• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

RWCT ထဲက စာဖတ်နည်း

 ငယ်ငယ်တုန်းက ဦးရွှေအောင်ရဲ့ စာဖတ်နည်းကို ပထမဦးဆုံး သိခဲ့ရတယ်။ ဘဝအကျဉ်းသား ဆိုတဲ့ စာအုပ်ထဲမှာ ပါတယ်။

၁။ ခေတ်အခြေအနေ (Situation)

၂။ စာရေးသူဦးတည်ချက် (Intention)

၃။ အကြောင်းအရာ (Matter)

၄။ ချဉ်းကပ်နည်း (Approach)

၅။ ရှေ့နောက် ညီညွှတ်မှု ရှိ မရှိကို သိခြင်း(Consistency) ဆိုတဲ့ နည်းငါးမျိုးဖြစ်ပါတယ်။ ကျနော့်ကို စာဖတ်နည်းမေးရင် များသောအားဖြင့် ပြောပြဖြစ်တဲ့ နည်းလေးပေါ့။ အဲဒါကို ဆရာက SIMAC လို့ဘိုလိုအတိုကောက်ကလေး လုပ်ပေးထားတယ်။ စာဖတ်တိုင်း သည်ငါးချက်နဲ့ ညီမညီဆန်းစစ်ကြည့်ရမယ်လို့လည်း ဆရာက ပြောထားတယ်။ ဆိုတော့ စာဖတ်နည်းလာလာမေးရင် ကျွန်တော်ပြောဖြစ်တယ်။ အဲနောက်ပိုင်း စာအုပ်တော်တော်များများမှာ စာရေးဆရာ တော်တော်များများရဲ့ စာဖတ်နည်းတွေကို တွေ့ရပါတယ်။ ဖေမြင့်စတဲ့ တက်ကျမ်းစာရေးဆရာတွေ ပိုရေးတာကို ပိုတွေ့ရတယ်။

နောက်တော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ပေးတဲ့ သင်တန်းတွေကို တက်တယ်။ အဲဒီမှာ RWCT ဆိုတဲ့ သင်တန်းတခုကိုလည်း တက်ဖြစ်ခဲ့တယ်ပဲ ဆိုကြပါစို့ရဲ့။ RWCT ဆိုတာက Reading and Writing for Critical Thinking လို့ဖြစ်ပါတယ်။ စဉ်းစားဆင်ခြင်တတ်ဖို့အတွက် စာရေးခြင်း စာဖတ်ခြင်းဆိုတဲ့ သင်တန်း။ သူရို့ကတော့ ကလေးတွေကို စဉ်းစားဆင်ခြင်တတ်အောင် စာဘယ်လိုသင်ကြမလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင်တန်းပေးတယ်ပေါ့။ အဲမှာ စာဖတ်ခြင်းဆိုတဲ့ သင်ခန်းစာလေးတွေ သို့တည်းမဟုတ် Tool လို့ခေါ်တဲ့ နည်းလမ်းလေးတွေ အများကြီးပါလာပါတယ်။ ပထမဆုံးတွေ့ရတဲ့နည်းက INSERT ဆိုတဲ့နည်းပါ။ အရှည်ကတော့ Interactive Notate System for Effective Reading and Thinking ဖြစ်ပါတယ်။ လုပ်ပုံလေးက စာဖတ်နေရင်း

၁။ သိပြီးသားဆိုရင် အမှန်ခြစ်

၂။ သိတာနဲ့ လွှဲနေရင် အနှုတ်လက္ခဏာ

၃။ ထပ်ပြီးသိလာရရင် အပေါင်းလက္ခဏာ

၄။ နားမလည်တာ မရှင်းတာ ထပ်သိချင်တာဆိုရင် မေးခွန်းသင်္ကေတ

ဒီလေးခုဖြစ်ပါတယ်။ သည်မှာက မေးစရာရှိခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတာလေးပါတယ်။ အဖြေကတော့ ရှင်းရှင်းလေးပါ။ ထပ်ပြီးလေ့လာပါဆိုတာပါပဲ။ [metaslider id=699]

နောက်တနည်းကတော့ KWL ပါ။ သည်နည်းကတော့ အခြားသော စာရေးဆရာများ ပြောလေ့ပြောထရှိတဲ့ နည်းနဲ့ တူပါတယ်။ ဘာလဲဆိုတော့ သိပြီးသားကို ထားလိုက်။ ထပ်သိချင်တာနဲ့ ထပ်သိလာတာကို Note ထုတ်ခိုင်းတာဖြစ်ပါတယ်။ ထပ်သိချင်တာကိုတော့ အပေါ်ကနည်းအတိုင်း မေးမြန်းပြီးသိအောင်လုပ်မလား။ စာထပ်ဖတ်ပြီး လေ့လာမလားဆိုပြီး ဆက်ရှိတာပေါ့။

နောက်တနည်းကတော့ QAREFMLw ဆိုတဲ့ စာဖတ်နည်းဖြစ်ပါတယ်။

  • Q က Question       = အဓိက ဖော်ပြထားတဲ့ အကြောင်းအရာ
  • A က Answer            = စာရေးဆရာရဲ့ ရပ်တည်ချက်
  • R က Reason            = အကြောင်းပြချက်
  • E က Evidence       = သူ့စာကို ခိုင်လုံစေတဲ့ သက်သေများ
  • F က Fact                 = စာဖတ်သူကို ယုံကြည်စေနိုင်တဲ့အချက်
  • M က Missing          = ထိန်ချန်ထားတဲ့ အချက်
  • Lw က Loaded Word = စကားလုံးကြီးကြီးတွေနဲ့ သူ့ကိုယ်သူ ကာကွယ်ထားပုံတို့ဖြစ်ပါတယ်။ ဒီစာဖတ်နည်းကိုတော့ဖြင့် ပိုကြိုက်ပါတယ်။ စာရေးနည်းတောင် ဖြစ်သွားတယ်။

ဒီ RWCT သင်တန်းမှာတောဖြင့် စာဖတ်နည်းတွေ စာရေးနည်းတွေချည်းပဲ။ DRTA တို့၊ Prediction Chart တို့တွေပေါ့။ ဒါပေမယ့် အပေါ်က စာဖတ်နည်းကတော့ဖြင့် အခြားသော နေရာများမှာလည်း အသုံးတည့်တာကြောင့် သူများကိုလည်း သိစေချင်နေတာနဲ့ ဝေငှပေးလိုက်တာပါ။

အခြားသော စာဖတ်နည်းတွေလည်း အများကြီးရှိပါတယ်။ RRAA တို့။ ပထမ R က Read ။ ဒုတိယ R က Rethink ။ ပထမ A က Analyze ။ ဒုတိယ A က Apply တို့ဖြစ်ပါတယ်။

စာဖတ်နည်းသိပြီ ဆိုတော့ စာမဖတ်လည်းရပါပြီ။

Related Posts

  • တောင်းပလုံး

  • အခုတ်ခံလိုက်ရတဲ့ သစ်တပင်

  • ဘီလူးဆိုင်း

Recent Posts

  • တောင်းပလုံး
  • အခုတ်ခံလိုက်ရတဲ့ သစ်တပင်
  • ဘီလူးဆိုင်း
  • Data
  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress