• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

မိကောင်း ဖခင် သားသမီး

မပြောမဖြစ် ပြောချင်နေသည့် အကြောင်းအရာက သူများ မကောင်းကြောင်း ဖြစ်သည်။ မပြောရ မနေနိုင်ပါ။ ပြောရမှ စိတ်ချမ်းသာမည်။ ပြောလိုက်မှလည်း ရင်ထဲ ပေါ့သွားမည်။ ထိုထက် သူတပါးကို ကောင်းစေချင်၍ ဖြစ်သည်။ မိမိကပဲ အမုန်းခံ၍ ပြောရပါတော့မည်။
“နင်နဲ့ တွဲနေတဲ့ ကောင်မလေးက ဟိုဟာလေ ဘယ်လိုပြောရမလဲ၊ အကြီးစားထဲကတဲ့နော်၊ ငါတို့က သေချာသိလို့ ပြောပြတာ၊ တော်ကြာ ထောင်ချောက်ထဲ ကျနေမှာစိုးလို့ နင့်ကို သတိပေးတာ”
မဆိုးပါ။ သည်ကောင်မလေးအကြောင်း မိမိ သေချာတော့ မသိ။ ဖြစ်နိုင်ချေရှိသည်။ ကြားရသည့်သတင်းအရနှင့်အတူ ကောင်မလေး၏ ဆတ်ကော့ လပ်ကော့ အမူအရာနှင့် အပြုအမူသည် ဤသို့ဆောင်နေသည်။ ရုပ်ကိုက ရည်းစားများမည့်ရုပ်။ ပြီးတော့ ယောကျ်ားလေးနဲ့ ဆက်ဆံ ပြောဆိုပုံက ရဲသည်။ သူမ၏ အစ်ကို သူမ၏မောင်၊ သူမ၏ အစ်မ၊ သူမ၏ ညီမ ဘယ်လိုနေကြသည် စုံစမ်းရန်မလို။ သူမ၏ မိဘနှင့် သူမ၏ ဆွေမျိုး အသိုင်းအဝိုင်းကို စုံစမ်းရန်မလို။ သူမကိုးကွယ်သည့် ဘာသာ၊ သူမ၏ ပညာအရည်အချင်းနှင့် သူမ၏ အသိုင်းအဝိုင်းကို စုံစမ်းရန်မလို။ သည်ကောင်မလေးကိုက နန့်တန့်တန့်မို့ ကြားသည့် အတိုင်းသူ့ကောင်လေးကို ပြောပြရခြင်း ဖြစ်သည်။ ကြားသည့်အတိုင်း လက်ရှိ သူမ၏ ပတ်ဝန်းကျင်လူထုကို သတိပေးရခြင်း ဖြစ်သည်။ မိမိမှန်သည်။ မိမိသည် ဂုဏ်သိက္ခာရှိသူ ဖြစ်သည်။ မိမိသည် လက်ရှိသူမနေထိုင်သည့် အသိုင်းအဝိုင်းတွင် လူကြီးသူမ နေရာတွင် နေထိုင်ရသဖြင့် ဤသတင်းကို လွှင့်ထားသင့်သည်။ သို့တည်းမဟုတ် သက်ဆိုင်ရာ လူကြီးကို အသိပေးထားသင့်သည်။ အခြားသူများလည်း သူမ၏ ပုံကိုကြည့်၍ မိမိပြောသည်ကို လက်ခံကြသည်။ ဖြစ်ရမည်လေ။

အပြောခံရသူက ကိုယ့်နှမဆိုလျှင် ဘယ်လိုနေမယ် မသိ။ ကိုယ့်သားသမီး ကိုယ့်တပည့် ဆိုလျှင် ဘယ်လိုနေမယ် မသိ။ နားထောင်သူများက သာမန်မဟုတ်။ သူတို့ကိုယ်တိုင် စဉ်းစားဆင်ခြင်တတ်ဖို့ ပြောနေကြသူများဖြစ်နေသည်။ သူတပါးကို သားသမီးချင်း ကိုယ်ချင်းစာဖို့ ပြောကြသူများ ဖြစ်သည်။ ကံငါးပါးကို လုံအောင် ထိန်းသိမ်းဖို့ ပြောကြသူများဖြစ်သည်။ လူကြီးလူကောင်း ဆိုသူများ ဖြစ်သည်။ သူများစကားကို လွယ်လွယ်ယုံကြသည်။ သူတပါး ဘဝကို မကြည့်ချင်ကြ။ ကိုယ်၏ မဆင်မခြင် စကားသည် သူတပါး ဘဝပျက်သွားတတ်သည်။ မိမိကိုယ်ကို သူများက လူကြီးလူကောင်းလို ဆက်ဆံနေပါလျှက် မိမိက သူတပါးကို ထိုကဲ့သို့ ပျက်ပျက်ထင်ထင် ပြောခြင်းသည် ဘယ်လိုမှ လူကြီးမဆန်တော့။

သင် ဘေးမှနေ၍ ကောင်မလေးဘက် ပါပေးမလား။ သင့်အား ကျွနု်ပ်က ဘာညာ ဘာညာ သို့တည်းမဟုတ် အပျက်မ၏ အညိုှ့ခံရသူအဖြစ် ဝင်ပြောပလိုက်မည်ပေါ့။ တော်ရုံသတ္တိနဲ့တော့ တက်မလာနဲ့။ နားကားသွားနိုင်သည်။ မကောင်းမှုကို ပြုလုပ်နေသည်ကို မြင်ပါလျှက် မတားမြစ်သောသူသည်လည်း မကောင်းမှုပြုလုပ်သည်နှင့်အတူတူပင်။ သို့တည်းမဟုတ် ရာဇဝတ်မှု ကျူးလွန်နေသည်ကို မြင်နေ သိနေပါလျှက် မတားမြစ်ပါက ရာဇဝတ်မှု မြောက်သည်ဆိုလျှင် မိမိလည်း မကောင်းမှု ပြုလုပ်သူ။ မိမိလည်း ရာဇဝတ်ကျူးလွန်သူဖြစ်သည်။ ကျွနု်ပ် ရာဇဝတ်မှု ကျူးလွန်နေမိသည်။

ဤပိုစ့်ကို ဒေါသနဲ့ ရေးမိမှာစိုးလို့ မရေးဘဲ အောင့်ထားသော်လည်း အဖြစ်အပျက်တချို့က သို့တည်းမဟုတ် စကားတချို့က ကန့်လန့်ဖြတ်နေ၍ ရေးမိလိုက်ခြင်းဖြစ်သည်။

Related Posts

  • ကူနီကျော့စံကွန်း

  • Hot December

  • သာမဏောဝါဒ (၁)

Recent Posts

  • ကူနီကျော့စံကွန်း
  • Hot December
  • သာမဏောဝါဒ (၁)
  • ဘေးကပ်ရက်ခုံလေးများ (၆)
  • Enneagram Relationship Three and Four
  • အညောင်းပြေ အညာပြေ လမ်းသလားခြင်း

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress