• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Enneagram Type Three Level

မိမိကို အင်နာဂရမ်အရ နံပါတ်သုံးအမျိုးအစား ဖြစ်ပေမယ့် အဲဒီ နံပါတ်သုံးရဲ့ ဘယ်အဆင့်လောက်မှာ မိမိရှိနေလဲဆိုတာကိုလည်း သိဖို့လိုပါတယ်။ အကောင်းဆုံးအဆင့်၊ အလယ်အလတ်အဆင့်နှင့် အနိမ့်ဆုံးအဆင့်ဆိုပြီး သုံးဆင့်ရှိပါမယ်။ ကဲ The Achiever တို့ရေ။

အကောင်းဆုံးအဆင့်

အဆင့် (၁) မိမိကိုယ်ကို မိမိက ဘာဖြစ်သည်ဆိုသည်ကို လက်ခံနိုင်သည်။ အတွင်းပိုင်းအထိ ကိုယ်တိုင်ညွှန်ကြားနိုင်သည်။ အမှန်တရားကိုလက်ခံတတ်သည်။ ကျိုးနွံစွာ ဆက်ဆံတတ်သည်၊ မိမိကိုယ်ကို လုပ်သင့်၏ မလုပ်သင့်၏ ခွဲခြားကန့်သတ်နိုင်သည်၊ ဟာသဉာဏ်ရွှင်သည်၊ ပြည့်ဝသော စိတ်ထားရှိသကဲ့သို့ နူးညံ့သိမ်မွေ့စွာ နေထိုင်တတ်သည်၊ သူတပါးအကျိုးကို ရှေ့ရှု၍ နေထိုင်တတ်သူများဖြစ်သည်။

အဆင့် (၂) မိမိလုပ်သမျှအပေါ် အာမခံနိုင်သည်။ လုံ့လရှိသည်။ တစ်ခုခု မလုပ်မနေနိုင်သည့် အနေအထားမှာ အမြဲရှိသည်။ မိမိကိုယ် ယုံကြည်မှုမြင့်မားသည်။ မိမိတန်ဖိုးအပေါ် မိမိကိုယ်တိုင် အပြည့်အဝပြန်လည် ယုံကြည်သည်။ သင့်လျှော်စွာ နေထိုင်တတ်သော ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော ဆွဲဆောင်မှုရှိသော ယဉ်ကျေးဖွယ်သော အပြုအမူများကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။

အဆင့် (၃) သူတို့ကိုယ် သူတို့တိုးတက်ရန်အတွက် ရည်မှန်းချက်ကြီးသူ၊ သူတို့ တတ်စွမ်းသမျှ အကောင်းဆုံး လုပ်တတ်ပြီး သီးခြားရပ်တည်တတ်သူဖြစ်သည်။ စံပြလူသားများ ဖြစ်ကြသည်။ ရိုးရာယဉ်ကျေးမှုများအပေါ် အလေးထား တန်ဖိုးထားသည်။ အကောင်းမြင်ဝါဒရှိသည်။ လှုပ်ရှားမှုမှန်သမျှ အကောင်းဘက်ကို ဦးတည်သည်။

အလယ်အလတ်အဆင့်

အဆင့် (၄) သူတို့၏ အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်သော်လည်း ထိုအလုပ်အပေါ် စိုးရိမ်မှုကလည်း တန်းတူသည်။ မိမိကိုယ်တိုင် မိမိပန်းတိုင်ထား၍ မိမိလုပ်သမျှအားလုံးသည် ထိုအတွက်သာ ဖြစ်စေသည်။ ကျရှုံးမှာ အတော်ကြောက်သည်။ သူတပါးနဲ့ နှိုင်း၍ မိမိအခြေအနေ၊ မိမိအောင်မြင်မှုတို့ကို တိုင်းတာလေ့ရှိသည်။ အသက်မွေးဝမ်းကြောင်း လုပ်ငန်းရှင်များ ဖြစ်လေ့ရှိသည်။ လူမှုရေးအရ သူတပါးနဲ့အတူ အလုပ်လုပ်ပေးတတ်သည်။ သူသည် အကောင်းဆုံး ဆိုသည့်အရာအတွက်သာ ရင်းနှီးမြှုပ်နှံမှုလုပ်တတ်သည်။

အဆင့် (၅) မိမိပုံရိပ်ကို အလေးထားသူဖြစ်သည်။ မိမိအကြောင်း သူတပါး သိသွားမှာ အလွန်စိုးရိမ်တတ်သူဖြစ်သည်။ သူများ မျှော်လင့်နေသည့်ဘဝမျိုးနှင့် အောင်မြင်မှုကို ပိုင်ဆိုင်လိုသည့် မျှော်လင့်ချက်များ ထားရှိသည်။ လက်တွေ့ကျကျ လုပ်တတ်သော်လည်း အနာဂတ်ကို မျှော်လွန်းသောကြောင့် ရရှိလာသည့် အကျိုးတရားများမှာ သင့်တောင့်သက်သာ ရလေ့မရှိပေ။ သူတို့၏ တပါးသူအပေါ် ယုံကြည်မှုများ၊ ရင်းနှီးမှုများက အတုဖြစ်နေတတ်သည်။

အဆင့် (၆) တပါးသူထက် မိမိက သာလွန်သည်ဆိုသည့်အချက်ကို တပ်မက်သည်။ ထို့ကြောင့်လည်း စဉ်ဆက်မပြတ်သူတို့ကို သူတို့ကိုယ်သူတို့အမြဲတမ်း မြှင့်တင်သည်။ သူတို့ကိုယ်သူတို့လည်း ပြန်လည်အမွှန်းတင်လေ့ရှိသည်။ ဟိတ်ဟန်ကြီးသည်။ သူတို့တတ်မြောက်သော စွမ်းရည်ကိုလည်း မကြာခဏထုတ်ဖော်လေ့ရှိသည်။ “ငါ့ကိုကြည့်” ဆိုသည့် အလုပ်မျိုး လုပ်တတ်ပြီး သူတို့ကို သူတို့လည်း ဖော်ထုတ်ပြသလေ့ရှိသည်။ သူတို့အောင်မြင်မှုအတွက်ဆိုလျင် သူတို့ကိုယ်သူတို့ သူတပါးအမုန်းလည်း ခံနိုင်သည်။ အောင်မြင်မှုကို အမြဲတမ်း ကာကွယ်သည်။ သူတပါးကိုလည်း မထီမဲ့မြင်ပြုတတ်သည်။

အနိမ့်ဆုံးအဆင့်

အဆင့် (၇) နိမ့်ကျမှာ ကျရှုံးမှာ ကြောက်သည်။ သူတို့အောင်မြင်မှုတစ်ခုအတွက် သူတပါးအပေါ် အမြတ်ထုတ်တတ်သည်။ အခွင့်အရေးယူတတ်သည်။ မိမိထက် သာလွန်သည့်သူကို ဘာဖြစ်ဖြစ် ဖြိုလဲပစ်ရန် ကြံစည်တတ်သည်။

အဆင့် (၈) သူတို့၏ အမှားများကို သူတပါးအပေါ် မသိမသာဖြစ်ဖြစ် သိသိသာသာဖြစ်ဖြစ် လွှဲချတတ်သည်။ လူတွေအပေါ် သူတို့အောင်မြင်မှုအတွက် သစ္စာဖောက်ခြင်း၊ တမင်တကာဖျက်ဆီးခြင်းနှင့် ရန်ညိုးထားခြင်းများ မယုံနိုင်လောက်အောင် ပြုလုပ်တတ်သည်။ တပါးသူကို မနာလိုဖြစ်ရသည့်အပေါ်လည်း အရသာတွေ့နေတတ်သည်။

အဆင့် (၉) လက်စားချေတတ်သူဖြစ်သည်။ သူတပါးပျော်ရွှင်မှုကို ရက်ရက်စက်စက် ဖျက်ဆီးချင်သည်။ သူတို့၏ အမှား၊ သူတို့၏ ဆုံးရှုံးမှုကို အကြောင်းပြ၍ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးရခြင်းသည် သူတို့ကိုယ်သူတို့ ပြန်လည်သတိရစေခြင်းဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာချို့ယွင်းသော အပြုအမူများ ရှိသည်။ များသေားအားဖြင့် အဖျက်အမှောင့်သမားနဲ့ ကိုက်ညီလေ့ရှိသည်။

အခြား Type များကို ဆင်ခြင်ကြည့်လိုလျင် . . .

Enneagram Type One Level

Enneagram Type Two Level

Enneagram Type Four Level

Enneagram Type Five Level

Enneagram Type Six Level

Enneagram Type Seven Level

Enneagram Type Eight Level

Enneagram Type Nine Level

Post navigation

လူများ၊ နေထိုင်မှုများ၊ ဘဝ (၁)
Enneagram Type Four Level

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Archives

Theme by Bloompixel. Proudly Powered by WordPress