• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Ice Breaker (7)

ဘွတ်၊ ရွှတ်၊ ဒိုင်း ၁- ၂- ၃-

ရည်ရွယ်ချက်       – တက်ကြွစေရန်၊ အချင်းချင်းနားလည်စေရန်

လိုအပ်ချိန်           – ၁၀ မိနစ်

လူဦးရေ              – ၃ ယောက်စီတွဲနိုင်သော လူဦးရေ

လိုအပ်ပစ္စည်း       – မရှိ

လုပ်ဆောင်နည်းအဆင့်ဆင့်။            ။ သင်တန်းသားအားလုံးကို သင့်တော်ရာအတိုင်း သုံးယောက်စီတွဲစေပါ။ ထိုအတွဲကို နံပါတ်စဉ် တပ်ပေးပါ။ ရှေ့နောက် ရပ်စေပါ။ ထိုသုံးယောက်ထဲတွင် တစ်ယောက်က ဘွတ်၊ တစ်ယောက်က ရွှတ်၊ တစ်ယောက်က ဒိုင်းဟု အော်ရမည်။ အသံမထပ်ရ။ မမှားရ။ နောက်ဆုံး ဒိုင်းဟု ရွတ်ဆိုသူသည် မိမိဆက်လိုစေသည် အခြား နံပါတ်ကို ရွတ်ဆိုရမည်။ ဥပမာ မိမိက ၁ ဆိုလျှင် ဘွတ် ရွှတ် ဒိုင်း ၂ စသဖြင့် ရွတ်ဆိုသွားရပါမည်။ သေပြီးသားအဖွဲ့ နံပါတ် ကိုပြောခြင်း၊ မိမိအဖွဲ့ကို ပြန်ပြောခြင်းများ မှားသည်။

 

ကံတူ အကျိုးပေး ကစားနည်း

ရည်ရွယ်ချက်       – တက်ကြွစေရန်

လိုအပ်ချိန်           – ၅ မိနစ် သို့ ၁၀ မိနစ်

လူဦးရေ              – သင်တန်းသားအားလုံး (စုံဂဏန်းရှိရမည်)

လိုအပ်ပစ္စည်း       – စာရွက်များ၊ ဘောလ်ပင်များ

လုပ်ဆောင်နည်း အဆင့်ဆင့်။           ။ သင်တန်းသားအားလုံးကို နှစ်ယောက်တတွဲ တွဲပေးပါ။ ပြီးနောက် သူတို့လက်ထဲ ဘောလ်ပင်နဲ့ စာရွက်ထည့်ပေးပါ။ ပြီးလျှင် စိတ်ကြိုက်ဂဏန်းတစ်လုံး ချရေးစေပါ။ ဂဏန်းမများရန် သတိပေးပါ။ ထို့နောက် အတွဲချင်း မျက်နှာချင်းပြန်ဆိုင်၍ နှစ်ယောက်စလုံး ဂဏန်းကိုပေါင်းပါ။ ရလာသော အဖြေအတိုင်း လက်ချင်းချိတ် ကျောချင်းကပ်ပြီး ခုန်စေပါ။ (သင်တန်းသားများ ညည်းငွေ့လာ၍ ဂိမ်းကစားပေးပါ ဟုပြောလျှင် ကစားပေးနိုင်သည်။)

 

ကြမ်းပြင်ကို လက်ဝါးချ

ရည်ရွယ်ချက်       – တက်ကြွစေရန်

လိုအပ်ချိန်           – ၁၀ မိနစ်

လူဦးရေ              – သင်တန်းသားအားလုံး

လိုအပ်ပစ္စည်း       – မရှိ

လုပ်ဆောင်နည်းအဆင့်ဆင့်။            ။ သင်တန်းသားများအားလုံးကို စက်ဝိုင်းပုံစံ ထိုင်စေပါ။ လက်ကို အောက်သို့ ထောက်ချပါ။ ပြီးလျှင် မိမိလက်ကို တစ်ဖက်လူ၏ လက်တစ်ဖက်ကို ကျော်လိုက်ပါ။ ပြီးလက် ကြမ်းကို လက်အစဉ်အတိုင်း ပုတ်သွားပါ။ ဂဏန်းအစဉ်အတိုင်းရေတွက်၍လည်း သွားနိုင်သည်။

တစ်နည်း။           ။ မိမိလက်ကို မိမိရှေ့တွင်သာ ချထားပါ။ ဘယ်မှ ညာသို့ တောက်လျှောက်တစ်ချက်ချင်းစီ ပုတ်သွားပါ။ ထိုကဲ့သို့ အစဉ်အတိုင်းသွားနေသည်ကို ဖျက်လိုပါက မိမိကနေ တစ်ဖက်ဖက်ကို နှစ်ချက်ပုတ်၍ ပြန်သွားစေနိုင်ပါသည်။

 

တုတ်ရိုက်ခုံလုခြင်း

ရည်ရွယ်ချက်       – သွက်လက်ဖျတ်လတ်စေရန်

လိုအပ်ချိန်           – ၁၀ မိနစ်

လူဦးရေ              – သင်တန်းသားအားလုံး

လိုအပ်ပစ္စည်း       – စက္ကူလိပ်

လုပ်ဆောင်နည်း အဆင့်ဆင့်။           ။ သင်တန်းသားအားလုံးကို ခုံကိုယ်စီဖြင့် စက်ဝိုင်းသဏ္ဍန်ထိုင်စေပါ။ ခုံမပါလည်း ရသည်။ အလယ်တွင်တော့ ခုံလွတ် တစ်လုံးချထားပါ။ သင်တန်းသား တစ်ဦးမှ ထိုစက္ကူလိပ်ကို ယူ၍ အခြား သင်တန်းသား တစ်ဦးကို ရိုက်လိုက်ပြီး စက္ကူလိပ်ကို ခုံတွင် ပြန်ထားပါ။ အရိုက်ခံရသူက ထိုစက္ကူလိပ်ကို ပြေးယူ၍ မိမိအား လာရိုက်သူ ခုံတွင် မထိုင်မီပြန်ရိုက်ပါ။ ခုံတွင် မထိုင်မီ ရိုက်နိုင်ပါက ပထမလူသည် အခြားသူတစ်ယောက်ကို ပြန်၍ ရိုက်နိုင်သည်။ ခုံတွင် ထိုင်လိုက်နိုင်ပါက ဒုတိယလူသည် အခြားသင်တန်းသား တစ်ဦးဦးကို ထိုနည်းအတိုင်း ဆက်လက်ပြုလုပ်သွားစေရမည်။

 

စောင်ကာ နာမည်ခေါ်

ရည်ရွယ်ချက်       – နာမည်မှတ်မိစေရန်

လိုအပ်ချိန်           – ၁၀ မိနစ်

လူဦးရေ              – သင်တန်းသားအားလုံး

လိုအပ်ပစ္စည်း       – စောင်

လုပ်ဆောင်နည်းအဆင့်ဆင့်။            ။ အဖွဲ့ နှစ်ဖွဲ့ အညီအမျှ ခွဲလိုက်ပါ။ တစ်ဖက်စီနေင ထိုင်နေစေပါ။ အလယ်တွင် စောင်တစ်ထည်ကို သင်တန်းသား သို့မဟုတ် ပံ့ပိုးကူညီသူမှာ ကိုင်၍ ကာလိုက်ပါ။ တစ်ဖက်စီမှ တစ်ယောက်စီကို ရှေ့ထွက်နေစေပါ။ သင်တန်းမှူးမှ ၁ ၂ ၃ ရွတ်ဆိုလိုက်ပါ။ ထိုအခါ စောင်ကို တပြိုင်နက် အောက်ချလိုက်ပါ။ တစ်ဖက်မှ တစ်ယောက်စီသည် မိမိ၏ အခြားတစ်ဖက်မှ နာမည်ကို အမြန်ဆုံးနှင့် အမှန်ဆုံး ရွတ်ဆိုနိုင်ရမည်။ မရွတ်ဆိုနိုင်လျှင် ရှုံးသည်။ နာမည်ပြောင်ကို ခေါ်ခွင့်ရှိ မရှိ သင်တန်းသားများနှင့် သဘောတူညီမှု ရယူပါ။ စောင်အစား တစ်စုံတရာကို အသုံးပြုနိုင်ပါသည်။

Post navigation

Ice Breaker (6)
METANARRATIVES

Related Posts

  • Ice Breaker (6)

  • Ice Breaker (5)

  • Ice Breaker (4)

  • Ice Breaker (3)

  • Ice Breaker (2)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress