ရေနောက်ပေမယ့် ခြေရာမပျောက် “သရဲတွေက အဝတ်ဖြူဖြူကြီးတွေဝတ်လို့၊ သံကြိုးကြီးတွေ တကားကားနဲ့ လျှောက်သွားနေကြတယ် ဗူးဝူး” အန်နီဆိုသည် အစ်မဖြစ်သူက သူမလက်ထဲတွင် ကိုင်ထားသည့် ကြိုးများသွယ်ထားသော အဖြူရောင်ဝတ်စုံနှင့် ရုပ်သေးရုပ်ကို ရုတ်တရက်လွဲလိုက်ရင်း သူ့မောင်လေးဖြစ်သူ နီကိုလပ်စ်အား ခြောက်လှန့်လိုက်သည်။ ဘေးနားတွင် ထိုင်နေသော နီကိုလပ်စ်လေးက မျက်မှောင်ကုတ်၍ စူပုပ်သော မျက်နှာဖြင့် နောက်ကိုယို့သွား သည်။ အန်နီနှင့် နီကိုလပ်စ်နှစ်ဦးကစားသည်ကို စောင့်ကြည့်နေသော အိမ်တော်ထိန်းအဘွားအို ဖီယွန်နူလာက အန်နီကို လက်ဖြင့် လှမ်းတားရင်း သတိပေးသည်။ “အန်နီ ဘာလို့ ပုံပြင်တွေကို ထွင်ပြောနေတာလဲ” “သမီးထွင်မပြောပါဘူး၊ စာအုပ်ထဲက ပါတာတွေကိုပဲ ပြောတာပါ” အန်နီက အဘွားပြောသည်ကို တချက်မော့မကြည့်ဘဲ သူမလက်ထဲရှိ ကြောက်စရာကောင်းနေသော ရုပ်သေးရုပ်ကို ဟိုဒီလှည့်ကစားရင်း ပြောသည်။ “ဟုတ်ပါပြီ၊ ဒါပေမယ့် စာအုပ်ထဲပါတဲ့ အရာအားလုံးကို မယုံသင့်ဘူးနော်” အိမ်တော်ထိန်းအဘွား၏ စကားကို အန်နီက ပြန်ဖြေသည်။ “မေမေလည်း အဲလိုပြောတာပဲ၊ စာအုပ်တွေထဲမှာပါတဲ့ သရဲအကြောင်းတွေက လျှောက်ရေးကြတာတဲ့” ထိုအခါမှ အန်နီက အိမ်တော်ထိန်းကို မော့ကြည့်ပြီး ဆက်ပြောသည်။ “နောက်ကျပြန်တော့ မေမေက သမ္မာကျမ်းစာအုပ်ထဲက ပါသမျှ အကုန်လုံးကို ယုံစေချင်ပြန်ရော” အိမ်တော်ထိန်းအဘွားအိုက မည်သို့သော အမူအရာမျှ မပြောင်းလဲဘဲ “သမီးက မယုံဘူးပေါ့” ဟု တည်ငြိမ်စွာ မေးလိုက်သည်။ အန်နီက ခေါင်းငြိတ်ရင်း အိမ်တော်ထိန်းအမေးကို ပြန်ဖြေသည်။ “သမ္မာကျမ်းစာထဲ ပါတဲ့ တချို့အရာတွေကိုတော့ ယုံပါတယ်၊ ဒါပေမယ့် ဘုရားသခင်က ကမ္ဘာကြီးကို ခုနှစ်ရက်တည်းနဲ့ အပြီးဖန်ဆင်းတယ်ဆိုတာမျိုးကို မယုံဘူး၊
လွတ်လပ်စွာတွေးခေါ်သူများ (၃)
တတိယစောင်စုနှစ်သို့ ဝင်ရောက်လာသည့် ဘာသာရေး မီးလောင်နေတဲ့ အခန်းရဲ့ ပြတင်းကနေတယောက်၊ နှစ်ယောက်၊ ပြီးတော့ အများအပြားလူတွေ မြေကြီးဆီ ခုန်ချ။ဓာတ်ပုံတွေဆိုတာကဘဝကို တနေရာရာမှာ ရပ်တန့်နေစေသလိုမြေပြင်ဟာ သူတို့ဘဝကို ဓာတ်ပုံရိုက်နေပေါ့။အောင်မြင်နေတဲ့ လူအများအပြားရဲ့ ဘဝကိုတခြားလူကနေ သိမ်းဆည်းပစ်လိုက်ဖို့သူတို့မျက်နှာဆီကနေ သွေးတွေကပုန်းလိုက်ကြတာ မဟုတ်ပါဘူးနော်။ငါတို့အင်္ကျီ အိပ်ကပ်ထဲကနေသော့၊ ဘောလ်ပင်၊ အကြွေစေ့တွေ ပြုတ်ကျဖူးတယ်ဒါပေမယ့် ပြတင်းပေါက်ကနေ လူတွေပြုတ်ကျနေတာမျိုးတော့ မကြုံဖူးခဲ့ဘူးကွယ်။ ဂုဏ်ပြုကဗျာ။ သို့မဟုတ် လူ ၃၀၀၀ နီးပါး တမနက်အတွင်း သေဆုံးသွားရမှုအတွက် သီဖွဲ့ကျူးရင့်သည့် အမှတ်တရကဗျာ။ ဤကဗျာမှာ ၂၀၀၅ ခုနှစ်က ပိုလန်ကဗျာဆရာမကြီး Wisława Szymborska မှ ပိုလန်ဘာသာဖြင့် ရေးစပ်ခဲ့သော “စက်တင်ဘာဆယ့်တစ်ရက်ဓာတ်ပုံ” ဆိုသည့် ကဗျာဖြစ်သည်။ ကဗျာဆရာမသည် နူးညံ့သောနှလုံးသား ချစ်တတ်သောနှလုံးသား စာနာသောနှလုံးသား မိမိရပ်ဝန်းမှ လူအများအပြား နှုတ်မဆက်ဘဲ ထွက်ခွာသွားမှုအပေါ် နာကျင်ကြေကွဲသော နှလုံးသားတို့ဖြင့် ဤကဗျာကို ရေးစပ်ခဲ့သည်။ လူတဦးတယောက်၏ မူလပကတိနှလုံးသားမျိုး ဖြစ်ပါသည်။ လူတိုင်းထံတွင် ဤနှလုံးသားမျိုးကို မွေးကင်းစမှ သိတတ်စအရွယ်အထိ ပိုင်ဆိုင်ကြပါသည်။ ဖြူစင်သောလူသား အပြစ်ကင်းသည့် အဖြူထည်လူသားဆိုသည့် အချက်သည် သိတတ်စအရွယ်၏ အလွန်၌ စ၍နိဋ္ဌိတံပါသည်။ ရသေ့နှစ်ပါးထံ ရောက်သွားသော ကျေးညီနောင်ပုံပြင်ကဲ့သို့ပင် လူတယောက်၏ သိမှုနယ်ပယ်တွင် လာရောက်ကျက်စားသော အရာများက အမျိုးမျိုးကွဲပြားလျက် ရိုးတွင်းခြင်ဆီထိ စတင်ခိုဝင်သည်။ တချို့သော လူများက ဤကဗျာဆရာမကဲ့သို့ မည်သည့် အသက်အရွယ်သို့ရောက်ရောက် ဖြူစင်သော နှလုံးသားကို မစွန့်လွတ်။ သို့သော် လူအများစုကတော့ သိတတ်စအရွယ်ကတည်းကပင် ဖြူစင်မှုကို စွန့်လွတ်ပစ်လိုက် ကြသည်။ ကဗျာဆရာမသည်
လွတ်လပ်စွာတွေးခေါ်သူများ (၂)
၂၀ ရာစု နှောင်းပိုင်း ဘာသာရေး အခင်းအကျင်း ၁၉၈၀ မတိုင်မီက ဘာသာဝင်တဦးဦးအနေဖြင့် ၎င်းတို့၏ ဘာသာအပေါ် အမွှမ်းတင်ခြင်းမျိုးနှင့် ဘာသာရေးအတွက် အထူးအရေးပေးကာ တစိုက်မတ်မတ်လုပ်ခဲ့ခြင်းမျိုးမရှိ။ ဒဿနပညာရှင်များ၊ ဘာသာရေးပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးပညာရှင်များတို့ကသာ ကောက်ချက်အမျိုးမျိုးချ၍ ဘာသာရေးအပေါ် ထင်မြင်ချက်အမျိုးမျိုး ပေးခဲ့ခြင်းနှင့် ပိုပိုသာသာရေးခဲ့ခြင်းမျိုးသာ ရှိခဲ့၏။ ဘာသာရေးခေါင်းဆောင် ဖြစ်သူများနှင့် နီးစပ်သူအချို့တို့ ဘာသာရေးအပေါ် အထူးအားစိုက်ခဲ့မှုများ ရှိခဲ့သော်လည်း အတော်ပင် နည်းပါ၏။ ထိုခေတ်ကာများ၌ ဘာသာရေးအရေးကို ဘာသာရေးခေါင်းဆောင်နှင့် နီးစပ်သူ မဟုတ်ပါဘဲလျက် ဘာသာရေးနှင့် ထဲထဲဝင်ဝင် ယှက်နွယ်ခဲ့သူဆိုပါက ထိုသူသည် နိုင်ငံရေးသမားတဦးဖြစ်မှာ သေချာ၏။ ထိုမတိုင်ခင်က ဘာသာရေးကြောင့် ပဋိပက္ခများ စစ်ပွဲများ မဖြစ်ခဲ့မဟုတ်။ ဖြစ်ခဲ့ပါသည်။ သို့သော် ဘာသာရေးစစ်ပွဲများ ပဋိပက္ခများကို မိမိလေးမြတ်သည့် ဘာသာအပေါ် မထိခိုက်စေလိုသော သဘောထားကြောင့် ဘာသာရေးအမည်မတပ်ခဲ့ကြရာ မတူညီသည့် ဘာသာဝင်များ ရောနှောနေထိုင်မှုများ ရှိခဲ့ကြသည်။ ၁၉၈၀ နောက်ပိုင်းတွင် စစ်ပွဲများ ပဋိပက္ခများအပေါ် ဘာသာရေးအမည်အား သာမန်ကိစ္စတခုကဲ့သို့ ထည့်သုံးလာကြသည်။ အချို့ ဘာသာရေးဒဿနပညာရှင်များက လူတိုင်းမျှမျှ စိတ်ဝင်စားစေခဲ့သည့်အလျောက် ဘာသာရေးအပေါ် တခမ်းတနား ဝိုင်းဝန်း၍ ရွှေနားကွပ်ခဲ့ကြသည်မှာ ၁၉၈၀ နောက်ပိုင်းမှသာ ဖြစ်သည်။ ဘာသာရေးသည် ချိန်ခွင်လျှာပေါ် ရောက်သွားခဲ့သည်နှင့် လူတို့သည်လည်း ဘက်စုခဲ့ကြသည်ဟု ဆို၏။ ထိုမှသည် ဘာသာရေးဆူးလှည်းကြီးလည်း လူတိုင်း၏နှလုံးသားများဘေး ဖြတ်မောင်းသွားခဲ့လေတော့သတည်း ဟုဆိုရမည်။ ထို့ကြောင့်လား မသိ။ အမျိုးသားပညာရေး ဝန်ကြီးဖြစ်သူ ဦးဖိုးကျား၏ မယ်မြဝတ္ထုမှာ ၁၉၃၀ ကရေးခဲ့သည်။ ရုပ်ရှင်ဒါရိုက်တာ ဇာတ်ညွှန်းရေးဆရာ
လွတ်လပ်စွာတွေးခေါ်သူများ (၁)
ပဏာမတွင် သိအပ်သည်ဟူ၍ ရှိနိုင်၏။ လွတ်လပ်စွာတွေးခေါ်သူများဟု ဆိုသော်ငြား အကယ်တန္တု ယခုရေးမည့် အကြောင်းအရာများသည် ဘုရားမဲ့ဝါဒဟု ခေါ်ဆိုကြသော လူသားဝါဒအကြောင်းသာ ဖြစ်ပါသည်။ ဒေတာဝါဒအထိလည်း ပြောမည်မဟုတ်ပါ။ ဤနိုင်ငံက နှစ်ပေါင်း ၁၅၀ ထက်မနည်း နောက်ကျနေသော နိုင်ငံဖြစ်သဖြင့် ဒေတာဝါဒသို့ရောက်ရန် ၁၇၅ နှစ်ခန့်မျှ လိုနေပါသေးသည်။ လူသားဝါဒသို့ပင် မရောက်သေးပါ။ သို့သော်လူသားဝါဒ ဒေတာများကို ပေးပါမည်။ အချို့သောသူများ ပြောဆိုနေကြသည်ကို တွေ့ဖူးသောကြောင့် ဖြစ်ပါသည်။ လူသားဝါဒဟု ဖြစ်ပေါ်လာရခြင်းမှာ အစွန်းရောက်များ ပြဿနာများ ပဋိပက္ခများ စစ်ပွဲများကို ဖန်တီးလာသည့် လူတို့၏ ငယ်ထိပ်ပေါ်မှ စူးဝင်နေသော ဘာသာရေးကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဘာသာရေးအကြောင်းကို ရှေးဦးစွာ ဆွေးနွေးပါမည်။ ဘာသာရေးကိစ္စနှင့်ပတ်သက်၍ ကျွန်ုထက် ကေင်းကောင်းကြီးသိသူ စုံစုံလင်လင်သိသူများ အများအပြားရှိသည်ကို သိထားပါသည်။ ကျွန်ုပ်တွေးဖြစ်သမျှ တွေ့ဖြစ်သမျှနှင့် ထင်မိသမျှ မြင်မိသမျှများကို ဆင်ခြင်သင့်သလောက် ဆင်ခြင်ပြီး ပြောချင်သလောက် ပြောသွားရေးသွားပါမည်။ သို့သော် ကျွန်ုပ်ကား အကောင်းမြင်ဝါဒသမား မဟုတ်ပါ။ ထို့ကြောင့် ဤစာ၌ပါဝင်သော အကြောင်းအရာများကို ဖတ်လိုပါက ဆင်ခြင်ဉာဏ်ကြီးကြီးထား၍ ဖတ်ပါဟုအကြံပြုလိုပါသည်။ ဤအချက်ကြောင့် ရေးသားထားသည့် အချက်အလက်များ မမှန်ကန်ဟု မဆိုလိုပါ။ မှန်မှန်ကန်ကန် ရေးသားမည့်အပြင် တိကျခိုင်မာမှုရှိသော သုတေသနကိုသာ အခြေခံပါသည်။ ကိန်းဂဏန်းများကို လျှော့ချင်း ပိုပိုသာသာထည့်ခြင်းလည်း လုံးဝပြုလုပ်မည် မဟုတ်ပါ။ ဘာသာဝင်များနှင့် ဘာသာရေး၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေကို ဘာသာဝင်များကိုယ်တိုင် ပြောထားကြသည့်အတိုင်းသာ ရေးပါမည်။ အကယ်၍ ဘာသာသာတခုခုကို အခြားဘာသာဝင်တခုက ပြောခဲ့သည်များကို ရေးသားပါက
နတ္ထိ
နတ္ထိမှာ ဘာမှမရှိပါဘူး။ အဲသလိုပဲ ရယ်စရာလည်းမရှိပါဘူး။ ဟုတ်ပါတယ်။ မရှိခြင်းမှာ ရယ်စရာလည်း မရှိပါဘူး။ မရှိခြင်းကို ရယ်တာဟာ လှောင်တာသာဖြစ်ပါတယ်။ နတ္တိဆိုတာ တကယ်မရှိတာ။ ရယ်စရာမရှိဘူး ဆိုတာနဲ့ ငိုစရာများ ရှိနေမလားလို့ တွေးမိမှာစိုးလို့။ ဟုတ်ကဲ့။ နတ္ထိပါ။ မရှိပါဘူး။ ဘာမှ မရှိပါဘူး။ မနက်ခင်းတခုမှာ သင်အိပ်ယာထဲကနေ နိုးလာတယ်။ မနက်အိပ်ယာထပြီးနောက် သွားတိုက်တံကို ယူလိုက်ပေမယ့် သွားတိုက်ဆေးမရှိတာကို သတိထားမိသွားတယ်။ သွားတိုက်ဆေး မရှိတာကလည်း ရက်နည်းနည်းတော့ ကြာနေပြီဆိုရင် သင်မရယ်နိုင်ပါဘူး။ ရေချိုးဖို့လုပ်ပြန်တော့ ဆပ်ပြာကုန်နေတာလည်း ကြာပြီ။ ရှိတာနဲ့ ရေချိုးပြီးလို့ ထွက်လာတော့ အပြင်မှာ တခုခုသွားစားဖို့ စဉ်းစားမိတယ်။ အဝတ်လဲပြီးတဲ့အခါ ရေမွှေးမရှိဘူး။ ချွေးနံ့ပျောက်စေတဲ့ ဒီရိုးဒရန့်မရှိဘူး။ ဒါနဲ့ ခေါင်းအုံးဘေးက ပိုက်ဆံအိတ်ကို ယူလိုက်တယ်။ ပိုက်ဆံအိတ်က အရမ်းပါးနေပြီ။ ဘဏ်ကဒ်တွေကို ကြည့်လိုက်တော့ အလုပ်မရှိတော့ကတည်းက ကဒ်ထဲပိုက်ဆံ မသွင်းနိုင်တော့ဘူး။ ဧည့်ခန်းစားပွဲပေါ်မှာ ဖိတ်စာတစောင်ကို ထပ်တွေ့လိုက်ရတယ်။ ဖိတ်စာက မင်္ဂလာဆောင် ဖိတ်စာ။ အရင်းနှီးဆုံး သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ဖိတ်စာ။ မင်္ဂလာပွဲဆိုတာက လူတယောက်မှာ တခါသာလုပ်လေ့လုပ်ထရှိတဲ့ပွဲမို့ သွားမှဖြစ်မယ်။ အဝတ်ဗီရိုကို ဖွင့်လိုက်တယ်။ အဝတ်အစားအသစ် မရှိဘူး။ ခါးပတ်တောင် အဟောင်းကို သုံးနေတာ အရမ်းကြာနေပြီ။ လက်ပတ်နာရီကလည်း ပြန်မရွေးဖြစ်လို့ ဘောက်ချာစာရွက်တောင် ဘယ်ထားမိမှန်း မသိဘူး။ ထပ်စဉ်းစားကြည့်လိုက်တော့ ဖိနပ်အသစ်လည်း မရှိဘူး။ တခါခါ အပြေးလေ့ကျင့်ဖို့ ဝယ်ထားမိတဲ့ ဖိနပ်ကိုတောင် အပြင်သွားရင်း စီးနေရတယ်။ အိုး ယုတ္တိမတန်လိုက်တာ။ ဒါ ပရမ်းပတာပဲလို့ တွေးမိသေးလား။