အရာတွေကိုတော့ ယုံပါတယ်၊ ဒါပေမယ့် ဘုရားသခင်က ကမ္ဘာကြီးကို ခုနှစ်ရက်တည်းနဲ့ အပြီးဖန်ဆင်းတယ်ဆိုတာမျိုးကို မယုံဘူး၊

ဆက်ဖတ်ကြည့်ပေါ့

လွတ်လပ်စွာတွေးခေါ်သူများ (၂)

၂၀ ရာစု နှောင်းပိုင်း ဘာသာရေး အခင်းအကျင်း ၁၉၈၀ မတိုင်မီက ဘာသာဝင်တဦးဦးအနေဖြင့် ၎င်းတို့၏ ဘာသာအပေါ် အမွှမ်းတင်ခြင်းမျိုးနှင့် ဘာသာရေးအတွက် အထူးအရေးပေးကာ တစိုက်မတ်မတ်လုပ်ခဲ့ခြင်းမျိုးမရှိ။ ဒဿနပညာရှင်များ၊ ဘာသာရေးပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးပညာရှင်များတို့ကသာ ကောက်ချက်အမျိုးမျိုးချ၍ ဘာသာရေးအပေါ် ထင်မြင်ချက်အမျိုးမျိုး ပေးခဲ့ခြင်းနှင့် ပိုပိုသာသာရေးခဲ့ခြင်းမျိုးသာ ရှိခဲ့၏။ ဘာသာရေးခေါင်းဆောင် ဖြစ်သူများနှင့် နီးစပ်သူအချို့တို့ ဘာသာရေးအပေါ် အထူးအားစိုက်ခဲ့မှုများ ရှိခဲ့သော်လည်း အတော်ပင် နည်းပါ၏။ ထိုခေတ်ကာများ၌ ဘာသာရေးအရေးကို ဘာသာရေးခေါင်းဆောင်နှင့် နီးစပ်သူ မဟုတ်ပါဘဲလျက် ဘာသာရေးနှင့် ထဲထဲဝင်ဝင် ယှက်နွယ်ခဲ့သူဆိုပါက ထိုသူသည် နိုင်ငံရေးသမားတဦးဖြစ်မှာ သေချာ၏။ ထိုမတိုင်ခင်က ဘာသာရေးကြောင့် ပဋိပက္ခများ စစ်ပွဲများ မဖြစ်ခဲ့မဟုတ်။ ဖြစ်ခဲ့ပါသည်။ သို့သော် ဘာသာရေးစစ်ပွဲများ ပဋိပက္ခများကို မိမိလေးမြတ်သည့် ဘာသာအပေါ် မထိခိုက်စေလိုသော သဘောထားကြောင့် ဘာသာရေးအမည်မတပ်ခဲ့ကြရာ မတူညီသည့် ဘာသာဝင်များ ရောနှောနေထိုင်မှုများ ရှိခဲ့ကြသည်။ ၁၉၈၀ နောက်ပိုင်းတွင် စစ်ပွဲများ ပဋိပက္ခများအပေါ် ဘာသာရေးအမည်အား သာမန်ကိစ္စတခုကဲ့သို့ ထည့်သုံးလာကြသည်။ အချို့ ဘာသာရေးဒဿနပညာရှင်များက လူတိုင်းမျှမျှ စိတ်ဝင်စားစေခဲ့သည့်အလျောက် ဘာသာရေးအပေါ် တခမ်းတနား ဝိုင်းဝန်း၍ ရွှေနားကွပ်ခဲ့ကြသည်မှာ ၁၉၈၀ နောက်ပိုင်းမှသာ ဖြစ်သည်။ ဘာသာရေးသည် ချိန်ခွင်လျှာပေါ် ရောက်သွားခဲ့သည်နှင့် လူတို့သည်လည်း ဘက်စုခဲ့ကြသည်ဟု ဆို၏။ ထိုမှသည် ဘာသာရေးဆူးလှည်းကြီးလည်း လူတိုင်း၏နှလုံးသားများဘေး ဖြတ်မောင်းသွားခဲ့လေတော့သတည်း ဟုဆိုရမည်။ ထို့ကြောင့်လား မသိ။ အမျိုးသားပညာရေး ဝန်ကြီးဖြစ်သူ ဦးဖိုးကျား၏ မယ်မြဝတ္ထုမှာ ၁၉၃၀ ကရေးခဲ့သည်။ ရုပ်ရှင်ဒါရိုက်တာ ဇာတ်ညွှန်းရေးဆရာ

ဆက်ဖတ်ကြည့်ပေါ့

သင့်ဘဝအား ပြောင်းလဲစေမည့် စာအုပ် (၂)

လက်ရှိဗုဒ္ဓဘာသာဝင် အများဆုံး ဂုဏ်ကိုပိုင်ဆိုင်ထားသည့် မြန်မာဗုဒ္ဓဘာသာဝင်သူတော်စင်များရော ဝိနယော သာသနဿအာယု ဆိုကာ ဝိနည်းသည် သာသနာ၏ အသက်ဖြစ်၍ ဝိနည်းရှိမှ သာသနာရှိမည်ဟု သေချာယုံကြည်လျက် ဝိနည်းစာအုပ်ကို သေချာချုပ်၍ ပလပ်စတစ်ဖြင့် ဖုံးပြီး သိမ်းထားကြသော ရဟန်းတော်များတို့ စနေ တနင်္ဂနွေညနေများတွင် ဣန္ဒြေသိက္ခာအပြည့်ဖြင့် “မင်းမေ-မို့ အဲကောင်က နောက်တန်းကို ပြန်ပေးရသလား” စသဖြင့် နားဝင်ချိုလှသည့် ပီယဝါစာဖြင့် အားပေးကြသော ဘောလုံးပွဲများ ကျင်းပရာ ဥရောပမှာတော့ ဘီစီ ၁ ရာစုကတည်းကနေ ခုထိ ၄ သန်းလောက်ပဲ ရှိသေးကြောင်း ပြ၏။ ၄ ရာစု ၅ ရာစုတွင် သာသနာပြုများ သွားရောက်ခဲ့သော်လည်း ဂရိယဉ်ကျေးမှု ထွန်းကားနေချိန်ဖြစ်ပြီး ဓမ္မဟောင်း ဓမ္မသစ်အပေါ် ယုံကြည်သူများကြား ပဋိပက္ခတွေ မပြတ်တမ်းဖြစ်နေသဖြင့် ထွန်းကားသင့်သလောက် မထွန်းကားနိုင်ခဲ့ဟုဆိုသည်။ ဂရိယဉ်ကျေးမှု ထွန်းကားသည်ဆိုသော်ငြား ဂရိသို့လည်း ဗုဒ္ဓဘာသာ ရောက်ခဲ့သေးသည်ဆို၏။ အမေရိက၊ အဖရိကနှင့် ဥရောပတွင် ပျံ့နေသော ဗုဒ္ဓဘာသာတို့သည် ထေရဝါဒဆိုသည့် ဗုဒ္ဓဘာသာအရေအတွက် အတော်နည်းသည်။ ထို့ပြင် ဧဝံဂေလိဗုဒ္ဓဘာသာဆိုတာမျိုးပင် ရှိနေပါသည်။ ဥရောပအကြောင်း ဆက်ရလျင်မူကား ဗီယက်နမ်တွင် ကွန်မြူနစ်စနစ်ကြောင့် ဖြစ်ရသော ပြည်တွင်းစစ်ပွဲများအကြား ဒဏ်ရာရသော မည်သူကိုမဆို သက်စွန့်ဆံဖျား သွားရောက်ကယ်တင်ပြီး ပြေးရင်းလွှားရင်း ငြိမ်းချမ်းရေး တရားဟောကြားကာ ငြိမ်းချမ်းစေနိုင်ခဲ့သည့် ဆရာတော်သစ်နက်ဟန်၏ ကျေးဇူးကြောင့် ဥရောပသားများ ဗုဒ္ဓဘာသာသို့ များများစားစား ကူးပြောင်းဝင်ရောက်ခြင်း မပြုသော်လည်း အနုမာနနည်းဖြင့် မရနိုင်သော အတွင်း၏ ငြိမ်းချမ်းခြင်းကို ရရှိဖို့ တရားထိုင်တဲ့လုပ်ငန်းကို အရှိန်အဟုန်တခုအနေဖြင့်

ဆက်ဖတ်ကြည့်ပေါ့

သင့်ဘဝအား ပြောင်းလဲစေမည့် စာအုပ် (၁)

ကျွန်ုပ်မှာ ဤစာအုပ်ကို ချပြချင်နေသည်မှာ အတော့်အတော်ပင် ကြာနေချေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၏ ဘဝကို ပြောင်းလဲစေခဲ့သော စာအုပ်တအုပ် ဖြစ်သောကြောင့်ပင် ဖြစ်သည်။ မည်သူမဆို မိမိ၏ အသက်ကို ကယ်ဖူးသော အသက်သခင်အား မမေ့သင့်။ ပညာကို မြိုချမိသဖြင့် ဗိုက်ထဲ ပညာရှိနေသည့် ပညာရှိ ဆိုသူများကလည်း သူတထူး၏ ကျေးဇူးကို မမေ့ထိုက်ပေဟု မိန့်ခဲ့လေ၏။ လူဟု ဖြစ်လာသည်နှင့်အမျှ ကျေးဇူးရှင် တည်းဟူသော ပုဂ္ဂိုလ်များ အသက်အလိုက် အရွယ်အလိုက် အရည်အချင်းအလိုက် အဆင့်အတန်းအလိုက် မြောက်များစွာကိုပင် တွေ့ဆုံခွင့် ပိုင်ဆိုင်ခွင့် ရကြစမြဲပါတကား။ မိခင်ဖြစ်သူက “နင့် ငါမွေးထားတာ” ဟုဆိုပြီး သူမက ကျွန်ုပ်၏ ကျေးဇူးရှင်ဖြစ်ကြောင်း သတိတရရှိတိုင်း ပြောတာက စမည်။ ဖခင်ဖြစ်သူက “နင့် ငါကျွေးထားတာ” ဆိုကာ တဖန် သူကလည်း ကျွန်ုပ်၏ ကျေးဇူးရှင်ဖြစ်ကြောင်း မေ့လောက်သော အချိန်တိုင်း၌ အပ္ပမာဒေန သမ္ပာဒေထ မမေ့မလျော့ မပေါ့မဆသော သတိတရား လက်ကိုင်ထား၍ အသိပေး၏။ အစ်ကိုဖြစ်သူက သူ၏ မတော်တော့သော အင်္ကျီများ ပေးခဲ့ရသည့် သုံးလေးနှစ်အရွယ် ကာလတခုကို ပြန်ပြန်တူးဖော်၍ သူလည်း ကျွန်ုပ်၏ ကျေးဇူးရှင်ဖြစ်ကြောင်း ဆို၏။ အစ်မဖြစ်သူက “နင့် ငါထိန်းခဲ့တာ” ဟုတဖန် သူမဘက်မှလည်း ကျွန်ုပ်၏ ကျေးဇူးရှင်ဖြစ်ကြောင်း မပျက်မကွက် ဆိုပြန်သည်။ အိမ်ကို လာနေကျ ဒေါ်ကြီးဖြစ်သူကလည်း “နင့် ငါကြည့်ပေးခဲ့တာ” ဟု အားကျမခံ ကျွန်ုပ်၏ ကျေးဇူးရှင်ဖြစ်ကြောင်း ဆိုပြန်ချေ၏။ ဘေးအိမ်မှ

ဆက်ဖတ်ကြည့်ပေါ့

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress