• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Ice Breaker (4)

 

နဂါးအမြီးဆွဲခြင်း

ရည်ရွယ်ချက်       – တက်ကြွစေရန်၊ အဖွဲ့အစည်းစိတ်ဓာတ်ထားရှိနိုင်ရန်၊ အုပ်စုစိတ်ဓာတ်မြှင့်တင်ရန်

လိုအပ်ချိန်           – ၁၅ မိနစ်

လူဦးရေ              – သင်တန်းသားအားလုံး (စုံဂဏန်းဖြစ်ရမည်။)

လိုအပ်ပစ္စည်း       – ပုဝါစ သို့မဟုတ် အင်္ကျီ

လုပ်ဆောင်နည်း အဆင့်ဆင့်။           ။ သင်တန်းသားအလားလုံးကို အဖွဲ့ နှစ်ဖွဲ့ ခွဲပါ။ ကျားမနှင့် လူဦးရေ ညီမျှပါစေ။ အဖွဲ့ကို ခါးချင်းကိုင်စေပြီး ခိုင်မြဲနေစေရန် အဖွဲ့ မကွဲရန် အတွဲမပြုတ်ရန် သတိပေးပါ။ ပြီးလျှင် အဖွဲ့၏ နောက်ဆုံးလူကို သူ၏ ခါးတွင် အင်္ကျီစ၊ သို့မဟုတ် ပုဝါစ ချိတ်ဆွဲထား စေပါ။ ထို့နောက် အဖွဲ့၏ ရှေ့ဆုံးလူမှ တစ်ဖက်အဖွဲ့၏ နောက်ဆုံး လူတွင် ချိတ်ထားသော ပုဝါစ သို့မဟုတ် အင်္ကျီစကို လှမ်းယူရင်း မိမိအဖွဲ့ကိုလည်း ကာကွယ်ရမည်။ လက်တွဲပြုတ်ခြင်း၊ ပုဝါစ ပါသွားခြင်းသည် အရှုံးဖြစ်သည်။

 

 

ကြက်မကြီးနဲ့ ကြက်ကလေး

ရည်ရွယ်ချက်       – တက်ကြွစေရန်

လိုအပ်ချိန်           – ၁၀ မိနစ်

လူဦးရေ              – သင်တန်းသားအားလုံး (စုံဂဏန်းဖြစ်ရမည်။)

လိုအပ်ပစ္စည်း       – မရှိ

လုပ်ဆောင်နည်း အဆင့်ဆင့်။           ။ သင်တန်းသားများကို အုပ်စု နှစ်စုခွဲပါ။ ထို့နောက် အုပ်စုလိုက် မျက်နှာချင်းဆိုင်ကာ တစ်ယောက်နောက်တွင် တစ်ယောက်နေစေပါ။ ရှေ့ဆုံးနေသူသည် ကြက်မကြီးဖြစ်ပြီး နောက်တွင် နေသူအားလုံးက ကြက် ကလေးများဖြစ်သည်။ တစ်ဖက်က ကြက်မကြီးသည် မိမိကြက်ကလေးများကို လာဖမ်းမည်ဖြစ်သဖြင့် မိမိကြက်ကလေးများ ပါမသွားစေရန် ကြက်မကြီးက ကာကွယ်ရမည်။ (အထက်ပါ နဂါးအမြီးဆွဲခြင်းက နောက်ဆုံးလူတွင် ချိတ်ထားသော ပုဝါ စသည်ကို ဖမ်းခြင်းဖြစ်ပြီး ဤကစားနည်းက ရှေ့ဆုံးလူမှ လွှဲ၍ ကျန်လူအားလုံးကို ဖမ်းနိုင်သည်။ ထိုအခါ အဖမ်းခံရသူက အသာတကြည် လိုက်ပါသွားရမည် ဖြစ်သည်။)

 

ခြေသုံးချောင်း

ရည်ရွယ်ချက်       – သူတပါး၏ အားနည်းချက်ကို နားလည်စေရန်

လိုအပ်ချိန်           – ၂၀ မိနစ်

လူဦးရေ              – သင်တန်းသား အချို့

လိုအပ်ပစ္စည်း       – ကြိုး

လုပ်ဆောင်နည်း အဆင့်ဆင့်။           ။ သင်တန်းသားထဲမှ မတူညီသော (ပုသူနှင့် ရှည်သူ၊ ဝသူနှင့် ပိန်သူ) လူများကို နှစ်ဦးစီတွဲစေပါ။ တူညီသူကိုလည်း နှစ်ဦးစီ ထပ်မံတွဲစေပါ။ ထို့နောက် သူတို့၏ ခြေနှစ်ချောင်းကို ပူးချည်ကာ သတ်မှတ် ထားသည့် လမ်းကြောင်းနှင့် သတ်မှတ်ထားသည့် နေရာသို့ လမ်းလျှောက်စေပါ။ တစ်တွဲပြီးမှ တစ်တွဲလျှောက်ပါစေ။ အားလုံး လျှောက်ပြီးသောအခါ အတွဲမညီဘဲ လျှောက်ရသူနှင့် အတွဲညီညီလျှောက်ရသူတို့၏ ခံစားချက်ကို မေးပါ။ တစ်ဦးနှင့် တစ်ဦး လုပ်ငန်းလုပ်ဆောင်ရာတွင်လည်းကောင်း သင်တန်းတွင် သင်ကြားရာတွင်လည်း မတူညီနိုင်ကြောင်း သင်တန်းသားများအား သိနားလည်နိုင်ပါစေ။

 

ဓာတ်ကြီးလေးပါး

ရည်ရွယ်ချက်       – သဘာဝ ပတ်ဝန်းကျင် အကြောင်းသိရှိရန်၊ ဉာဏ်ရည် တိုးတက်ရန်

လိုအပ်ချိန်           – ၁၅ မိနစ်

လူဦးရေ              – သင်တန်းသားအားလုံး

လိုအပ်ပစ္စည်း       – ဝှိုက်ဘုတ် ၊ မာကာပင်

လုပ်ဆောင်နည်းအဆင့်ဆင့်။            ။ သင်တန်းသားအားလုံးကို အဝိုင်းလိုက် ထိုင်စေပါ။ ဦးဆောင်သူက “မြေကြီး” ဟုဆိုလျှင် မြေကြီးနဲ့ ဆက်စပ်သည့် “သစ်ပင်၊ စိုက်ခင်း” စသည်ကို ဆက်ပြောသွားပါစေ။ ပြောသည့်အချက်များကို ဝှိုက်ဘုတ်တွင် ချရေးပေးပါ။ “ငှက်” ဟုပြောလျှင် ပျံတတ်သည့် အကောင်မှန်သမျှကို ပြောစေပါ။ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ သင်တန်းများတွင် သုံးနိုင်သည်။ ဦးဆောင်သူ အစား အခြားသူကို အစားထိုးစေနိုင်ပါသည်။

 

တိုးတိုးပြော

ရည်ရွယ်ချက်       – ပတ်ဝန်းကျင် လူအကြောင်း သိစေရန်

လိုအပ်ချိန်           – ၁၅ မိနစ်

လူဦးရေ              – သင်တန်းသား အားလုံး

လိုအပ်ပစ္စည်း       – ပန်းချီဆွဲရန် စာရွက်နှင့် Crayon များ

လုပ်ဆောင်နည်း အဆင့်ဆင့်။           ။ အဖွဲ့ သုံးဖွဲ့ကို အညီအမျှခွဲပါ။ တစ်ဦးနှင့် တစ်ဦး မလှမ်းမကမ်းတွင် နေစေပါ။ ထို့နောက် ဦးဆောင်သူ တစ်ဦးစီကို ခေါ်ထုတ်ပါ။ ထွက်လာသူကို ပံ့ပိုးသူမှ ရုပ်ပုံတစ်မျိုးစီပြပါ။ ပြီးလျှင် ထိုသူအား အစမှ တစ်ဦးကို တိုးတိုးလေး ပြောစေပါ။ ပြီးလျှင် ထိုသူမှ အခြားသူကို ထပ်မံ၍ တိုးတိုးဆက်ပြောစေပါ။ နောက်ဆုံးထိ ရောက်သွား လျှင် ကြားသည့်အတိုင်း ပုံဆွဲပါ။ ပြီးလျှင် ပြန်စစ်ပြပါ။ ပုံကို ကြည့်ရပြီး စတင်ပြောသူအား သူပြောသည့်ပုံ ဟုတ် မဟုတ်မေး ပါ။ ထို့နောက် ပတ်ဝန်းကျင်တွင် ထိုကဲ့သို့ ဖြစ်နေကြောင်း ခံစားချက်မေး၍ ပြောပါ။

Related Posts

  • Ice Breaker (7)

  • Ice Breaker (6)

  • Ice Breaker (5)

Recent Posts

  • ကူနီကျော့စံကွန်း
  • Hot December
  • သာမဏောဝါဒ (၁)
  • ဘေးကပ်ရက်ခုံလေးများ (၆)
  • Enneagram Relationship Three and Four
  • အညောင်းပြေ အညာပြေ လမ်းသလားခြင်း

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress