• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Ice Breaker (3)

လိုတရ ရှင်ဘုရင်

ရည်ရွယ်ချက်       – တက်ကြွစေရန်၊ ခိုင်းသည့် အတိုင်း လုပ်တတ်စေရန်၊ ခေါင်းဆောင် ရွေးတတ်ရန်

လိုအပ်ချိန်           – ၂၀ မိနစ်

လူဦးရေ              – သင်တန်းသား အားလုံး

လိုအပ်ပစ္စည်း       – သင်တန်းခန်းမအတွင်းနှင့် သင်တန်းဝန်းကျင်ရှိ ပစ္စည်းများ၊ အပင်များ

လုပ်ဆောင်နည်း အဆင့်ဆင့်။           ။ အဖွဲ့ ၃ ဖွဲ့ ခွဲလိုက်ပါ။ ထိုအဖွဲ့ထဲမှ ခေါင်းဆောင်တစ်ဦးကို ရွေးထုတ်စေပါ။ ထို့နောက် ထိုခေါင်းဆောင်အား ပံ့ပိုးသူမှ တစ်နေရာရာသို့ ခေါ်သွား၍ ကြိုတင်ရေးထားသော ပစ္စည်းစာရင်းကို ပြပါ။ (ဥပမာ – ဘောလ်ပင် ၁၀ ချောင်း၊ သစ်ရွက်ကြီး ၂ ရွက်၊ သုံးပြီးသားဖလစ်ချပ်ကြီး ၁ ချပ်၊ မာကာပင် ၇ ချောင်း) စသဖြင့် အမျိုးအမည် ပေါင်း ၁၅ မှ ၂၀ အထိအရွေးခံရသော ခေါင်းဆောင်အား မှတ်မိအောင် ကြည့်စေ၍ မိမိအဖွဲ့ဆီသို့ ပြန်သွားကာ ထိုပစ္စည်း များကို ရှာယူစေပါ။ အမြန်ဆုံးနှင့် အမှန်ဆုံး အဖွဲ့ကို ဆုပေးပါ။

ဈေးဝယ်သွားစို့

ရည်ရွယ်ချက်       – တက်ကြွစေရန်၊ ခိုင်းသည့်အတိုင်း လုပ်တတ်ရန်

လိုအပ်ချိန်           – ၅ မိနစ် သို့ ၁၀ မိနစ်

လူဦးရေ              – သင်တန်းသားအားလုံး

လိုအပ်ပစ္စည်း       – ခုံ၊ သို့မဟုတ် နေရာကို မှတ်သားပေးနိုင်သည့် အမှတ်အသား

လုပ်ဆောင်နည်းအဆင့်ဆင့်။            ။ အားလုံးကို စက်ဝိုင်းပုံစံဖြင့် မိမိနေရာ အသီးသီးတွင် နေစေပါ။ ထို့နောက် ပံ့ပိုးသူ သို့မဟုတ် သင်တန်းသား တစ်ဦးဦးမှ အလယ်တွင် စက်ဝိုင်းအတိုင်းပတ်၍ ဈေးစဝယ်ပါ။ မိမိ ခေါ်လိုသည့်သူကို “ခရမ်းချဉ် သီး ဝယ်တယ်” ဟုခေါ်၍ မိမိနောက် လိုက်စေပါ။ “အာလူးဝယ်တယ်” ဆိုပြီး ထပ်ခေါ်ပါ။ သို့ဖြင့် မိမိခေါ်လိုသည့်သူကို မိမိ ဝယ်လိုသည့် ပစ္စည်းများနာမည်ဖြင့် ခေါ်သွားပါ။ မိမိကြိုက်နှစ်သက်သလောက် ခေါ်ပြီးလျှင် ဈေးခြင်းတောင်းပြည့်ပြီ ဟုဆို ကာ လွတ်သော နေရာတစ်နေရာတွင် မိမိက ဝင်ထိုင်လိုက်ပါ။ အစပိုင်း အလယ်သို့ ဝင်မည့်သူအတွက် နေရာ မရှိစေရ။

 

သားရေကွင်း လက်ဆင့်ကမ်းခြင်း

ရည်ရွယ်ချက်       – တက်ကြွစေရန်၊ အဖွဲ့အစည်းစိတ်ဓာတ်တိုးလာစေရန်

လိုအပ်ချိန်           – ၁၅ မိနစ်

လူဦးရေ              – သင်တန်းသားအားလုံး (စုံဂဏန်းဖြစ်ရမည်)

လိုအပ်ပစ္စည်း       – သားရေကွင်း သို့မဟုတ် စက္ကူတိတ်ခွေနှင့် သွားကြားထိုးတံ သို့မဟုတ် ဘောလ်ပင်

လုပ်ဆောင်နည်းအဆင့်ဆင့်။            ။ သင်တန်းသားအားလုံးကို ညီတူညီမျှ အဖွဲ့နှစ်ဖွဲ့ခွဲပါ။ လိုအပ်ခြင်း ပိုခြင်းကို ပံ့ပိုးသူ မှ ကူညီပါ။ ထို့နောက် ဘောလ်ပင် (သို့) သွားကြားထိုးတံကို ကိုက်ထားစေပါ။ လက်ကို လုံးဝ အသုံးမပြရဟု ပြောပါ။ ပြီးလျှင် ထိပ်ဆုံးတစ်ဦးမှစ၍ စက္ကူတိတ်ခွေ (သို့) သားရေကွင်းကို ကိုက်ထားသော ဘောလ်ပင် သို့ သွားကြားထိုးတံတွင် ဇွတ်ပေးလိုက်ပါ။ ထိုသူမှ နောက်လူသို့ မကိုင်တွယ်ပဲ ဘောလ်ပင်ဖြင့် ဘောလ်ပင်၊ သွားကြားထိုးတံဖြင့် သွားကြားထိုးတံ အတိုင်း လက်ဆင့်ကမ်းသွားပါစေ။ အကယ်၍ လမ်းတွင် ပြုတ်ကျခဲ့ပါက အစမှ ပြန်စရမည်။ အများဆုံးနှင့် အမြန်ဆုံး ရသည့်အဖွဲ့ကို ဆုပေးပါ။ သို့မဟုတ် အနည်းဆုံးရသည့် အဖွဲ့ကို အကတစ်ခုခုဖြင့် ဖျော်ဖြေပါစေ။

ပူးပေါင်းလက်ဆင့်ကမ်းခြင်း

ရည်ရွယ်ချက်       – တက်ကြွစေရန်၊ အဖွဲ့အစည်းစိတ်ဓာတ်ထားရှိနိုင်ရန်

လိုအပ်ချိန်           – ၁၅ မိနစ်

လူဦးရေ              – သင်တန်းသားအားလုံး (စုံဂဏန်းဖြစ်ရမည်)

လိုအပ်ပစ္စည်း       – ပူပေါင်းများ

လုပ်ဆောင်နည်း အဆင့်ဆင့်။           ။ သင်တန်းသားကို အုပ်စု နှစ်စုခွဲပါ။ ကျားမ ညီပါစေ။ အရေအတွက် ညီပါစေ။ ပြီးလျှင်း အစဉ်အတိုင်းရပ်၍ ထိပ်ဆုံးမှ နောက်ဆုံးအထိ ပူပေါင်းကို ပခုံးနှင့် ခေါင်းကြားညှပ်ပြီး တစ်ဦးချင်းစီ လက်ဆင့် ကမ်းရမည်။ လက်နဲ့ မထိရပါ။ မကျရပါ။ ကျပါက အစက ပြန်စရမည်။ အားလုံးပြီး၍ နောက်ဆုံးရသူက ရှေ့ကိုလာ၍ ပခုံးနှင့် ခေါင်းကြား ပူပေါင်းကို ညှပ်လာပြီး လာပြန်ပေးနိုင်ရမည်။ အမြန်ဆုံးအဖွဲ့ အနိုင်ရမည်။

Related Posts

  • Ice Breaker (7)

  • Ice Breaker (6)

  • Ice Breaker (5)

Recent Posts

  • ကူနီကျော့စံကွန်း
  • Hot December
  • သာမဏောဝါဒ (၁)
  • ဘေးကပ်ရက်ခုံလေးများ (၆)
  • Enneagram Relationship Three and Four
  • အညောင်းပြေ အညာပြေ လမ်းသလားခြင်း

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress