အဖွဲ့အမည်
`ဆည်းဆာရိပ်´ ဂိလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
တည်နေရာ
(၁) မစိုးရိမ်ကျောင်းလမ်း၊ မြို့ဟောင်းအလယ်ရပ်ကွက်၊
သန်လျှင်မြို့။
(၂) ၈၀၃/၈၀၅ မဟော်သဓလမ်း၊ ၁၂-ရပ်ကွက်၊ အရှေ့ဒဂုံ၊ ရန်ကုန်မြို့၊ ဖုန်း
၀၁-၇၃၀၁၈၀၀၇
လုပ်ငန်းအစီအစဉ်
အဖွဲ့ဝင် အလှူရှင်တစ်ဦးမှ လှူဒါန်းသော အသင်းပိုင်မြေနေရာတွင်
စေတနာရှင်များ၏ စေတနာရှင်များ၏ အလှူငွေဖြင့် အဆောက်အအုံ ဆောက်လုပ်၍
လုပ်ငန်းစတင်ရန်၊ ထိုမှတဖန် အလှူငွေတိုးတက်မှုအပေါ်တွင် အခြေခံ၍ မြေနှင့်
အဆောက်အအုံတိုးချဲ့၍ ဂီလာနဘိုးဘွားများ ထပ်မံလက်ခံရန်။
လက်ခံမည့်ဘိုးဘွား
(၁) လူမျိုး၊ ဘာသာမရွေး၊ ကျွေးမွေးထောက်ပံ့မည့် သားသမီး၊
ဆွေမျိုးများမရှိသည့် ကျန်းမာရေး ချို့တဲ့နေသော ဘိုးဘွားများ။
(၂) သား၊ သမီး ဆွေမျိုးများရှိသော်လည်း ပြုစုစောင့်ရှောက်နိုင်သည့်
အခြေအနေမရှိသည့် ဘိုးဘွားများ။
အသက် ကန့်သတ်ချက်
အသက် (၇၀) နှင့် အထက် ဘိုးဘွားများ ကန့်သတ်ချက် လိုအပ်ပါက
ကျန်းမာရေးနှင့် အခြားအချက်အလက်များကို ထည့်သွင်းစဉ်းစား၍
အသက်ကန့်သတ်ချက်ကို အမှုဆောင်အဖွဲ့မှ ညှိနှိုင်းလက်ခံပါမည်။
ဂိလာန ဘိုးဘွားများ
(၁) ဂိလာန ဘိုးဘွားများ၏ လက်ရှိကျန်းမာရေး အခြေအနေနှင့်
လှုပ်ရှားနိုင်စွမ်းကို ကြည့်၍ တစ်ဦးချင်စီ၏ လိုအပ်ချက်များကို ဆရာဝန်၏
ညွန်ကြားချက်အတိုင်း ကျန်းမာရေး ၀န်ထမ်းများနှင့် စေတနာရှင်များမှ
စနစ်တကျ ပြုစုစောင့်ရှောက်ပေးရန်။
(၂) ဘိုးဘွားများ၏ ကျန်းမာရေးကို ကျန်းမာရေး စောင့်ရှောက်ရေးအဖွဲ့မှ
အခါမလပ် ကြည့်ရှုစောင့်ရှောက်သကဲ့သို့ အမှုဆောင်အဖွဲ့မှလည်း နေ့စဉ်
အလှည့်ကျ သွားရောက်ကြည့်ရှု၍ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းပေးရန်။
(၃) ဘိုးဘွားများအတွက် အာဟာရပြည့်ဝ၍ သန့်ရှင်းလတ်ဆတ်သော
အစာစအစာများကို စီမံကျွေးမွေးခြင်း၊ အသုံးအဆောင်၊ အ၀တ်အထည်နှင့်၊
နေရာထိုင်ခင်း စသည်တို့အား သန့်ရှင်းသပ်ရပ်စွာ ထားရှိစေခြင်း၊
ဘိုးဘွားများ၏ ဘာသာဝင်အလိုက် ကိုးကွယ်ပွားများ အားထုတ်မှုကို ၎င်းတို့၏
ဆန္ဒအတိုင်း ကူညီဆောင်ရွက်ပေးရန်။ ဥပမာ။ တရားစာအုပ်ဖတ်ပြခြင်း
တရားခွေဖွင့်ပေးခြင်း ရှူမှတ်ပွားများရန်အတွက် လမ်းပြပေးခြင်း
ဝန်ထမ်းရွေးချယ်
လူမှုဝန်ထမ်းကိစ္စများကို စိတ်ပါဝင်စား၍ ဆေးပညာတတ်မြောက်သူများ၊
သက်ကြီးရွယ်အို ဘိုးဘွားများကို ချစ်မြတ်နိုး၍
စိတ်ရှည်သည်းခံနိုင်သူများ။
ဆက်သွယ်လှူဒါန်းရန်
-ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ)
ဖုန်း-၀၉ ၉၉ ၂၈၅၄၉၊ ၂၀၅၄၅၁
-ဒေါ်သက်နွယ် (တရားရုံးချုပ်ရှေ့နေ) ဖုန်း -၃၈၈၁၃၂၊ ၀၉ ၅၀၄၃၉၅၉
-ဒေါ်ထွေးမြင့် (တရားရုံးချုပ်ရှေ့နေ) ဖုန်း -၀၉ ၉၀ ၄၂၄၈၈၊ ၂၉၀၉၆၄
-ဒေါ်စန်းစန်းဝင်း (တရားရုံးချုပ်ရှေ့နေ) ဖုန်း – ၀၉ ၅၀၅၉၉၈၂
-ဒေါ်ရီရီမေ (တရားရုံးချုပ်ရှေ့နေ) ဖုန်း – ၀၉ ၅၀၅၅၀၆၀
-ဒေါ်ငွေလှ – ဖုန်း ၀၉၅၁၇၇၃၂၀ ၊ ၂၉၃၂၈၈ (နံနက် ၁၀း၀၀မှ ၄း၀၀
အတွင်း)
-ဒေါ်ခင်မေထွေး (တရားရုံးချုပ်ရှေ့နေ) ဖုန်း – ၀၉ ၅၀၈၈၂၀၃
-ဒေါက်တာထားထား (စာရေးဆရာမ စုထား) ဖုန်း ၀၉ ၂၀၁၇၉၆၁