• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Enneagram Type Two Level

မနေ့ကတော့ Enneagram Type one ဖြစ်တဲ့ The Reformer သမားတွေရဲ့ ဘယ်အဆင့်လောက်မှာ မိမိက ပါဝင်နေသလဲဆိုတာကို ပြောပြီးပြီ။ ဒီနေ့တော့ Type two သမားတွေရဲ့ Helper အတွင်း ဘယ်အဆင့်လောက်မှာ ဖြစ်နေလဲဆိုတာကို ပြောကြည့်မယ်။ အမြင့်ဆုံးပါဝင်တာရယ်၊ အလယ်အလတ်ပါဝင်တာရယ်နဲ့ အနိမ့်ဆုံးပါဝင်တာရယ်တို့ရဲ့ ကွာဟချက်တွေကို ကြည့်ရင်း မိမိဟာ Type two ဖြစ်ပေမယ့်လည်း ဘယ်အဆင့်လောက်ကနေ type two ဖြစ်နေသလဲဆိုတာ လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။

ပါဝင်မှုများသူ

အဆင့် (၁) သူတို့ဟာ ကိုယ်ကျိုးမဖက်တဲ့ နေရာမှာ အရမ်းကို နက်ရှိုင်းလွန်းလှတယ်။ မိမိကိုယ်ကို နိမ့်ချတယ်။ စေတနာကြီးကြီးထားတတ်တယ်။ မိမိကိုယ်နှိုက်ကိုရော သူတပါးကိုပါ အနှိုင်းမဲ့မေတ္တာထားတတ်တယ်။ တပါးသူအတွက် ကူညီပေးရတာကိုက မိမိဘဝရဲ့ ထူးခြားလှတဲ့ အခွင့်အရေးအဖြစ် သတ်မှတ်တယ်။

အဆင့် (၂) တပါးသူတို့ရဲ့ ခံစားချက်အပေါ် စာနာနားလည်တတ်တယ်။ သနားကြင်နာတတ်တယ်။ သူတပါးအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရင်း သူတပါးအတွက် စိုးရိမ်ပူပန်ပေးတတ်တယ်။ သူများအတွက် စဉ်းစားပေးတယ်။ နွေးနွေးထွေးထွေး ကြင်ကြင်နာနာဆက်ဆံတတ်တယ်။ တပါးသူကိုလည်း စိတ်ရင်းအမှန်နဲ့ ခွင့်လွတ်နားလည်လွယ်တယ်။

အဆင့် (၃) သူတပါးကို အားပေးတတ်တယ်။ အသိအမှတ်ပြုတတ်တယ်။ သူတပါးအပေါ် အကောင်းဘက်က မြင်နိုင်စွမ်းတယ်။ သူတပါးအတွက် ဝန်ဆောင်ပေးရမှာက သူတို့အလုပ်ဖြစ်တယ်။ သူတို့ကိုယ် သူတို့လည်း ဂရုစိုက်တယ်။ သူတို့စေတနာရှိတဲ့ သူတွေအပေါ် ရက်ရောတယ်။ ပြုစုပျိုးထောင်ပေးတယ်။ ရှိရှိသမျှ ပေးဆပ်တတ်တယ်။

ပုံမှန်ပါဝင်သူ

အဆင့် (၄) သူတပါးနဲ့ နီးနီးကပ်ကပ်နေထိုင် ဆက်ဆံတတ်တယ်။ တပါးသူရဲ့ ယုံကြည်မှုကို ရချင်တယ်။ သူငယ်ချင်းထက်ကျော်တဲ့ ရင်းနှီးမှုမျိုးနဲ့ နေထိုင်လိုတယ်။ အဲဒီအကြောင်းကိုလည်း သူတို့ရဲ့ အမူအရာတွေနဲ့ ပြတတ်တယ်။ သူတို့ ရင်းနှီးသူအပေါ် အကောင်းဆုံးမှန်သမျှ အကုန်လုပ်ပေးတတ်တယ်။ တခါခါ သူတို့အပြုအမူဟာ သွေးဆောင်နေတာနဲ့တောင် တူလောက်အောင် သူတပါးအာရုံစိုက်မှုကို ခံချင်တယ်။ ချစ်ခြင်းမေတ္တာကသာလျင် အမြင့်ဆုံးတန်ဖိုးဖြစ်ကြောင်းကိုလည်း သူတို့မပြတ်ပြောဆိုလေ့ ရှိတယ်။

အဆင့် (၅) ရင်းနှီးမှုကြောင့် သူတပါးရဲ့ဘဝထဲကို ကျူးကျော်သလိုဖြစ်တတ်တယ်။ သူတို့ဟာ လိုအပ်သင့်တဲ့သူအဖြစ် သူတို့လိုအပ်တယ်။ ဒါကြောင့် သူတို့ဟာ သူတို့မေတ္တာကို အကြောင်းပြပြီး သူတပါးကိစ္စ မဆိုင်ဘဲ ဝင်ရှုပ်တတ်တယ်။ ရှုပ်ခွင့်မရတောင် ရစ်သီ ရစ်သီလုပ်တတ်တယ်။ သူများတွေ သူ့ကို မှီခိုစေချင်တယ်။ ပေးစရာရှိရင် ပေးပေမယ့် သူများဆီကလည်း ပြန်လည်မျှော်လင့်တယ်။ ပြန်လည်မျှော်လင့်ကြောင်းကိုလည်း သတင်းစကား အကြိမ်ကြိမ်ပါးတတ်တယ်။ အဲဒီလိုကိစ္စမျိုးကိုလည်း ဖုံးဖုံးဖိဖိလုပ်တတ်ပြန်တယ်။ သူများကို ဖြည့်ဆည်းပေးရတာဖြင့် မလုံလောက်သေးဘူးလို့ ထင်မြင်နေတယ်။ သူများကို ဘာတွေ လိုအပ်တယ်လို့ ပြောပြီး သူတို့ကိုယ်တိုင် ဖြည့်ဆည်းပေးတတ်တယ်။ သူတို့ဟာ သူများရဲ့ ဘဝနဲ့ သူ့ကိုယ်သူ လွမ်းခြုံထားတယ်။

အဆင့် (၆) သူတို့ကို သူတို့ မရှိမဖြစ် လိုအပ်တဲ့သူအဖြစ် ခံစားပြီး အဲဒါနဲ့ အရမ်းကျေနပ်နေတတ်သလို အဲဒါကပဲ ပိုအရေးကြီးတယ်လို့ ယူဆတယ်။ သူတို့ဟာ သူများအတွက်ဆိုရင် သူတို့ဘဝရဲ့ တစ်စိတ်တပိုင်းအလုပ် အဖြစ်သတ်မှတ်တယ်။ သူတပါးအပေါ် အလွန့်အလွန်လွမ်းမိုးလိုတယ်။ အာဇာနည်တောင် ဖြစ်ချင်လိုက်သေးတဲ့ သူတော်ကောင်းယောင်ဆောင်ချင်တဲ့ စိတ်ထားလည်း ရှိတယ်။

ပါဝင်မှုအားနည်းသူ

အဆင့် (၇) ငါဖြင့် သူတို့ကို (သို့မဟုတ်) သူ့ကို ဘယ်လောက်ပေးဆပ်ရတယ် လို့ပြောပြီး သူတပါးက သူတို့အပေါ် ပြန်ဆပ်သင့်တဲ့ အပြစ်အကြွေးရှိတယ်လို့ ပြောတတ်သူဖြစ်တယ်။ တခြားသူတွေရဲ့ မေတ္တာတရား (သို့မဟုတ်) စာနာမှုရဖို့အတွက် အစားတွေ လျှောက်စားတာ၊ ဆေးတွေအများကြီး သောက်တာမျိုး လုပ်တတ်တယ်။ တခြားသူတွေကို ထိခိုက်နာကျင်အောင် လုပ်တဲ့နည်းနဲ့ သူ့ကို အသိအမှတ်ပြုစေချင်တယ်။ သူတို့ရဲ့ အတ္တ၊ သူတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ သူတို့ရဲ့ ရန်လိုမှုတွေဟာ တပါးသူဆီက ပြန်ရချင်တဲ့ မေတ္တာတစ်ခုတည်းကြောင့်လည်း ဖြစ်ပါတယ်။

အဆင့် (၈) ဇာတ်လမ်းဆင်တတ်တယ်၊ နိုင့်ထက်စီးနင်းနိုင်တယ်။ တပါးသူဆီက တစ်ခုခုရချင်ပြီဆိုရင်ဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ခံစားနေတတ်တယ်။ သူ့ခေါင်းစဉ်တွေက အကြွေးဟောင်းပဲ ရှိသလိုလို ငွေပဲ ရှိသလိုလိုအပြင် လိင်ပိုင်းဆိုင်ရာနဲ့ပါ မြူဆွယ်တတ်ပြန်တယ်။

အဆင့် (၉) သူတို့ဟာ သူတို့သုံးသပ်ချက်တွေနဲ့ ဆင်ခြေတွေ ပေးတတ်တယ်။ ဘာကြောင့်လဲဆိုတော့ သူများတွေ သူ့အပေါ် မတရားလုပ်တယ် သို့မဟုတ် မုန်းနေတယ်လို့ သူတို့ဟာ အလိုလိုနေ ခံစားနေတတ်တယ်။ သူများ တခုခုပြောတာနဲ့ အများကြီး ခံစားပြီး ကျန်းမာရေးထိခိုက်တဲ့အထိ နေထိုင်တတ်သူတွေများ ဖြစ်တယ်။ သူတို့ရဲ့ ခွဲခွဲခြားခြားနေတတ်တဲ့ သူတို့ခံစားချက်တွေက သူတပါးအပေါ် ဝန်တစ်ခုဖြစ်အောင် လုပ်တတ်တယ်။ တကယ်တော့လည်း သူတို့က သူတို့ဘာသာ သူတို့ ဇာတ်လမ်းတွေ ဆင်ပြီး သူတို့ကို သူတို့ လမ်းအမှားတွေနဲ့ သွားတတ်ကြသူတွေများတယ်။

အခြား Type များကို ဆင်ခြင်ကြည့်လိုလျင် . . .

Enneagram Type One Level

Enneagram Type Three Level

Enneagram Type Four Level

Enneagram Type Five Level

Enneagram Type Six Level

Enneagram Type Seven Level

Enneagram Type Eight Level

Enneagram Type Nine Level

Post navigation

Enneagram Type One Level
လူများ၊ နေထိုင်မှုများ၊ ဘဝ (၁)

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress