• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Ice Breaker (2)

သူခိုးဖမ်းခြင်း (သို့) ဘယ်သူလဲ

ရည်ရွယ်ချက်       – တက်ကြွ ဖျတ်လတ်ရန်၊ သင်တန်းသား အမည်များကို မှတ်မိစေရန်

လိုအပ်ချိန်           – ၅ မိနစ် (သို့) ၁၀ မိနစ်

လူဦးရေ              – သင်တန်းသားအားလုံး (၃၀) ဝန်းကျင်

လိုအပ်ပစ္စည်း       – စက္ကူလိပ် (သို့မဟုတ်) တစ်လီတာ ရေသန့်ဗူး

လုပ်ဆာင်နည်း အဆင့်ဆင့်။ ။ သင်တန်းသားတစ်ဦးကို ခေါ်ထုတ်ပါ။ သို့မဟုတ် ပံ့ပိုးသူကိုယ်တိုင် ဝင်ဆော့ပါ။ အားလုံး စက်ဝိုင်းပုံစံ ရပ်နေပါ။ ထို့နောက် ခေါ်ထားသော သင်တန်းသား (သို့) ပံ့ပိုးသူမှ ဝိုင်းအလယ်တွင်ရပ်၍ သင်တန်းသား တစ်ဦးဦးအား “မနေ့ည ဘယ်သူနဲ့ အပြင်ခိုးထွက်သလဲ”၊ “ညက ဘယ်သူနဲ့ ထမင်းစားလဲ” စသဖြင့် သင့်တော်ရာ မေးခွန်းတစ်ခုကို မေးရမည်။ ထိုသူက “ဘယ်သူနဲ့” ဟုပြောလျှင် ထိုသူကို သွား၍ ရိုက်ရမည်။ ထိုသူမှ အခြား  သင်တန်းသား တစ်ဦးဦးနဲ့ နာမည်ကို ပြောရမည်။ မပြောနိုင်လျှင် ရိုက်ရမည်။ အရိုက်ခံရပါက ထိုသူသည် ဝိုင်းအလယ်သို့ ဝင်ကာ အခြားသူတစ်ဦးဦးအား မေးရမည်။

 

အိုလံပစ်ကစားနည်း

ရည်ရွယ်ချက်       – တက်ကြွလာစေရန်၊ အသင်းအဖွဲ့စိတ်ဓာတ်ရှိရန်

လိုအပ်ချိန်           – ၂၀ မိနစ်

လူဦးရေ              – အဖွဲ့ ၃ ဖွဲ့ သို့မဟုတ် ၄ ဖွဲ့ခွဲနိုင်သည့် အနေအထား

လိုအပ်ပစ္စည်း       – မရှိ

လုပ်ဆောင်နည်း အဆင့်ဆင့်။           ။ သင်တန်းသားများကို မိမိနားလည်သလို အဖွဲ့ ၃ ဖွဲ့ သို့မဟုတ် ၄ ဖွဲ့ခွဲပါ။ ပြီးလျှင် တ်ဖွဲ့ချင်းစီအား မိမိနှစ်သက်ရာ အားကစားတစ်ခုခုကို ရွေးစေပါ။ ဥပမာ “ဘောလုံးကန်” ဟု၍ရွေးလျှင် ဘောလုံးကန်သည့် သရုပ်သဏ္ဍာန်ပါ လုပ်ဆောင်ပြစေရမည်။ ထို့နောက် အဖွဲ့အားလုံးအား သူတို့ ကြိုက်နှစ်သက်ရာ အားကစား တစ်ခု တစ်ခု စီရွေးပါ။ ထို့နောက် အဖွဲ့အားလုံးအား တစ်ဦးနောက် တစ်ဦးနေ၍ တန်းစီက လေးဖွဲ့ မျက်နှာချင်းဆိုင် စုပါ။ ပြီးလျှင် ရရှိထားသော အားစကားနာမည်များကို သဏ္ဍန်နှင့် သုံးခေါက်ရွတ်ဆိုစေပါ။ “လက်ဝှေ့ထိုး”၊ “တင်းနစ်ရိုက်” စသည် တစ်ခုခု ဖြစ်လျှင် ဤကဲ့သို့ ကစားစေပါ။ “ဘောလုံးကန် ဘောလုံးကန် ဘောလုံးကန်ပြီး လက်ဝှေ့ထိုး” ဟု ပုံစံနဲ့ တကွလုပ်ပြီးလျှင် လက်ဝှေ့ထိုးအဖွဲ့ကို တညီတညာတည်း လက်ညိုးထိုးစေပါ။ မညီပါက “အမ” အဖြစ်သတ်မှတ်ကာ ပြန်စစေပါ။ အဖွဲ့အသီးသီးအား တိုင်ပင် ချိန်ပေးပါ။ အကယ်၍ “အမ” အဖြစ်မထားလိုလျှင် မှားသော အဖွဲ့ကို ထွက်သွားခိုင်းပြီး ကျန်သည့် အဖွဲ့ဖြင့် ဆက်ကစားနိုင်ပါသည်။

 

မင်းကို ငါချစ်တယ်

ရည်ရွယ်ချက်       – တက်ကြွစေရန်၊ ပံ့ပိုးသူ ခိုင်းသည့်အတိုင်း လုပ်ဆောင်တတ်ရန်

လိုအပ်ချိန်           – ၅ မိနစ် သို့မဟုတ် ၁၀ မိနစ်

လူဦးရေ              – သင်တန်းသား အားလုံး (၃၀ ဝန်းကျင်)

လိုအပ်ပစ္စည်း       – ထိုင်ခုံများ (သို့) ခုံမရှိပါက နေရာ အမှတ်အသားပြုလုပ်နိုင်သည့် အချက်များ

လုပ်ဆောင်နည်း အဆင့်ဆင့်။           ။ သင်တန်းသားအားလုံးကို စက်ဝိုင်းပုံစံ နေရာယူစေပါ။ အလယ်မှ သင်တန်းသား တစ်ဦး (သို့) ပံ့ပိုးသူက ဝင်နေစေပါ။ အလယ်ကလူအတွက် ခုံ (သို့) နေရာ မရှိစေရ။ ပြီးလျှင် အလယ်ကလူမှ သင်တန်းသား တစ်ဦးဦးအား “မင်းကို ငါချစ်တယ်” ဟုပြောရမည်။ အပြောခံရသူမှ “ဘာကြောင့်မို့ ချစ်တာလဲ” ဟုပြန်မေးရမည်။ ထိုအခါ အလယ်ကလူမှ “အင်္ကျီဝတ်ထားလို့”၊ “နာရီပတ်ထားလို့” စသဖြင့် အားလုံးကြားအောင် ပြောစေပါ။ ထိုအခါ အင်္ကျီဝတ်ထား သူ၊ သို့မဟုတ် နာရီပတ်ထားသည့်သူမှန်သမျှ မိမိနေရာမှ သုံးနေရာအကွာရှိ နေရာကို သွားရောက်ယူကြရန်။ အလယ်က မေးမြန်းသည့်သူမှ ထသွားသော သူနေရာကို ယူရန်။ ခုံ သို့မဟုတ် နေရာ မရ၍ အလယ်တွင် ကျန်နေသူက အခြား တစ်ဦး ဦးအား “နင့်ကို ငါချစ်တယ်” စသဖြင့် ပြန်စမေးရန်ဖြစ်သည်။

Post navigation

Ice Breaker (1)
Ice Breaker (3)

Related Posts

  • Ice Breaker (7)

  • Ice Breaker (6)

  • Ice Breaker (5)

  • Ice Breaker (4)

  • Ice Breaker (3)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Archives

Theme by Bloompixel. Proudly Powered by WordPress