• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

တောဘုန်းကြီးနှင့် ကုမ္ပဏီများ

ထုံးစံအတိုင်း တောမှာနေတဲ့အတွက် ပထမဆုံး မလွဲမသွေအထင်ခံရတာကတော့ “တောဘုန်းကြီးတွေ ဘာမှမသိဘူး” ဆိုတဲ့အချက်ပဲ။

တနေ့သား ကျောင်းရဲ့ အတောင်ဘက် နှစ်မိုင်အကွာလောက်မှာ FMI က စည်သွပ်ဗူး စက်ရုံအတွက် မြေနေရာ ဝယ်ထားတယ်။ အဲမှာ အစောင့်ကျတဲ့ ဝန်ထမ်းက ဒေသခံတွေ လုပ်တဲ့အလုပ်ကို ဝန်ထမ်းပီပီ လိုက်လုပ်တယ်။ အဲဒါက သင်္ကြန်ပြီး ပရိတ်တရားနာတယ်ပေါ့။ ရယ်တော့ရယ်ရသား။ အော်လီဂါခီတွေရဲ့ လှည့်ကွက်တွေက သိပ်ပိရိသေသပ်လှသကိုး။ ဝန်ထမ်းကလေးတွေကို EIA ခွင့်ပြုချက် ရပြီလားလို့ မေးလိုက်တယ်။ ဘာတွေ လျှောက်ဖြေနေကြလဲ မသိဘူး။ ကိုယ့်ကို ကန့်ကွက်မယ့်သူ ဖြစ်နိုင်တယ်လို့ သူတို့တွေးသွားပုံရပါတယ်။

တလောက facebook ပေါ် status ကလေးတခု တင်လိုက်တယ်။ June 14 ရက်ကပါ။ “တပည့်တော်တို့က ဗီယက်နမ်ဖုန်းလိုင်းကပါ ဘုရား၊ အရှင်ဘုရားကျောင်းထဲ တာဝါတိုင်စိုက်ဖို့ မြေငှါးချင်လို့ပါ” ဆိုတာလေး။

တာဝါတိုင်ရဲ့ ဆိုးကျိုးများကို မသိကြတဲ့သူတွေကတော့ ဝမ်းသာအယ်လဲပေါ့။ ကျန်းမာရေးအတွက် တခုတည်း ကြည့်ရင်တောင် “ခေါင်းကိုက်ရောဂါ၊ မှတ်ဉာဏ်ဆုံးရှုံးမှုရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် အခြားသော ကင်ဆာများဖြစ်နိုင်တယ်ဆိုတာ သူတို့များသိရင်ပေါ့။ ခက်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ အွန်လိုင်းပေါ် cell phone tower လို့ရှာလိုက်တာနဲ့ သိရတဲ့ ကိစ္စကြီးပဲလေ။

ဗီယက်နမ်ဖုန်းလိုင်းဆိုတော့ viettel Myanmar လို့ထင်တာနဲ့ အဲဒီကို စာတောက်လျှောက်ပို့ခဲ့တယ်။ သူတို့က ဘယ်နိုင်ငံကလဲဆိုပြီးတော့သာ စာဆက်တိုက်ပြန်တယ်။ Viettel Myanmar ကို စာပို့ပေမယ့် မထူးတာက ကိုယ့်ကျောင်းနား လာလုပ်တာက Mytel ဖြစ်နေတာကိုး။ ဒါကြောင့်ဟိုက သင့်အခြေအနေအတွက် စိတ်မကောင်းပါဘူးဆိုပြီးသာ တောက်လျှောက်စာပြန်နေခဲ့တာ။ ဘယ်လို ဘာကြောင့် tower တိုင်စိုက်မယ့်ကိစ္စကို စာပို့ရသလဲဆိုတော့ သူတို့ လာမေးတုန်းက တခါတည်းပြောလိုက်တဲ့ စကားတစ်ခွန်းရှိတယ်။ [metaslider id=752]

“ကျုပ်ကျောင်းမှာလည်း မလုပ်နဲ့၊ ကျုပ်ကျောင်းအနီးမှာလည်း မလုပ်နဲ့၊ နောက်ဆုံး ကျုပ်နေတဲ့ ရွာမှာလည်း မလုပ်နဲ့” လို့။

ဆိုတော့ သူ့ဆန်စားတော့ ရဲရတဲ့ သကောင့်သားတွေက မတောက်တခေါက် ဘိုလိုမှုတ်တော့တာကိုး။ ဘိုလိုမှုတ်တာကလည်း ဘာမှ မဟုတ်ပါဘူး။ ဒီနေရာက ကျောက်တုံးများတယ် ဘာညာဆိုတော့ ကိုယ်က ပြီးသွားပြီမှတ်လိုက်တယ်။

စီးပွားရေးသမားဆိုတာ အောက်တန်းကျရတယ်။ သို့တည်းမဟုတ် ယုတ်မာရတယ်။ အဲလိုပြောရမယ်။ ကိုယ်ပြောလိုက်တဲ့စကားကို မသိကျိုးကျွံပြုပြီး ကျောင်းအနီးက မြေကို ငှါးသွားတာပါပဲ။ ကိုယ်ကလည်း ပြင်ဦးလွင် SEMS သင်တန်း၊ နောင်တောင်း Teacher Training သင်တန်းကို လနဲ့ချီသွားလိုက်ရတော့ နောက်မှာ ဘာဖြစ်တယ်ဆိုတာ မသိလိုက်ဘူး။ စာချုပ်တောင် ချုပ်ပြီးသွားပြီဆိုသကိုး။ နောက်တချက်က မြေရှင်ကို တာဝါတိုင်စိုက်တာ ဘာဆိုးကျိုးမှ မရှိဘူးလို့ ဂျင်းထည့်သွားတယ်။ ကံဆိုးချင်တော့ မြေရှင်က ဘုန်းကြီးကျောင်းကို သူ့မြေတစ်ဧက လှူထားတယ်။ ဆိုတော့ ကိုယ်က စာပို့လိုက်ရင် အောက်တန်းကျသူများပီပီ ယုတ်မာတတ်သူများပီပီ Mytel ဝန်ထမ်းများဟာ ကျောင်းနဲ့ရွာကို သွေးခွဲတော့မှာ သေချာပါတယ်။ သည်လိုလုပ်တာ Mytel ရဲ့ပင်ရင်းက သိချင်မှလည်း သိမယ်ပေါ့။ အောက်က ကန်ထရိုက်ယူထားတဲ့ မောင်မင်းကြီးသားတွေက ငတေမာဖို့လုပ်ကြမှာကိုး။

ပြီးတော့ တာဝါတိုင်ဆိုတာမျိုးက သက်ရောက်မှုမြန်တဲ့အမျိုး မဟုတ်ဘူးလေ။ သက်ရောက်မှု မမြန်တာကတော့ ဘယ်စက်ရုံ ဘယ်ကုမ္ပဏီ ဘယ် Mono လုပ်ငန်းမှာမှ မရှိပါဘူး။ တဖြည်းဖြည်းနဲ့သာ ခံရတာကိုး။ ဆိုတော့ EIA ရဲ့ ထိခိုက်ခံစားရသူ၊ ဆိုကျိုးသက်ရောက်မှု။ ပတ်ဝန်းကျင်အပေါ်သက်ရောက်မှု။ ဆက်စပ်သက်ရောက်မှုစတာတွေနဲ့ ပြောလို့ မရပြန်ဘူးပေါ့။ ကုမ္ပဏီထောင်ပြီဆိုကတည်းက အော်လီဂါခီဆိုတာတွေ EIA ကို ထုံးလိုမွှေ ရေလိုနှောက်ပြီးသားပေါ့။ ဒါတွေနဲ့တော့ သူတို့ကို ပြောရမှာလည်း မဟုတ်ဘူး။ နောက်တခုက သူတို့လုပ်ငန်းကို မကောင်းပြောခံမှာ မဟုတ်ဘူး။[yikes-mailchimp form=”1″ description=”1″ submit=”Submit”]

ဘာကြောင့်များ ကန့်ကွက်ချင်ရတာလဲလို့ မေးချင်စရာရှိတယ်။ သူများတွေလို အချက်အလက်ကျကျ မသိပါဘူး။ WHO က ဘာတွေ ပြောထားလဲ။ အမေရိကန်က စာတမ်းတွေ ဘယ်လို ရှိမလဲ။ အိမ်နီးချင်း ကုလားကြီးတို့ နိုင်ငံကကော ဘယ်လို ထုတ်ပြန်ထားဖူးလဲ။ ချက်ကျ လက်ကျတော့ဖြင့် မပြောတတ်ဘူး။ သို့သော် ကိုယ်လုပ်မယ့် ဖွံ့ဖြိုးရေးသင်တန်းကျောင်း အစီအစဉ်ကလေးဟာဖြင့် သည်ဘာမှ မဟုတ်တဲ့ Tower ကြောင့် ပျက်ရတော့မယ်။ ကိုယ်တည်ထောင်ချင်တဲ့ “ငြိမ်းချမ်းပျော်ရွှင်တဲ့ စာသင်ကျောင်းကြီး” ဟာ အခုမှ အစပျိုးကာ ရှိသေးတယ် အဆုံးသတ်ရတော့မယ်။ စက်ရုံတွေ ပတ်လည်ဝိုင်းနေရာကနေ ကြားဖြတ်ပေါ်လာတဲ့ Mytel ဝန်ထမ်းတချို့ကြောင့် . .

မစရသေးဘဲ ပျက်စီးရကိန်းဆိုက်ပြီထင်ရဲ့

.တခါခါ ပြဿနာက ကိုယ်ဖြေရှင်းမယ့် ပုံစံအတိုင်း ဖြစ်မလာတတ်ဘူး။ ကိုယ်က ရှမ်းတောင်၊ ရှမ်းအရှေ့နှင့် ကယားပြည်နယ်မှာ ရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို လိုက်ပြီး ကျောင်းအနီးမှာ ဖုန်းတိုင်ရှိလားလို့ စစ်တမ်းကောက်ရမယ့်သူ။ ခုတော့ ကိုယ့်ကျောင်းအနီးမှာ ဖုန်းတိုင်က ကိုယ် မဖြေရှင်းနိုင်တဲ့ အနေအထားမျိုးနဲ့ ရောက်လာပြီ။

ကုလားကြီးနိုင်ငံက power point ဖြစ်ပါတယ်

ဒါလည်း ကုလားကြီးတို့ဆီက research တစ်ခုပါ။

အပေါ်က EIA ဆိုတာလေးမှာ link active ဖြစ်နေလိမ့်မယ်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းလေးပါ။

ဖတ်ရှုတော်မူပါ

 

Related Posts

  • အဓမ္မဘက်တော်သားများ

  • အာဏာသိမ်းမှု မအောင်မြင်စေရ

  • Before and After Coup

Recent Posts

  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ
  • Before and After Coup
  • တာဇံတောလား
  • ကူနီကျော့စံကွန်း
  • Hot December

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress