• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Enneagram Type Six Level

The Loyalist ရဲ့ သူ့နံပါတ်အပေါ် ပါဝင်မှု အနည်းအများက ဘယ်လိုဖြစ်မလဲ။ နံပါတ်ခြောက် တော်တော်များများကတော့ ရှေးရိုးဆန်သူများဖြစ်တယ်။ ကြိုတင်ကာကွယ်တတ်သူလည်း ဖြစ်တယ်။ ကဲ ပါဝင်မှုများတဲ့ အကောင်းဆုံးအဆင့် ပါဝင်မှုနည်းလွန်းတဲ့ အနိမ့်ဆုံးအဆင့်တွေကို ကြည့်လိုက်ကြရအောင်။ Enneagram မှာ ဘယ်သူဟာ ဘယ် Type ဖြစ်နိုင်တယ်လို့ မခန့်မှန်းရသလို ထင်ကြေးလည်း မပေးရပါဘူး။ “ဟ မင်းက ဒီအမျိုးအစားဖြစ်လောက်တယ်၊ ဟဲ့ နင်က ဒီနံပါတ်ထင်တယ်” လို့မလုပ်ရပါဘူး။ သူတို့ ဘာအမျိုးအစားဆိုသာ သူတို့ဘာသာ သူတို့ ရွေးချယ်ပါစေ။ သူတို့ရဲ့ အပြောနဲ့ သူတို့အပြုအမူဟာ သူတို့ပတ်ဝန်းကျင်နဲ့ လိုက်လျောအောင် ညှိထားတာ ဖြစ်နိုင်ပါတယ်။ ဒါကို ကြပ်ကြပ်သတိထားပါ။

အကောင်းဆုံးအဆင့်

အဆင့် (၁) အရာအားလုံးအပေါ် မိမိဘာသာ မိမိအရင်အတည်ပြုသည်။ ပြီးမှ သူတပါးအပေါ် ယုံကြည်သည်။ သူတို့နဲ့ အရည်အချင်း တူသည့်သူကိုသာ အပေါင်းအသင်း ပြုလုပ်တတ်သည်။ မိမိကိုယ်တိုင် ဦးဆောင်လိုသည့် သတ္တိရှိသည်။ အကောင်းမြင်ဝါဒရှိသည်။ ခေါင်းဆောင်မှု စွမ်းရည် ရှိသည်။ မျက်နှာနေ မျက်နှားထားလည်း ထားတတ်သည်။

အဆင့် (၂) တပါးသူထံမှ ပြင်းထန်သော ခံစားချက်ဖြင့် တုန့်ပြန်လာအောင် လုပ်တတ်သည်။ ချစ်ဖို့ကောင်းသည်။ ဆွဲဆောင်မှု ရှိသည်။ နှစ်လိုဖွယ်ရှိသည်။ တပါးသူနဲ့ မိတ်ဆွေဆက်ဆံရေး ခိုင်မြဲဖို့က အရေးကြီးသည့်အချက်ဟု သတ်မှတ်သည်။ ဆက်ဆံရေးက ခိုင်မြဲသည်။ တပါးသူနဲ့ မဟာမိတ်ဖွဲ့ရာ၌ ကျွမ်းကျင်သည်။

အဆင့် (၃) သူတို့ ထဲထဲဝင်ဝင်ယုံကြည်သည့် အရာအပေါ် နှစ်မြုပ်၍ နေထိုင်သည်၊ လှုပ်ရှားသည်။ လူမှုရေးအဖွဲ့အစည်းများ တည်ထောင်တတ်သည်။ တာဝန်ယူမှု တာဝန်ခံမှုရှိသည်။ ယုံကြည်လို့ရသည်။ အပြည့်အဝ ယုံကြည်ထိုက်သူဖြစ်သည်။ အလုပ်ကို ပြင်းပြင်းထန်ထန် ကြိုးကြိုးစားစား လုပ်တတ်သည်။ သည်းခံနိုင်စွမ်းရှိသည်။ သူတပါးအရည်အသွေးကိုလည်း ဖော်ထုတ်ပေးတတ်သည်။ ဝိဉာည်ပိုင်းဆိုင်ရာ အရဖြစ်စေ ပေါင်းသင်းဆက်ဆံရေးအရ ဖြစ်စေ တည်တံ့၍ လုံခြုံသော ဘဝကို ဖန်တီးတတ်သည်။

အလယ်အလတ်အဆင့်

အဆင့် (၄) သူတို့ စွမ်းအားနဲ့ သူတို့ လုပ်ကိုင်မှုကို သူတို့ ယုံကြည်သော ဘဝနေထိုင်မှု သူတို့ လုံခြုံမှုကိုသာ ဦးတည်၍ လှုပ်ရှားသည်။ တပါးသူကိုလည်း လှုံ့ဆော်တတ်သည်။ သူတို့ဘဝအတွက် ခိုင်ခံ့သော စည်းမျဉ်းစည်းကမ်းများ ထုတ်ထားသည်။ သူတို့တည်ရှိမှုအတွက် သူတို့ ဆက်လည်တည်မြဲမှုအတွက် သူတို့လုပ်ပိုင်ခွင့်နဲ့ သူတို့မဟာမိတ်ကိုသာ အမြဲရှာနေတတ်သည်။ အမြဲနိုးနိုးကြားကြားနေသည်။ ပြဿနာဖြစ်နိုင်သည့်အချက်များကို တင်ကြိုရှောင်ရှားတတ်သည်။

အဆင့် (၅) သူတို့အပေါ် လွှမ်းမိုးလာသည့် လွမ်းမိုးမှုများကို ရှောင်ရှားနိုင်သည်။ သူတို့အပေါ် ရန်လိုသည့် အပြုအမူများကိုလည်း ရှောင်ရှားတတ်သည်။ အရှောင်အတိမ်းကောင်းသူများ ဖြစ်သည်။ တခါခါ မဆုံးဖြတ်တတ်ဖြစ်သည်။ လေးဖင့်သည်။ အချိန်ဆွဲတတ်သည်။ သတိကြီးသည်။ စိတ်နှစ်ခွ အမြဲဖြစ်နေတတ်သည်။ ပြင်းပြင်းထန်ထန် တုံ့ပြန်တတ်သည်။ စိုးရိမ်ကြီးသည်။ သူတို့တုန့်ပြန်ချက်များက တပါးသူကို ဝေဝါးစေသည်။ အပျက်သဘောဆောင်သည့် အလုပ်ကို လုပ်တတ်သည်။ တပါးသူ ထင်မှတ်ထားသည့် တုန့်ပြန်မှုမျိုး မဟုတ်သဖြင့် တပါးသူအား အမြဲအခက်တွေ့သည့် ဆက်ဆံရေးရှိသည်။

အဆင့် (၆) သူတို့ကို သူတို့ မလုံခြုံဟု ထင်နေသည်။ သူတို့ ပေးဆပ်စရာတွေရှိသည်ဟု တွေးနေတတ်သည်။ သူတို့သည် နာနာကျည်းကျည်းနှင့် ရန်လိုတတ်သူများ ဖြစ်တတ်သည်။ သူတို့ပြဿနာများကို တပါးသူအပေါ် ပုံချတတ်သည်။ အပြင်ဘက်ကို ကြည့်လွန်းသူဖြစ်သည်။ ပြင်းပြင်းထန်ထန် ခုခံတုန့်ပြန်တတ်သည်။ သူတို့ဘဝကို ထိခိုက်နိုင်သူအား ကြည့်ရှု၍ ရန်သူ မိတ်ဆွေ စသဖြင့် ခွဲခြားဆက်ဆံတတ်သည်။ အာဏာရှင်ကို ဆန့်ကျင်သည့် အာဏာရှင်များ ဖြစ်တတ်သည်။ သံသယကြီးလွန်းသည်။ တိုးတိုးတိတ်တိတ်ကြိတ်လုပ်တတ်သည်။ သူတို့၏ ကြောက်တတ်မှုကိုလည်း သူတို့ပြန်ကြောက်သည်။

အနိမ့်ဆုံးအဆင့်

အဆင့် (၇) သူတို့ဘဝ၏ လုံခြုံမှုပျက်ပြားသွားမှာ အလွန်ကြောက်သည်။ အမြဲထိတ်လန့်နေတတ်သည်။ တည်တည်ငြိမ်ငြိမ်မရှိ။ သူတို့၏ ခပ်ညံ့ညံ့ အတွေးများကြောင့် အရှက်ကွဲနိုင်သည့် အလုပ်များ လုပ်မိတတ်သည်။ သူတို့ကို သူတို့ မလုံခြုံဘူးဟု ထင်နေတတ်သည်။ ထို့ကြောင့် သူတို့က အာဏာရှိသူများကို ရှာဖွေပေါင်းတတ်သည်။ ထိုမှသာလျင် သူတို့ပြဿနာကို ရှင်းနိုင်မည်ဟု ယုံကြည်သည်။ သူတို့သည် တပါးသူကို အပြစ်တွေ တင်နေတတ်သည်။ ကဲ့ရဲ့နေတတ်သည်။ သူတို့နေထိုင်မှုက တပါးသူနဲ့ ကွဲပြားနေသည်။

အဆင့် (၈) သူတို့သည် ညှဉ်းပန်းနှိပ်စက်ခံနေရသည်ဟု အလိုလိုထင်နေတတ်သည်။ သူတို့အပေါ် တပါးသူ အမြတ်ထုတ်နေသည်ဟု ထင်နေတတ်သည်။ သူတို့အကြောက်တရားအတွက် မတရားမှုများကို တွေ့လျင်လည်း ပါးစပ်ပိတ်နေတတ်သလို သူတို့ကိုယ်တိုင်လည်း ပြုမူတတ်သည်။ စိတ်ကူးယဉ်ဝါဒသမားများ ဖြစ်သည်။ အကြမ်းဖက်သူများ ဖြစ်လေ့ရှိသည်။

အဆင့် (၉) စိတ္တဇကဗျာဆရာများ စာရေးဆရာများဖြစ်တတ်သည်။ အပြစ်တစ်ခုခုမှ လွှတ်မြောက်အောင်သာ ရှာဖွေနေတတ်သည်။ သူတို့ကိုယ် သူတို့ ဖျက်ဆီးတတ်သည်။ သူတို့ကိုယ် သူတို့ သတ်သေတတ်သည်။ အရက်သမား ဆေးသမားဖြစ်တတ်သည်။ ဆေးကို အလွန်အကျွံသုံးတတ်သည်။ သူတို့ကို သူတို့ နစ်နာအောင်သာ တချိန်လုံးလုပ်နေတတ်သည်။

အခြား Type များကို ဆင်ခြင်ကြည့်လိုလျင် . . .

Enneagram Type One Level

Enneagram Type Two Level

Enneagram Type Three Level

Enneagram Type Four Level

Enneagram Type Five Level

Enneagram Type Seven Level

Enneagram Type Eight Level

Enneagram Type Nine Level

Related Posts

  • တောင်းပလုံး

  • အခုတ်ခံလိုက်ရတဲ့ သစ်တပင်

  • ဘီလူးဆိုင်း

Recent Posts

  • တောင်းပလုံး
  • အခုတ်ခံလိုက်ရတဲ့ သစ်တပင်
  • ဘီလူးဆိုင်း
  • Data
  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress