• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Ice Breaker (6)

ကား (သို့) သင်္ဘောစီးခြင်း

ရည်ရွယ်ချက်       – အချင်းချင်း ရင်းနှီးစေရန်၊ တစ်ဦးနှင့် တစ်ဦးနားလည်စေရန်

လိုအပ်ချိန်           – ၁ နာရီ

လူဦးရေ              – သင်တန်းသားအားလုံး

လိုအပ်ပစ္စည်း       – ဖလစ်ချပ်

လုပ်ဆောင်နည်းအဆင့်ဆင့်။            ။ သင်တန်းသားများကို ခရီးတစ်ခု ထွက်ရမည်ဖြစ်ကြောင်း မည်သည့်အရာကို စီး၍ ထွက်လိုသနည်းမေးပါ။ သူတို့စီးလိုသည့် အရာဖြင့် ခရီးစဉ် ငါးခုဆွဲပါ။ ထို့နောက် ဖလစ်ချပ်ကို ချ၍ အားလုံး တက်စေပါ။ ခရီးတစ်ထောက်ရောက်လျှင် ပစ္စည်းများ ဝယ်ယူလိုက်သဖြင့် ကား (သို့) သဘောင်္ မဆန့်တော့ကြောင်းပြောပြီး ဖလစ်ချပ်ကို တစ်ဝက်ခေါက်လိုက်ပါ။ ခရီးတစ်ထောက်နားတိုင်း တစ်ဝက်ခေါက်ပါ။ အမျိုးသားနှင့် အမျိုးသမီး အရေအတွက်မျှလျှင် သီးသန့်ခွဲကစားစေနိုင်သည်။ ကစားပြီးလျှင် မိမိဘဝတွင် မည်ကဲ့သို့ အသုံးချမည်ဖြစ်ကြောင်း ပြောစေပါ။

 

အုပ်စုဖွဲ့ပုံ

ရည်ရွယ်ချက်       – သင်တန်းအတွင်း အုပ်စုဖွဲ့နိုင်ရန်

လိုအပ်ချိန်           – ၁၀ မိနစ်

လူဦးရေ              – သင်တန်းသား အားလုံး

လိုအပ်ပစ္စည်း       – မဲလိပ်၊ ရောင်စုံစက္ကူ၊ စက္ကူ၊ ပန်းချီစသည်

လုပ်ဆောင်နည်း အဆင့်ဆင့်။           ။ သင်တန်းသားများကို အုပ်စုဖွဲ့လိုသည့်အခါ သုံးနိုင်သည်။ မဲလိပ်တွင် တိရစ္တာန် အမည်များကို ရေး၍ မဲနှိပ်စေပါ။ ထို့နောက် သင်တန်းသားများ ကိုယ့်မဲလိပ်ကို သူတပါးမပြဘဲ ဖွင့်ကြည့်စေရန် ပြောပါ။ ထို့နောက် မိမိရရှိထားသော တိရစ္ဆာန် အမျိုးအစားအလိုက် အသံပြု၍ မိမိနှင့် တူသော အကောင်ကို စကားမပြောဘဲ လိုက်ရှာစေပါ။

သတင်းစာ ဂျာနယ်တို့တွင် ပါသော ကြော်ငြာများ၊ အခြားရုပ်ပုံများကို လိုအပ်သလောက် ဖြတ်တောက်၍ ၎င်းစက္ကူဖြတ်စများ ကို ဝေငှကာ ထိုပုံကို ပြန်လည်ဆက်စေခြင်းဖြင့်လည်း အုပ်စုဖွဲ့နိုင်သည်။ စကားမပြောရပါ။

စက္ကူကို အဝိုင်း၊ လေးထောင့် စသည်ညှပ်ပြီး သင်တန်းသားများ၏ နဖူးတွင် ကပ်ပေးပါ။ ထို့နောက် အဝိုင်းချင်း လေးထောင့် ချင်းတူသည့်သူများကို စကားမပြောဘဲ ရှာစေပါ။ မိမိနဖူးတွင် မည်သည့်အမျိုးအစားရောက်နေသည်ကို မိမိမသိပါ။ စကား မပြောရပါ။

ရောင်စုံ စက္ကူကို နဖူးတွင် တစ်ရောင်စီကပ်လိုက်ခြင်းဖြင့်လည်း ပြုလုပ်နိုင်ပါသည်။

နှစ်ဦးချင်းတွဲစေလိုလျှင် မင်းသားနဲ့ မင်းသမီးစုံတွဲကိုသော်လည်းကောင်း၊ တိရစ္ဆာန် အစုံကိုသော်လည်းကောင်း မဲလိပ်ပြုလုပ်ကာ ခွဲနိုင်သည်။ (ဥပမာ = ကော်ဖီ=ပေါင်မုန့်၊ လက်ဘက်ရည်=အီကြာကွေး၊ ကောင်းကင်=ပြာသည် စသဖြင့်) ဆန့်ကျင်ဘက်ကိုလည်း ပြုလုပ်နိုင်သည်။ (ဥပမာ = မိုးနှင့်မြေ၊ အဖြူနှင့်အမည်း စသဖြင့်)

 

ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့

ရည်ရွယ်ချက်       – အထက်လူကြီးတို့၏ အကြောင်း သိရှိရန်

လိုအပ်ချိန်           – ၁၀ မိနစ်

လူဦးရေ              – သင်တန်းသားအားလုံး

လိုအပ်ပစ္စည်း       – မရှိ

လုပ်ဆောင်နည်း အဆင့်ဆင့်။           ။ သင်တန်းသားများအားလုံးကို စက်ဝိုင်းပုံစံ မတ်တပ်ရပ်စေပါ။ ထို့နောက် ဦးဆောင်သူမှ ကစားနည်းအကြောင်းကို ရှင်းပြပါ။ “ခေါင်းကုတ်နေတယ်” ဟုပြောပြီး ထမင်းစားနေဟန် ပြုလုပ်ပါ။ ဘေးက သင်တန်းသားများအားလုံးက ခေါင်းကုတ်နေရမည်။ “ငါမှန်ကြည့်နေတယ်” ဟုပြောပြီး ခေါင်းဖြီးနေပါ။ သင်တန်းသားများက မှန်ကြည့်နေရမည်။ ဤကစားနည်းကို ကစား၍ အထက်လူကြီးများ၏ လုပ်ဆောင်ချက်သည် ကွဲလွဲတတ်ကြောင်း၊ လူကြီး ဖြစ်ပြီဆိုလျှင် သတိထားရမည် ဖြစ်ကြောင်းပြောပါ။ (လက်အောက် ငယ်သားများသည် မိမိအထက်က လူလုပ်သလို အကုန် လိုက်လုပ်တတ်သည်။ အမြင်သည် အရေးကြီးသည်။)

 

လေပေါ်မှာ

ရည်ရွယ်ချက်       – အချင်းချင်းရိုင်းပင်း ကူညီတတ်ရန်၊ တစ်ဦးနဲ့ တစ်ဦးနားလည်စေရန်

လိုအပ်ချိန်           – ၁၀ မိနစ်

လူဦးရေ              – သင်တန်းသားအားလုံး

လိုအပ်ပစ္စည်း       – ဘောလုံးတစ်လုံး၊ သံပုယိုသီး၊ ကြက်ဥ

လုပ်ဆောင်နည်းအဆင့်ဆင့်။            ။ သင်တန်းသားများအားလုံးကို စက်ဝိုင်းပုံစံနေစေပါ။ သင်တန်းသား တစ်ဦးမှ စ၍ အခြားသင်တန်းသား တစ်ဦးထံ ဘောလုံးပစ်ပေးလိုက်ပါ။ ထိုသူမှ တစ်ဆင့် အခြားသူထံ ထပ်မံ ပစ်ပေးပါ။ ဘောလုံးသည် လေပေါ်မှာသာ ရှိနေရမည်။ အချိန်ကြာသည်အထိ မကျစေဘဲ ကစားနိုင်သည့်အခါ အဖွဲ့အစည်း စိတ်ဓာတ်ခိုင်မာ စေလိုပါ က ကြက်ဥအရွယ်ရှိ သံပုယိုသီးကို စတင်ပစ်စေပါ။ သံပုယိုသီးကို အချိန်ကြာသည်အထိ ပစ်နိုင်လျှင် ကြက်ဥကို ပစ်စေပါ။ အပေါ်တမ်းဆိုလျှင် ဘောလုံးအထိ ကစားနိုင်သည်။ အဖွဲ့အစည်းစိတ်ဓာတ်တည်ဆောက်လိုလျှင် ကြက်ဥထိ ကစား နိုင်ပါသည်။

 

လူ၊ အိမ်နှင့် မုန်တိုင်း

ရည်ရွယ်ချက်       – တက်ကြွစေရန်၊ အချင်းချင်း ရင်းနှီးစေရန်

လိုအပ်ချိန်           – ၁၀ မိနစ်

လူဦးရေ              – သင်တန်းသားအားလုံး

လိုအပ်ပစ္စည်း       – မရှိ

လုပ်ဆောင်နည်း အဆင့်ဆင့်။           ။ သင်တန်းသားအားလုံးကို သင်တန်းခန်းမှ ဟိုနေရာဒီနေရာ လမ်းလျှောက်စေပါ။ ပြီးလျှင် လူနှစ်ဦးကို လက်ချင်းချိတ်ကာ မြှောက်ထားပြီး အိမ်ခေါင်မိုးပုံစံ ပြုလုပ်ပါ။ တစ်ယောက်ကို ထိုအိမ်ထဲတွင် နေစေပါ။ ပြီးလျှင် သင်တန်းမှူးမှ “အိမ်” ဟုအော်လျှင် အိမ်ပြုလုပ်ထားသူများ ပြောင်းရမည်။ “လူ” ဟုအော်လျှင် အိမ်ထဲမှ လူများ ပြောင်းရမည်။ မုန်တိုင်းဟု အောင်လျှင် အားလုံး ပျက်စီးမည်။ အိမ်ဟု ပြန်အော်၍ ထပ်ခါ ထပ်ခါ ပြုလုပ်နိုင်သည်။

Post navigation

Ice Breaker (5)
Ice Breaker (7)

Related Posts

  • Ice Breaker (7)

  • Ice Breaker (5)

  • Ice Breaker (4)

  • Ice Breaker (3)

  • Ice Breaker (2)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Archives

Theme by Bloompixel. Proudly Powered by WordPress