• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Quotient တွေကို ဘယ်လိုသင်မလဲ

မိမိကိုယ်ကို သိရှိခြင်း သင်တန်းတွေမှာ သင်လေ့သင်ထရှိတဲ့ Quotient လေးတွေကို သည်လိုကလေး သင်ရင် မကောင်းဘူးလားလို့ တွေးကြည့်တာပါ။ ပရိုတိုကောအရတော့ စဦးဆုံး A4 ကို ခါးကနေ ဖြတ်ထားတဲ့ စာရွက်ကလေးတွေ ဝေမယ်။ စာရက်ကလေးကို ထက်ပိုင်း လေးခေါက်ခေါက်ခေါက်ခိုင်းမယ်။ ပြီးတော့ စာရွက်သားဘက်နားလေးမှာ လက်သည်းကလေးနဲ့ ၂ စင်တီမီတာလောက် ဖြတ်ထုတ်လိုက်မယ်။ ဖြန့်လိုက်မယ်ဆိုရင် အလယ်မှာ ခဲတံလုံးလောက် အပေါက်ကလေးတပေါက်ကို ရရှိမယ်။ သို့မဟုတ်ရင်လည်း ခဲတံ ဒါမှမဟုတ် ဘောလ်ပင်နဲ့ အလယ်တည့်တည့်လောက်ကို ခန့်မှန်းပြီး အပေါက်ကလေးဖောက်ခိုင်းလိုက်မယ်။ အဲဒီနောက် သင်တန်းသားတွေကို အပြင်ခေါ်ထွက်မယ်။ သင်တန်းခန်းမကနေ အပြင်ဘက် ခပ်ဝေးဝေးကို လှမ်းကြည့်လို့ရရင်လည်း မထွက်ဘူးပေါ့။ အပြင်ရောက်ရင်တော့ ခပ်လှမ်းလှမ်းရှိ သစ်ပင်သို့တည်းမဟုတ် တခုခုကို စာရွက်အပေါက်ကလေးကနေ လှမ်းကြည့်ခိုင်းမယ်။ စာရွက်အပေါက်ကလေးကနေ ဘယ်လိုကြည့်မလဲဆိုတော့ လက်နှစ်ဖက်နဲ့ကိုင်ပြီး လက်တဆုံးဆန့်ပြီး စာရွက်အပေါက်ကလေးကနေ အဝေးတနေရာကို ညွန်းချက်ကို လှမ်းကြည့်ပါစေ။ အဝေးကနေ လက်ကို တဖြည်းဖြည်းနောက်ဆုတ်လာပါစေ။ နီးလာတဲ့အခါ ဘယ်ဘက်မျက်လုံးနဲ့ ကပ်သွားသူကို တဖက်။ ညာဘက်မျက်လုံးနဲ့ ကပ်သွားသူကို တဖက်ခွဲလိုက်ပါ။ အခန်းထဲကို ဘယ်ဘက်မျက်လုံးဆီကပ်သွားသူနဲ့ ညာဘက်မျက်လုံးဆီကပ်သွားသူတို့ ခွဲထိုင်စေပါ။

ဘယ်ဘက်မျက်လုံးဆီကပ်သွားသူသည် ညာဘက်ဦးနှောက်အားသန်သူ။ ညာဘက်မျက်လုံးဆီ ကပ်သွားသူသည် ဘယ်ဘက်ဦးနှောက်အားသန်သူဆိုပြီး ခွဲထိုင်ခိုင်းတယ်။ ပြီးတော့ အောက်ပါအတိုင်း ရှင်းပြတယ်။

ညာဘက်ဦးနှောက် အားသန်သူဟာ ဉာဏ်ရည်ကိုညွှန်းပါတယ်။ ဘိုလို Intelligent Quotient လို့ပြောပြီး အတိုကောက်အားဖြင့် IQ လို့သုံးတယ်။ ထူးချွန်တာ၊ ထက်မြက်တာ၊ အမျှော်အမြင်ရှိတာ၊ တွေးခေါ်တတ်တာ၊ ချင့်ချိန်တတ်တာ၊ စည်းကမ်းတင်းကြပ်တာ၊ တိကျတာ၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်တာကိုပြပါတယ်။ ဘယ်ဘက်ဦးနှောက် အားသန်သူဟာ ခံစားမှုကို ညွှန်းဆိုပါတယ်။ အင်္ဂလိပ်လို Emotional Quotient လို့သုံးပြီး အတိုကောက်အားဖြင့် EQ လို့သုံးတယ်။ ခွင့်လွတ်တာ၊ သဘောထားကြီးတာ၊ ခံစားတတ်တာ၊ အနုပညာစတာလေးတွေကို ချစ်မြတ်နိုးတာ အပြုသဘောဆောင်တာတွေကို ညွှန်းဆိုပါတယ်။ ပုံမှန်အားဖြင့် သင်ကြားခြင်းကိစ္စက ဒီမှာဆုံးသွားလေ့ရှိပါတယ်။ တခါတရံအားဖြင့်တော့ Cultural Quotient ဆိုတဲ့ CQ လေးကို ထည့်တတ်ပါတယ်။ လူမျိုးအလိုက်တော်တတ်တာ။ ဒေသအလိုက် ဉာဏ်ရည်မြှင့်တတ်တာ။ ချမ်းသာမှုအလိုက်။ အသက်ကြီးငယ်အလိုက် လက်ခံမှု နားလည်မှု ကွဲပြားတတ်တာကို ညွှန်းဆိုပါတယ်။ ဒါကလည်း လက်ခံသင့် လက်ခံထိုက်တဲ့ ကိစ္စကလေး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒီသုံးမျိုးကို သင်ပေးလေ့ ရှိတတ်ပါတယ်။ တချို့တချို့လေးတွေကတော့လည်း တွေ့တွေ့သမျှ Quotient ကို အကုန်သင်တာမျိုး ရှိပါတယ်။[metaslider id=703]

ဒီနောက်ပိုင်း ကျနော်သင်တာကတော့ CQ ဆိုတာလေး ဖြုတ်ပါတယ်။ ဘာထည့်သလဲဆိုရင် PQ (Physical Quotient) နှင့် SQ (Spiritual Quotient) ဆိုတာလေးနှစ်ခုပါ။

PQ ဆိုတာ ဘယ်လိုမျိုးလဲ။ ကျန်းမာတာ၊ တက်ကြွတာ၊ ရုပ်ရည်သန့်ပြန့်တာ၊ အမူအရာ အနေအထိုင် သပ်ရပ်တာနှင့်အတူ အလုပ်အကိုင်တခုခုကို ကောင်းမွန်စွာ တတ်ကျွမ်းတာကို ညွှန်းပါတယ်။ SQ ကတော့ ဘဝအာမခံချက်နဲ့ သက်ဆိုင်သလို ကိုယ်ကျင့်တရားနှင့်လည်း သက်ဆိုင်ပါတယ်။ မျှော်မှန်းချက်ထားတာ၊ ပန်းတိုင်တခုခုကို သတ်မှတ်ထားတာဟာ SQ ပါ။ သည်းခံတာ၊ နားလည်လွယ်တာ၊ လိပ်ပြာသန့်တာ၊ သီလလုံတာကလည်း SQ ပါ၊ မဂ္ဂင်ရှစ်ပါးနဲ့အညီနေထိုင်နိုင်တာကလည်း SQ ဖြစ်ပါတယ်။ ယုံကြည်မှု ကိုးကွယ်မှုတွေနဲ့လည်း ဆိုင်နေပြန်ပါတယ်။ စိန်ခေါ်မှုကို လက်ခံတာ၊ အပြောင်းအလဲကိုလည်း လက်ခံရဲတာလည်းပါတယ်။ SQ ဟာတော်တော်များများနဲ့ သက်ဆိုင်နေပါတယ်။ ကျနော်ကတော့ ဒါလေးတွေ ထပ်ထည့်တယ်။

အဲဒါသင်ပြီးရင် ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး။ သူတို့လေးခုကို ညှိခိုင်းပါတယ်။ Quotient တခုခုအားသန်နေရုံနဲ့ပြီးမလားဆိုပြီး ဘက်မျှခိုင်းပါတယ်။ ပြီးရင် 3H နဲ့လည်းညှိပါတယ်။ IQ သည် Head။ EQ နှင့် SQသည် Heart။ PQ သည် Hand တို့ဖြစ်ပါတယ်။

အဲဒီထက်ပိုပြီးတော့လည်း Quotient တခုချင်းစီကို ဘယ်လိုအားသန်လာအောင် လုပ်မလဲဆိုပြီး မေးပါတယ်။ IQ နဲ့ EQ အားသန်အောင် စာဖတ်တာ၊ ဆွေးနွေးတာ၊ ဟောပြောပွဲတွေ နားထောင်တာ၊ သင်တန်းတက်တာ စသဖြင့် လုပ်နိုင်ကြောင်းပြောပါတယ်။ PQ အားကောင်းဖို့ကတော့ Yoga ကျင့်တာ၊ ကျန်းမာရေးနဲ့အညီနေထိုင်တာ၊ အလုပ်တခုခုကို ကောင်းမွန်စွာ တတ်ကျွမ်းအောင် သင်ကြားတာ၊ မိရိုးဖလာလုပ်ငန်းကို သင်ကြားတာစသဖြင့် ပြောပါတယ်။ SQ အတွက်တော့ သီလလုံအောင် နေတာ၊ မဂ္ဂင်ရှစ်ပါးနှင့်အညီနေထိုင်တာ၊ ဘာသာတရားလိုက်စားတာလုပ်ဖို့ လိုကြောင်းပြောပါတယ်။

ဒါကို ဆက်ပြီးတော့ ဗုဒ္ဓစာပေနှင့် ညှိပြပါတယ်။ အဲဒါကတော့ ခန္ဓာငါးပါးနဲ့ ချိတ်ပြတာပဲ ဖြစ်ပါတယ်။ အောက်ပါ အတိုင်းပါ။

Physical Quotient က ရူပက္ခန္ဓာ (ရုပ်)

Emotional Quotient က ဝေဒနက္ခန္ဓာ (ခံစားမှု)

Intelligent Quotient က သညက္ခန္ဓာ (မှတ်သားမှု)

Spiritual Quotient က သင်္ခါရက္ခန္ဓာ (ပြပြင်မှု)နှင့် ဝိဉာဏက္ခန္ဓာ (သိမှု)

အားလုံး အဆင်ပြေကြပါစေ။

ဂျေဂျူဝိုင်

Post navigation

ပရမ်းပတာကြီးတွေပါကွာ
RWCT ထဲက စာဖတ်နည်း

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress