မဏ္ဍိုင်တခုအယိုင်တွင် အုတ်မြစ်တခုအခိုင်ဖြစ်စေခဲ့သည့် တော်လှန်ရေး လေပြေဟုဆိုငြား လေတိုက်ခတ်မှုနှုန်းက ပြတင်းတံခါးအနီး ချထားသော စာအုပ်များရှိပါက တဖျတ်ဖျတ် လှန်စေနိုင်သည့် အနေအထားတွင် ရှိသည်။ လမ်းမပေါ်တွင် သစ်ရွက်ခြောက်များ ဖုန်မှုန့်များ ပလပ်စတစ်များ မုန့်ထုပ်တွင်ပါသော တံဆိပ်များ စက္ကူစလေးများက လေပြေ၏ အလိုမတူဘဲ အတင်းအဓမ္မရွှေ့ပြောင်းခိုင်းမှု ဒဏ်ကို ခေါင်းငုံ့ခံနေကြရရှာလေတော့၏။ လေပြေက မည်သည့်အရာကိုမှ သတိပြုမိခြင်းမရှိဘဲ သူသွားရမည့် လမ်းကြောင်းအတိုင်းသာ တွေ့ကရာအားလုံးကို တိုက်ခတ်ရင်း သွားလေ၏။ သူ့လမ်းကြောင်းထဲတွင် တောင်ကုန်းတကုန်းနှင့် ထိုတောင်ကုန်းပေါ်ရှိ ၃၂၆ ပေအမြင့်ရှိ စေတီတဆူလည်းပါ၏။ ထိုအခါ တောင်ကုန်းပေါ်ရှိ စေတီထံမှ ဆည်းလည်းသံများ တချွင်ချွင် မြည်ဟိန်းသွား၏။ ဆည်းလည်းသံသည် ၁၁၄ ဧကကျယ်ဝန်းသော တောင်ကုန်းတခုလုံးကို သူ့အသံပိုက်ကွန်ဖြင့် ဖုံးအုပ်ပစ်လိုက်သည်။ တောင်ကုန်း၏ အမည်မှာ သင်္ဂုတ္တရဟုခေါ်ကြ၏။ စေတီအမည်မှာ ရွှေတိဂုံဟု ခေါ်ကြ၏။ စေတီသည် မည်သည့်ခေတ် ကာလတွင် မည်သူက မည်သို့သော ရည်ရွယ်ချက်ဖြင့် လှူဒါန်းပူဇော်မှုပြုခဲ့သည်ကို မသိရ။ ဥက္ကလာပမင်းတို့ တဖုဿနှင့် ဘလ္လိကာတို့ သရဏဂုံနှစ်ပါးတည်သူတို့ စသဖြင့် ရှိပေးသားပဲဟု စောဒကတက်ချင်က တက်နိုင်သည်။ အကယ်၍ တဦးတယောက်သောသူသည် သက်ဝင်သူ ဗုဒ္ဓဘာသာတဦး မှန်ခဲ့ပါက ဗုဒ္ဓတဆူ၏ ဓမ္မတာနှင့် ဗုဒ္ဓ၏ ကိုယ်စားပြု တည်ထားကိုးကွယ်မှု ဖြစ်စဉ်များကို လက်ခံကြမည်ဖြစ်သည်။ ထိုအခါ ဤရွှေတိဂုံသမိုင်းသည် နားထောင်၍ကောင်းသော ဇာတ်လမ်းပမာ နားဆင်စရာ ပြဇာတ်တပုဒ်လောက်သာ ဖြစ်ကြောင့်း သိပါလိမ့်မည်။ တာအိုဘာသာမှပြောသော ယင်းနဲ့ယန်ကဲ့ဆိုသည့် မဇ္ဈိမပဋိပဒါကို ပြဆိုမည်လား။ သို့မဟုတ် သဒ္ဓါနှင့်ပညာ ညီမျှစွာထားပါဆိုကာ သဒ္ဓါကို
လွတ်လပ်စွာတွေးခေါ်သူများ (၂)
၂၀ ရာစု နှောင်းပိုင်း ဘာသာရေး အခင်းအကျင်း ၁၉၈၀ မတိုင်မီက ဘာသာဝင်တဦးဦးအနေဖြင့် ၎င်းတို့၏ ဘာသာအပေါ် အမွှမ်းတင်ခြင်းမျိုးနှင့် ဘာသာရေးအတွက် အထူးအရေးပေးကာ တစိုက်မတ်မတ်လုပ်ခဲ့ခြင်းမျိုးမရှိ။ ဒဿနပညာရှင်များ၊ ဘာသာရေးပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးပညာရှင်များတို့ကသာ ကောက်ချက်အမျိုးမျိုးချ၍ ဘာသာရေးအပေါ် ထင်မြင်ချက်အမျိုးမျိုး ပေးခဲ့ခြင်းနှင့် ပိုပိုသာသာရေးခဲ့ခြင်းမျိုးသာ ရှိခဲ့၏။ ဘာသာရေးခေါင်းဆောင် ဖြစ်သူများနှင့် နီးစပ်သူအချို့တို့ ဘာသာရေးအပေါ် အထူးအားစိုက်ခဲ့မှုများ ရှိခဲ့သော်လည်း အတော်ပင် နည်းပါ၏။ ထိုခေတ်ကာများ၌ ဘာသာရေးအရေးကို ဘာသာရေးခေါင်းဆောင်နှင့် နီးစပ်သူ မဟုတ်ပါဘဲလျက် ဘာသာရေးနှင့် ထဲထဲဝင်ဝင် ယှက်နွယ်ခဲ့သူဆိုပါက ထိုသူသည် နိုင်ငံရေးသမားတဦးဖြစ်မှာ သေချာ၏။ ထိုမတိုင်ခင်က ဘာသာရေးကြောင့် ပဋိပက္ခများ စစ်ပွဲများ မဖြစ်ခဲ့မဟုတ်။ ဖြစ်ခဲ့ပါသည်။ သို့သော် ဘာသာရေးစစ်ပွဲများ ပဋိပက္ခများကို မိမိလေးမြတ်သည့် ဘာသာအပေါ် မထိခိုက်စေလိုသော သဘောထားကြောင့် ဘာသာရေးအမည်မတပ်ခဲ့ကြရာ မတူညီသည့် ဘာသာဝင်များ ရောနှောနေထိုင်မှုများ ရှိခဲ့ကြသည်။ ၁၉၈၀ နောက်ပိုင်းတွင် စစ်ပွဲများ ပဋိပက္ခများအပေါ် ဘာသာရေးအမည်အား သာမန်ကိစ္စတခုကဲ့သို့ ထည့်သုံးလာကြသည်။ အချို့ ဘာသာရေးဒဿနပညာရှင်များက လူတိုင်းမျှမျှ စိတ်ဝင်စားစေခဲ့သည့်အလျောက် ဘာသာရေးအပေါ် တခမ်းတနား ဝိုင်းဝန်း၍ ရွှေနားကွပ်ခဲ့ကြသည်မှာ ၁၉၈၀ နောက်ပိုင်းမှသာ ဖြစ်သည်။ ဘာသာရေးသည် ချိန်ခွင်လျှာပေါ် ရောက်သွားခဲ့သည်နှင့် လူတို့သည်လည်း ဘက်စုခဲ့ကြသည်ဟု ဆို၏။ ထိုမှသည် ဘာသာရေးဆူးလှည်းကြီးလည်း လူတိုင်း၏နှလုံးသားများဘေး ဖြတ်မောင်းသွားခဲ့လေတော့သတည်း ဟုဆိုရမည်။ ထို့ကြောင့်လား မသိ။ အမျိုးသားပညာရေး ဝန်ကြီးဖြစ်သူ ဦးဖိုးကျား၏ မယ်မြဝတ္ထုမှာ ၁၉၃၀ ကရေးခဲ့သည်။ ရုပ်ရှင်ဒါရိုက်တာ ဇာတ်ညွှန်းရေးဆရာ
ဖာမီဝိရောဓိ
ကျွန်တော် ဤဖာမီဝိရောဓိ ဆိုသော စကားလုံးကို အတော်ပင် ကြိုက်သွားမိ၏။ ကြာခဲ့ပြီဖြစ်သော်လည်း ကျွန်တော်မှတ်မိနေဆဲ အကြောင်းတခုကြောင့် ဖြစ်ပါသည်။ လူတယောက်က “မြန်မာနိုင်ငံတွင် မည်ကဲ့သို့သော ပဋိပက္ခများပင် ရှိနေစေဦးတော့၊ အကောင်းမြင်စိတ်ဖြင့် မြန်မာ့လူမှုရေးနှင့် စီးပွားရေး တိုးတက်စေရန်အတွက် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြုပ်နှံမှုအသစ်များ ပြုလုပ်သင့်ကြောင်း၊ လက်ရှိ ရင်းနှီးမြုပ်နှံထားသည့် စီမံကိန်းများကိုလည်း ထပ်မံတိုးချဲ့သင့်ကြောင်း၊ ထပ်မံ ပေါ်ပေါက်လာမည့် မူဝါဒအသစ်များနှင့် အလိုက်သင့်အလျားသင့် ဆောင်ရွက်နိုင်ကြောင်း” စာတစောင်ကို ဖတ်လိုက်ရခြင်းကြောင့် ဖြစ်သည်။ ထိုသူပြောချိန်က အာဏာသိမ်းပြီး တစ်နှစ်ပြည့်ပြီးသော အချိန်တွင် ဖြစ်ပါသည်။ သိပ်မထူးခြားပါပဲနဲ့ဟု ပြောချင်စရာကလေးတော့ ရှိသည်ပေါ့။ သို့သော်လည်း ထိုစကားကို ပြောခဲ့သူသည် တချိန်က ကျွန်တော်နေခဲ့သည့်ကျောင်းသို့လာ၍ ကျွန်တော့်သင်တန်းသားများကို ဒီမိုကရေစီ အကြောင်းကို အာဘောင်အာရင်းသန်သန်နှင့် ဝင်ဟောပြောခဲ့သူ တဦးဖြစ်ပါသည်။ မြန်မာတဦးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နေပုံမရ။ ထိုစကားကိုလည်း ထိုသူက အင်္ဂလိပ်လို ပြောခဲ့ခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီဆိုသော စကားလုံးများကို သုံးကြသည့် အဖွဲ့အစည်းတခုမှဟု ယူဆရသည့် ထိုသူကြောင့် ဖြစ်ပါသည်။ ကျွန်တော် ရုပ်ရှင်ကြည့်သူ တဦးဖြစ်သည်။ ထို့ကြောင့် ထိုသူ၏ အပြုအမူကို ရယ်မောမိရင်း ကြည့်ဖူးခဲ့သည့် ရုပ်ရှင်တခုက အသိစိတ်ထဲ အတင်းအဓမ္မတိုးဝင်လာခဲ့သည်။ ဇာတ်ကားကို ကျောင်းသားထုများ ဆန္ဒပြနေသည့် ဇာတ်ကွက်ဖြင့် စထားသည်။ ခေါင်းဆောင်ဖြစ်သော ကျောင်းသားကိုလည်း ဦးစားပေးပြီး ပြပေးသည်။ မကြာမီ ထိုဆန္ဒပြကျောင်းသားထုကြီးက အနှိမ်နင်းခံရလေသည်။ သို့သော်လည်း ခေါင်းဆောင်ကျောင်းသားက ရသည့်အခွင့်အရေးကို အသုံးချကာ ထပ်မံ၍ ဆန္ဒပြသည်။ အနှိမ်နင်းခံရပြန်သည်။ ခေါင်းဆောင်ကျောင်းသားသည်
ခေါင်းပါးခြင်း
“ခေါင်းပါးခြင်း” ဆိုတာက ရေးနိုင်သူတွေရေးပြီး ထုတ်နိုင်သူတွေ ထုတ်ဝေထားကြတဲ့ စာအုပ်၊ ဂျာနယ်၊ ကျမ်းစာတွေဆီမှာ ဝေးဝေးမှတခါ ပါလာတတ်တဲ့ စာတလုံးမျှသာဖြစ်ပါတယ်။ ပြောခြင်း၊ ဆိုခြင်း၊ ဩဝါဒတရားနဲ့ မိန့်ခွန်းစတာတွေမှာ တခါမှတလေ ညှပ်ပါလာတတ်တဲ့ စကားတခွန်းလောက်ပဲ။ မကြီးကျယ်ပါဘူး။ ကြီးကျယ်စရာ အကြောင်းလည်း မရှိပါဘူး။ ကြီးကျယ်နေရင်လည်း ဒီမောင်နဲ့ မဆိုင်ပါဘူး။ ခေါင်းပါးခြင်းကို စာဆန်ဆန်ပြောရရင် “ဝေါဟာရတခု” ပေါ့လေ။ ဟုတ်ကဲ့ သကောင့်သား ဟောဒီမောင်ကနေပြီးတော့ “ခေါင်းပါးခြင်း” ဆိုတဲ့ ဝေါဟာရသေးသေး ကလေးကို နည်းနည်းပါးပါး ချဲ့ကားပါရစေ။ အစအားလုံးရဲ့ အစအနေနဲ့ ဖြစ်တည်မှုကနေ စရမှာပဲ။ ဝေါဟာရတခု ဖြစ်တည်လာရပုံအမျိုးမျိုး ရှိပါတယ်။ ဝေါဟာရတခုဟာ ဘုရားသခင်က ကမ္ဘာကြီးကို ဖန်ဆင်းသလို ဖန်ဆင်းခံရတာမျိုး ရှိတတ်ပါတယ်။ ဥပမာ ဘောင်းဘီဝတ်မိုးတိမ်။ ‘ဘုရားသခင်က ကမ္ဘာကြီးကို ဖန်ဆင်းသလို’ လို့ ပြောတဲ့အတွက် ဘောင်းဘီဝတ်မိုးတိမ်ဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး ဗလာဒီမီယာ မာယာကော့စကီးကို ဘုရားသခင်နဲ့ နှိုင်းစာမိသလို ဖြစ်သွားမလား။ သို့ငြား ဥပမာအဖြစ်မို့ ဥပမာကို ဥပမာလို့ပဲ မှတ်သင့်ပါတယ်။ ဥပမာလို့ မမှတ်နိုင်ရင်တောင်မှ ကဗျာရေးတဲ့ ကဗျာဆရာကို ဘယ်သူကမှ ဘုရားသခင်အမှတ်ထားပြီး ကိုးကွယ်ကြမှာ မဟုတ်ဘူး။ လူတွေက မင်းတို့က မတော်ရမ်းကား မိုက်မဲလှချည့်တကား ဒီလို နေထိုင်ကြလို့ ဆိုပြီး ဒဿနတွေ အတွေးအခေါ်တွေ ရေးတဲ့လူတွေကိုပဲ ကိုးကွယ်ကြတာ။ မာရီယာဆိုတဲ့ ကောင်မလေးတယောက်ကို ကြွေတာနဲ့ မိုးတိမ်ကို ဘောင်းဘီထဲ ထည့်ထားတဲ့ မာယာကော့စကီးနဲ့ သင်ယူခဲ့တဲ့ ပညာကို လက်တွေ့အသုံးချလိုက်ရရင် ပျော်စရာဖြစ်သွားပါတယ်လို့ပြောတဲ့