တနေ့က တင်တဲ့ status လေးကိုတော့ဖြင့် အကျယ်ချဲ့လို့ ရေးချင်သေးရဲ့။ ကျောင်းစ ပြောင်းလာတော့ ပထမဆုံး တွေ့တာက စေတီမှာ နဂါးရုပ်။ ကိုယ်က မသိပါဘူး။ ရှေးတုန်းက ထုထားတဲ့အရုပ်မှတ်တာ။ နောက်မှ စေတီပြင်တဲ့သူက သူ့ယုံကြည်မှုနဲ့ သူလုပ်သွားတာတဲ့။ အရုပ်လေးကိုတော့ဖြင့် ဘာမှ မပြောလိုပါဘူး။ သို့သော် ကံ့ကော်ဆတော်က ဘုရားနဲ့ မသင့်တော်ဘူးလို့ မိန့်ဖူးရဲ့။ တနေ့တော့ ကိုရင်လေးတပါးက အဲမှာ သွားဆော့တော့ နဂါးရုပ်ဆိုတာကြီး ထက်ပိုက်းကျိုးကျပါရော့လား။ ကိုရင်လေးပေါ်မကျတာ ကံကောင်းလို့တွေးပြီး အရုပ်လေးတွေကို ဖြုတ်ထုတ်လိုက်တယ်။ တခြားအရုပ်တွေလည်း လည်ပင်းက ကျိုးလိုကျိုး၊ ခါးက ကျိုးလိုကျိုး၊ နဲ့လိုနဲ့နဲ့ကိုး။ အမှန်က အဲလို ဖြစ်နေပုံလေးကို video ရိုက်ပြထားရမှာ။ တောင်ကြီးက သူငယ်ချင်း ဦးဇင်းတပါးကတော့ဖြင့် ဒေသထုံးစံကိုတော့ မပယ်တာကောင်းတယ်လို့ အရုပ်ကို ဖယ်ထုတ်လိုက်တာနဲ့ ပတ်သက်ပြီး ပြောလာတယ်။ တကယ်တမ်းတော့ ဒေသနဲ့လည်း မဆိုင်၊ လူမျိုးနဲ့လည်း မဆိုင်၊ ပြီးတော့ ဘုရားနဲ့လည်း မဆိုင်တာပါ။ နောက်တချက် အရုပ်တွေက ဘယ်လိုမှ မပီပြင်ဘူးရယ်။ မပီပြင်ဘူးဆိုတာက တွေ့တဲ့ မြင်တဲ့သူတိုင်း ပြောတဲ့ စကားပါ။ အထဲမှာ ထည့်ထားတာက ဝါးအခြောက်တွေ။ အကယ်၍သာ ဝါးအစိုတွေ ထည့်ထားခဲ့မယ်ဆိုရင် အဂ်တေအစိုနဲ့ ထိန်းသွားမှာပါ။ ထည့်ထားတာက ဝါးအခြောက် ဆိုတော့ ဆွေးကုန်တယ်။ အဂ်တေမှာလည်း ဘိလပ်မြေနည်းတယ်။ ဆက်ထားရင် ဘုရားဝတ်လာပြုတဲ့သူအတွက် ဆော့တတ်တဲ့ ကိုရင်လေးတွေ အတွက် အန္တရာယ်ရှိပါတယ်။ ဘယ်ဘက်ကနေ ကြည့်ကြည့် ထားလို့ မသင့်တော့တဲ့ အရုပ်ဖြစ်ပါတယ်။