• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ပင်လုံအိုင်ဒိုး

ကိုယ်တွေ သင်ဖူးထားတာက ဝေဖန်ပိုင်းခြား စဉ်းစားခြင်းကို၊ သူက အဆင့်ဆင့်နဲ့ကို ရှိတာ၊ သို့ပေတဲ့ ဘယ်အသက်အရွယ်မှာမဆို တွေးနိုင်ပြန်သတဲ့ဗျား။ ကျွန်တော်ကဖြင့် ဝေဖန်ပိုင်းခြား စဉ်းစားတဲ့ အလုပ်ကို မလုပ်တတ်ပါဘူး။ ဒီလိုပဲ ရိုးရိုးကြီးတွေးလိုက်တာပဲ။ ရိုးရိုးကြီးမြင်လိုက်တာပဲ။ အဲလို မြင်တတ် တဲ့သူများတွေးပြလိုက်ရင်ဖြင့် အော်ဟုတ်ကိုနေတာပဲလို့ သိလိုက်ရတာချည့်။ ခုလည်းကြည့် ဒီ ၂၀၁၇ ဖေဖော်ဝါရီမှာ Hot ဖြစ်တဲ့ Issue ကိုကြည့်။ Myanmar Idol ရယ်၊ ဒုတိယအကြိမ် ပင်လုံမှာ ကျင်းပတဲ့ ဒုတိယပင်လုံညီလာခံရယ်ကို ရွှေဘိုမြို့ ရွှေခြင်္သေ့ဆရာတော်က တွေးပြလိုက်တာ ဟုတ်ကို နေတာပဲ။  သူက ပြောတယ်၊ မြန်မာအိုင်ဒေါရယ် ပင်လုံပွဲရယ် ကြည့်ရတာ တူသလိုလို ဆိုပြီး ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၇ နာရီ ၁၆ မိနစ်မှာ Status တခု တင်လိုက်တယ်။ အဲဒီပိုစ့်အောက်မှာ ကျနော့်ဆရာတစ်ယောက်က Comment ဝင်ရေးတယ်။ ဆရာကောင်းလို့ ကျနော်တို့ ခေါ်ကြတဲ့ ဆရာကောင်းညွှန့်ပါ။

“ပင်လုံမတက်ရေး Idol မကြည့် မသွားရေးမူ ကိုင်စွဲကြသူများလည်း ရှိကြ။ ပင်လုံတက်ချင်သူတွေ Idol ခရီးဆက်ချင်သူတွေ ကြပြန်တော့ သူ့ထက်ငါ နောက်တဆင့်တက်ရေး ကြိုးပမ်းနေကြပြန်။ ပရိသတ်မဲဆန္ဒသာအဓိက ဆိုသော်ငြား နောက်ဆုံး ၁၀ ယောက် ဆန်ကာတင်ထိ ဒိုင်သုံးယောက်က စင်တင်ပေးနိုင်ခွင့် … NCA ကြီးနဲ့များ တူနေလျော့လို့ ဘုန်းဘုန်းဘုရား ထင်တော်မူတယ် ထင်ပါရဲ့။ ရှစ်ဖွဲ့လေးတော့ လက်မှတ်ထိုးထားတယ်ဘုရား။ MPT တစ်ခုနဲ့တင် မဲပေးခွင့်ရှိရင် တခြားတယ်လီနော်တို့၊ အော်ရီထူး ပရိသတ်တွေ အတွက် မမျှတလိုလို့ ဘုန်းဘုန်းထင်တော်မူ ထင်ပါရဲ့။ လေ့လာသူအဖြစ် ပင်လုံညီလာခံ တတ် (တက်) ကြတာလေးတွေတော့ ရှိထင်ပါရဲ့။ ဘယ်အဆင့်ဖြစ်ဖြစ် idol မှာ နံပါတ်တွေပဲ အသုံးပြုပါတယ်။ ဦးရဲနောင် ဒေါ်ဘယ်လီ စသဖြင့် မဲပေးစဉ်မသုံးနှုန်းပါ။ ဒါကိုပဲ ဘုန်းဘုန်းခမျာ အတိတ်ပင်လုံနာမည် ပြဿနာကို စဉ်းစားမိထင်ပါရဲ့။ ဖက်ရှင်ကတော့ အရေးကြီးတယ်ဘုရား။ ဒါဟာ ဝိသေသလက္ခဏာမို့ပါ။ ပင်လုံဖြစ်ဖြစ် Idol ဖြစ်ဖြစ် ဝတ်ကြပါစေနော်။ ဒိုင်သုံးယောက်က အစိုးရ လွှတ်တော်က တစ်ယောက်၊ တပ်မတော်က တယောက်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက တယောက်အဖြစ်များ ရှုမြင်ပြီး CSO တွေက Vocal coach အသံနည်းပြတွေ အဖြစ်ပါဝင်ကာ နောက်ဆုံး ဆုံးဖြတ်ချက်က ပရိသတ် ပြည်သူတွေလို့ ဘုန်းဘုန်းယူဆဟန်တူတယ်။ တကယ်တော့ ဒီထက် ကျယ်ပြန့်ပါတယ် ဘုရား။ ပင်လုံနဲ့ Idol က တကယ့်ပွဲကြီးတွေကို တိုက်ရိုက်ထုတ်လွှင့်ပြသမှု လုပ်တာတူတဲ့ အပြင် အကြိုပွဲ အထူးသဖြင့် Auditions အဆင့်တွေကိုတော့ ဟိုက်လိုက်လောက်ပဲ ကြည့်ရတာတူနိုင်တယ်လို့ ဘုန်းဘုရား တွေးနေတယ်ထင်ပါ့။ အန်ကယ်ကတော့ နိုးပါလို့ ပြောမယ့်သူက ဘယ်သူလဲ ဘုန်းဘုန်းမှန်းဆထားဟန်လဲ ရှိတယ်။ ကံကောင်းပါစေ လို့ ပြောမယ့် တယောက်လည်း ဘုန်းဘုန်း သိထားမိတဲ့ ပုံပါပဲ။ ပင်လုံလည်း ပင်လုံ၊ Idol လည်း Idol ပေါ့ဘုရား။ တပည့်တော်တို့ စိတ်ဝင်စားကြပြန်ပြီ” ရယ်လို့ သုံးသပ်ချက် အရှည်ကြီး ရေးတော်မူလေရဲ့။

ကျနော်ဖြင့် သည်လို သည်လိုတွေ မတွေးတတ်ပါ။ Idol ကို အော် MPT စီးပွားရေးကောင်းကောင်း ရှာတတ်တာပဲ။ ကြည့်စမ်း Vote ကို မကြေငြာဘဲ ဘယ်သူ များတယ် ဘယ်သူနည်းတယ်လို့ စင်ပေါ် ခပ်တည်တည်ကြေငြာလွှတ်လိုက်တယ်။ ပရိသတ်တွေကလည်း ငြိမ်နေတာပဲ။ အော် ပိုးမီလေးခမျာ မဲနည်းသွားတယ် ထင်ပါရဲ့လို့ တွေးနေမိကြမှာ။ ကျနော်ကတော့ဖြင့် ပိုးမီကို မဲနည်းတယ်လို့ မထင်ရေးချမှ မထင်။ Vote များများဆွဲခေါ်လို့ရအောင် မမြင်ရတဲ့ အဖွဲ့တဖွဲ့က ဆုံးဖြတ်လိုက်တယ်လောက်ပဲ ထင်တာကိုး။ Rock ညမှာ ဦးသိန်းတန်ပြောတာကိုပဲ နားထောင်ကြည့်လေ။ MPT ကတော့ မြန်မာတနိုင်ငံလုံးကို ကြိုးဆွဲချင်တိုင်း ဆွဲနေတော့တာပဲ။ အရင်တုန်းက ဆင်းကဒ်ကို ၂၅ သိန်းလောက်နဲ့ ရောင်းတယ်။ ပြည်သူတွေ ဒုက္ခကိုရောက်လို့။ နည်းနည်းစီလျော့လာတယ်။ နောက်ဆုံး ၁၅၀၀ ကျပ်နဲ့။ မယုံနိုင်လောက်အောင် ဖြစ်ခဲ့တာ။ သို့သော် ခု အရူးထပ်လုပ်တယ်။ မြန်မာတွေ အသာလေး ငြိမ်ခံတယ်။

အဲ ပင်လုံညီလာခံကိုတော့ဖြင့် မမြင်တတ်ပါဘူး။ NVC ကနေ ပင်လုံနာမည်ပြောင်းတယ်။ လူပြောင်းတယ်။ အရင်က တိုင်းရင်းသား အဖွဲ့အစည်းတောင်းဆိုတာတွေ မသိဖူးဘူး။ စစ်အစိုးရနဲ့ ညှိနှိုင်းလို့ ရတဲ့ အဖွဲ့တွေ ထွက်လာတယ်။ မရတဲ့အဖွဲ့ မရဘူး။ ခုတောင်းတာတွေကလည်း ပြည်နယ်ခွဲထွက်ခွင့်တွေ ဖြစ်နေတယ်။ အစိုးရ အဆက်ဆက် အရာရာ နိမ်ထားတဲ့ တိုင်းရင်းသားတွေ ဘာအားကိုးနဲ့များ ထတောင်းနေကြတာလဲ စဉ်းစားတယ်။ မရဘူး။ NNER ပွဲတုန်းက တယောက်က ကျနော် ပြောသလို တိုင်းရင်းသား စာပေ သင်ကြားရေး တောင်းဆိုရအောင် တိုင်းရင်းသားတိုင်း စာရှိလို့လား ပြီးတော့ သင်ရိုးတွေ ရေးပြီပြီလို့လားလို့ ထမေးတယ်။ မွန်လား ကရင်လား မသိတဲ့ အမျိုးသားကြီးက “မောင်ရင် စာသင်ခွင့်ရဖို့ အရေးကြီးတယ်၊ အဲဒါတွေက အရေးမကြီးဘူး” လို့ပြောပါတယ်။ ခုလည်း အဲလိုတွေပဲလား မသိဘူး။ NVC ကနေ ပင်လုံညီလာခံလို့ ပြောင်းလိုက်တာနဲ့အတူတူ ဆွေးနွေးချက်တွေပါ ပြောင်းသွားတာလားတော့ မသိဘူး။

Related Posts

  • ကူနီကျော့စံကွန်း

  • Hot December

  • သာမဏောဝါဒ (၁)

Recent Posts

  • ကူနီကျော့စံကွန်း
  • Hot December
  • သာမဏောဝါဒ (၁)
  • ဘေးကပ်ရက်ခုံလေးများ (၆)
  • Enneagram Relationship Three and Four
  • အညောင်းပြေ အညာပြေ လမ်းသလားခြင်း

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress