ကျွန်ုပ်မှာ ဤစာအုပ်ကို ချပြချင်နေသည်မှာ အတော့်အတော်ပင် ကြာနေချေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၏ ဘဝကို ပြောင်းလဲစေခဲ့သော စာအုပ်တအုပ် ဖြစ်သောကြောင့်ပင် ဖြစ်သည်။ မည်သူမဆို မိမိ၏ အသက်ကို ကယ်ဖူးသော အသက်သခင်အား မမေ့သင့်။ ပညာကို မြိုချမိသဖြင့် ဗိုက်ထဲ ပညာရှိနေသည့် ပညာရှိ ဆိုသူများကလည်း သူတထူး၏ ကျေးဇူးကို မမေ့ထိုက်ပေဟု မိန့်ခဲ့လေ၏။ လူဟု ဖြစ်လာသည်နှင့်အမျှ ကျေးဇူးရှင် တည်းဟူသော ပုဂ္ဂိုလ်များ အသက်အလိုက် အရွယ်အလိုက် အရည်အချင်းအလိုက် အဆင့်အတန်းအလိုက် မြောက်များစွာကိုပင် တွေ့ဆုံခွင့် ပိုင်ဆိုင်ခွင့် ရကြစမြဲပါတကား။ မိခင်ဖြစ်သူက “နင့် ငါမွေးထားတာ” ဟုဆိုပြီး သူမက ကျွန်ုပ်၏ ကျေးဇူးရှင်ဖြစ်ကြောင်း သတိတရရှိတိုင်း ပြောတာက စမည်။ ဖခင်ဖြစ်သူက “နင့် ငါကျွေးထားတာ” ဆိုကာ တဖန် သူကလည်း ကျွန်ုပ်၏ ကျေးဇူးရှင်ဖြစ်ကြောင်း မေ့လောက်သော အချိန်တိုင်း၌ အပ္ပမာဒေန သမ္ပာဒေထ မမေ့မလျော့ မပေါ့မဆသော သတိတရား လက်ကိုင်ထား၍ အသိပေး၏။ အစ်ကိုဖြစ်သူက သူ၏ မတော်တော့သော အင်္ကျီများ ပေးခဲ့ရသည့် သုံးလေးနှစ်အရွယ် ကာလတခုကို ပြန်ပြန်တူးဖော်၍ သူလည်း ကျွန်ုပ်၏ ကျေးဇူးရှင်ဖြစ်ကြောင်း ဆို၏။ အစ်မဖြစ်သူက “နင့် ငါထိန်းခဲ့တာ” ဟုတဖန် သူမဘက်မှလည်း ကျွန်ုပ်၏ ကျေးဇူးရှင်ဖြစ်ကြောင်း မပျက်မကွက် ဆိုပြန်သည်။ အိမ်ကို လာနေကျ ဒေါ်ကြီးဖြစ်သူကလည်း “နင့် ငါကြည့်ပေးခဲ့တာ” ဟု အားကျမခံ ကျွန်ုပ်၏ ကျေးဇူးရှင်ဖြစ်ကြောင်း ဆိုပြန်ချေ၏။ ဘေးအိမ်မှ