• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Ice Breaker (5)

 

ငှက်ပျံ

ရည်ရွယ်ချက်       – သွက်လက်စွာလှုပ်ရှား၍ ဉာဏ်ထက်မြက်စေရန်

လိုအပ်ချိန်           – ၁၀ မိနစ်

လူဦးရေ              – သင်တန်းသားအားလုံး

လိုအပ်ပစ္စည်း       – မရှိ

လုပ်ဆောင်နည်း အဆင့်ဆင့်။           ။ အားလုံးကို စက်ဝိုင်းပုံ မတ်တပ်ရပ်စေပါ။ ဦးဆောင်သူက အလယ်တွင်နေ၍ ငှက်ပျံ ဟုအော်လိုက်ပါ။ ပြီးလျှင် လက်မြှောက်ပါ။ ငှက်သည် ပျံတတ်သည့် သတ္တဝါဖြစ်သဖြင့် လက်မြှောက်လိုက်ခြင်းသည် မှန် သည်။ ထို့နောက် ခွေးပျံ ဟုအော်ကာ လက်မြှောက်လိုက်ပါ။ သင်တန်းသားများက ခွေးဆိုသော သတ္တဝါသည် မပျံတတ် သဖြင့် လက်လိုက်မြှောက်ပါက မှားသည်။ ထိုကဲ့သို့ သတ္တဝါများအမည်ကို ပြော၍ ကြက်ပျံ၊ ဆင်ပျံ စသဖြင့် မှားယွင်းသည့် အမူအယာဖြင့် ဦးဆောင်ကာ မှားယွင်းသည့်သူကို ဖမ်းနိုင်သည်။ မှားယွင်းသည့် အမူအယာ ဆိုသည်မှာ နဂါးပျံ ဟုပြောပါ လျှက် လက်မြှောက်မပြခြင်း၊ ဝက်ပျံ ဆိုပါလျှက် လက်မြှောက်ခြင်းစသည်ကို ဆိုလိုသည်။

 

ကွန်ယက်ဖြစ်နေသည့် မိတ်ဆွေလက်များ

ရည်ရွယ်ချက်       – တစ်ဦးနဲ့ တစ်ဦးရင်းနှီးစေရန်၊ အဖြေရှိသော်လည်း တစ်ခါတစ်ရံ အဖြေခက်နေသည်ကို သိရှိရန်

လိုအပ်ချိန်           – ၂၀ မိနစ်

လူဦးရေ              – သင်တန်းသား အားလုံး

လိုအပ်ပစ္စည်း       – မရှိ

လုပ်ဆောင်နည်း အဆင့်ဆင့်။           ။ သင်တန်းသားများကို အညီအမျှ အုပ်စု နှစ်စုဖွဲ့ပါ။ ပြီးလျှင် ခေါင်းဆောင် နှစ်ဦးစီ အပြင်ခေါ်ထုတ်ပါ။ ထို့နောက် အတွင်းတွင် ကျန်နေသူများသည် စက်ဝိုင်းပုံအတိုင်းနေ၍ အချင်းချင်း လက်ချင်းဆုပ်ကိုင်ကာ တစ်ဦးနှင့် တစ်ဦးလက်များ ရှုပ်ထွေးသွားအောင် ကျော်တန်ကျော် ငုံ့တန်ငုံ့ဖြင့် ကွန်ယက်ဖွဲ့လိုက်ပါ။ အားလုံးပြီးလျှင် အပြင် သို့ထွက်သွားသောသူကို ပြန်ခေါ်ယူ၍ ဆန့်ကျင်ဘက်အဖွဲ့၏ ကွန်ယက်ကို ဖြေရှင်းစေပါ။ အမြန်ဆုံးနှင့် အမှန်ဆုံး ဖြေရှင်း နိုင်သူကို အနိုင်ပေးပါ။ လက်ချင်းယှက်ကာ ကွန်ယက်ပြုလုပ်ကာ နေသူများ လက်တွဲ မပြုတ်ရန် လိုပါသည်။ လက်တွဲ ပြုတ်ပါက ဖြေရှင်းမရ ဖြစ်တတ်သည်။

 

ကြိုးကွန်ယက်

ရည်ရွယ်ချက်       – ရင်းနှီးစေရန်၊ ပြဿနာကို ဖြေရှင်းတတ်ရန်

လိုအပ်ချိန်           – တစ်နာရီ

လူဦးရေ              – သင်တန်းသားအားလုံး (စုံဂဏန်း)

လိုအပ်ပစ္စည်း       – ပလပ်စတစ်ကြိုးများ

လုပ်ဆောင်နည်းအဆင့်ဆင့်။            ။ နှစ်ပေခန့်အရှည်ရှိ ပလပ်စတစ်ကြိုးကို ကြိုတင်ဖြတ်ထားပါ။ သင်တန်းသားထဲမှ ကူညီလိုသည့်သူ တစ်ဦး သို့မဟုတ် နှစ်ဦးကို ရှာထားပါ။ ပြီးလျှင် သင်တန်းသားများကို တစ်ယောက်တစ်ချောင်းပေးပါ။ မိမိလက်ညိုးဖြင့် ကြိုးထိပ်တစ်ဖက်ကို သေချာကိုစေပါ။ ထို့နောက် အလယ်တွင် အားလုံးကို စုလိုက်စေပါ။ တွဲလွဲချထားစေပါ။ သင်တန်းမှူးမှ စုထားသောကြိုးကို စုကိုင်လိုက်ပါ။  ပြီးလျှင် သင်တန်းသားများကို အောက်တွင် မိမိဖမ်းမိသော ကြိုးတစ်ချောင်းကို ယူစေပါ။ ကြိုးထိပ်တဖက်ကို လက်ညိုးဖြင့် လိပ်၍ သေချာကိုင်စေပါ။ အားလုံးကြိုးကို ကိုင်မိကြပြီဆိုလျှင် သင်တန်းမှူးမှ အလယ်တွင် ကိုင်ထားသော ကြိုးစည်းကို ဖြည်းဖြည်း ချင်းလွတ်ပြီး သင်တန်းသားကို ဖြည်းဖြည်းချင်း နောက်ဆုတ်စေပါ။ ကြိုးများ ရှုပ်ထွေးနေပါလိမ့်မည်။ ယခင်ကူညီလိုသူကို ထိုကြိုးကိစ္စ ဖြေရှင်းစေပါ။ သင်တန်းသားက ၃၀ ကျော်လျှင် နှစ်ဖွဲ့ပြုလုပ်၍ ပြိုင်စေနိုင်သည်။

 

လှေနစ်တော့မယ်

ရည်ရွယ်ချက်       – စွမ်းအားဖြည့်ရန်၊ အုပ်စုဖွဲ့ရန်

လိုအပ်ချိန်           – ၁၀ မိနစ်

လူဦးရေ              – သင်တန်းသားအားလုံး

လိုအပ်ပစ္စည်း       – မရှိ

လုပ်ဆောင်နည်း အဆင့်ဆင့်။           ။ သင်တန်းသားများအားလုံး အုပ်စုဖွဲ့၍ လှေဖြင့် ခရီးထွက်ခဲ့ကြသည်။ လှေသည် တဖြေးဖြေး ခရီးနှင်နေသည်။ ထိုသို့ ဦးဆောင်သူမှ ပြောပြီး သင်တန်းသားများကို လမ်းလျှောက်စေပါ။ ခဏအကြာ မုန်တိုင်း လာတော့မယ် သုံးယောက်တတွဲနေပါ ဟုပြောရမည်။ နောက် မုန်တိုင်းလာပြီး၍ လှေဖြင့် ခရီးပြန်ဆက်စေပါ။ ခဏတွင် မုန်တိုင်းလာပြန်တော့မည် ဖြစ်၍ လေးယောက်တတွဲနေပါဟု ပြောပါ။ မုန်တိုင်းငြိမ်၍ မိမိဆန္ဒအတိုင်း ပြုလုပ်စေပြီးလျှင် အုပ်စုဖွဲ့လိုပါက “မိန်းကလေး ၃ ယောက်၊ ယောက်ျားလေး ၂ ယောက်ဖွဲ့ပါ” စသဖြင့် စေခိုင်းနိုင်ပါသည်။

 

မှန်းဆကြည့်ပါ

ရည်ရွယ်ချက်       – ပြဿနာကို ရှင်းလင်းတတ်စေရန်

လိုအပ်ချိန်           – ၁၅ မိနစ်

လူဦးရေ              – သင်တန်းသားအားလုံး

လိုအပ်ပစ္စည်း       – ဗူးလွတ်၊ ဘီး၊ သော့တွဲ၊ ခဲတံ၊ ဘောလ်ပင်၊ ဆေးပုလင်းခွံ၊ လက်သည်းညှပ်စသည်

လုပ်ဆောင်နည်းအဆင့်ဆင့်။            ။ သင်တန်းသားများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။ သင်တန်းမှူးမှ အထက်ပါ ပစ္စည်း များကို ဗူးလွတ်တွင်ထည့်၍ အဖုံးပိတ်လိုက်ပါ။ (၁) ဗူးကို မကိုင်ကြည့်ဘဲ အဝေးမှ ဗူးထဲတွင် မည်သည့်ပစ္စည်းပါသည်ကို ခန့်မှန်းစေပါ။ (၂) ဗူးကို ကိုင်လှုပ်ပြီး အထဲရှိ ပစ္စည်းများကို ခန့်မှန်းစေပါ။ (၃) ဗူးကို ဖွင့်ပြီး အဝတွင် ကြည့်ကာ မည်သည့် ပစ္စည်းများပါသည်ကို ခန့်မှန်းစေပါ။ (၄) ဗူးထဲမှ ပစ္စည်းများကို ထုတ်ပြပြီး စာရင်းပြုစုစေပါ။ ထို့နောက် မကိုင်ကြည့်ရဘဲ ခန့်မှန်းရသည့် အနေအထားမှသည် နောက်ဆုံး ပစ္စည်းများကို ထုတ်ပြသည့်အထိ မည်ကဲ့သို့ ကွာခြားကြောင်း ပြောစေပါ။ ပြဿနာကို မကိုင်တွယ်ကြည့်ဘဲနှင့် အဝေးက ခန့်မှန်းရုံနှင့် အဖြေမှန် မသိနိုင်ကြောင်း ပြောပြပါ။

Post navigation

Ice Breaker (4)
Ice Breaker (6)

Related Posts

  • Ice Breaker (7)

  • Ice Breaker (6)

  • Ice Breaker (4)

  • Ice Breaker (3)

  • Ice Breaker (2)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress