• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Enneagram Type One Level

အင်နာဂရမ်လို့ပဲ မြန်မာလို ခေါ်ကြပါစို့။ လူတိုင်းဟာ အင်နာဂရမ်အမျိုးအစား တမျိုးမျိုးတည်းကို ပါဝင်နေတတ်တယ်။ တမျိုးမျိုးတည်းပါဝင်ပြီးနောက် ပါဝင်မှုက ပုံမှန်ဆိုရင် ဘယ်လိုဖြစ်တယ်။ ပါဝင်မှုများရင် ဘယ်လိုဖြစ်တယ်။ နည်းရင်ဘယ်လိုဖြစ်တယ်ဆိုတာလေး ပြောပါရစေ။ နံပါတ် ၁ ထဲမှာတော့ ပါဝင်တာပဲ။ သို့ပေတဲ့ ပါဝင်မှုက အားနည်းနေရင် သူရဲ့ အမျိုးအစားအရ တဖက်စွန်းသွားတတ်ပုံလေးကို လေ့လာထားသင့်ပါတယ်။

ပါဝင်မှုများသူ

အဆင့် (၁) ပိုင်းခြားသိမြင်မှုနဲ့ ဉာဏ်ပညာရှိမှု အလွန်မြင့်မားတယ်။ သူတို့တွေက လက်တွေ့ဖြစ်နိုင်ချေရှိတာကိုပဲ လက်ခံတယ်။ အရာအားလုံး တစ်ခုချင်းစီအပေါ် အချိန်ယူပြီး စနစ်တကျလုပ်တတ်တယ်။ လူသားဆန်တယ်။ လှုံ့ဆော်တတ်တယ်။ သူတို့ဆီက အမှန်တရားကို ယုံကြည်မှုအပြည့်လုပ်ကိုင်ပြောဆိုတာမျိုး သူတို့ဆီက ကြားရနိုင်တယ်။

အဆင့် (၂) ခိုင်မာတဲ့ ပုဂ္ဂိုလ်ရေး ယုံကြည်ချက်ရှိတယ်။ အမှားနဲ့ အမှန်အပေါ် ပြင်းထန်တဲ့ ယုံကြည်မှုရှိတယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ လူသားတန်ဖိုးတွေကို အလေးထားတယ်။ ဆင်ခြင်တုံတရားနဲ့ နေတတ်တယ်။ ကျိုးကြောင်းဆီလျှော်မှု ကိုယ်ပိုင်စည်းကမ်းနဲ့ ရင့်ကျက်မှုတွေကို သူတို့ ပြန်လည်စီမံနိုင်တယ်။

အဆင့် (၃) တရားမျှတမှု ရည်ရွယ်ချက်နဲ့ လူ့ကျင့်ဝတ်များကို အလွန်အမင်းအလေးထားသူများ ဖြစ်တယ်။ တာဝန်ယူမှုရှိတယ်။ တာဝန်ခံမှုအပြည့်ရှိတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်မြင့်မားမှု အမှန်တရားကို အလေးထားတတ်မှုတို့ကြောင့် သူတို့ဟာ ဆရာ သို့မဟုတ် ရှေ့နေတွေ ဖြစ်လေ့ရှိတယ်။

ပုံမှန်ပါဝင်သူ

အဆင့် (၄) အမှန်တရားအပေါ် သိပ်မကျေနပ်တတ်ဘူး။ စိတ်ဓာတ်ပြင်းထန်မှုအပေါ် စံနမူနာယူထိုက်သူများ ဖြစ်တယ်။ အားလုံး တိုးတက်အောင်လုပ်ဖို့က သူတို့တာဝန်လို့ပဲ ခံယူတယ်။ သူတို့ဟာ ဘာသာရေးစစ်သည်များ၊ ထောက်ခံသူများ၊ ဝေဖန်ထောက်ပြသူများ ဖြစ်လေ့ရှိတယ်။ အလုပ်လုပ်ရင်လည်း အကြောင်းပြချက်ပေးမနေဘူး။ လုပ်သင့်တယ်ထင်ရင် လုပ်တတ်သူတွေ ဖြစ်တယ်။

အဆင့် (၅) အမှားလုပ်မိမှာ စိုးရိမ်တတ်တယ်။ အရာအားလုံးဟာ အချက်နဲ့ အလက်နဲ့ ဖြစ်နေရမယ်လို့ သူတို့ယုံကြည်တယ်။ အလုပ်ကို စနစ်တကျလုပ်တတ်တယ်။ ဒါပေမယ့် အလုပ်လုပ်တိုင်း ပုဂ္ဂိုလ်ရေး ပါလေ့ရှိတယ်။ ဘာသာရေး ပါလေ့ရှိတယ်။ သူတို့ ကိုယ်ပိုင် ခံစားချက်ပါလေ့ရှိတယ်။ သူတို့ကိုယ် သူတို့ တင်းကြပ်လေ့ရှိတဲ့သူများလည်း ဖြစ်တယ်။ သူတို့အတွက် အချိန်တိကျမှုပြဿနာ အလုပ်စွဲလန်းမှုပြဿနာ အထိုင်များတဲ့အတွက် အညောင်းလွန်ရောဂါတွေ ရတတ်တယ်။

အဆင့် (၆) မိမိကိုယ်ကိုရော သူတပါးကို ပိုင်းခြားသုံးသပ်တတ်တယ်။ ဇီဇာကြောင်တယ်။ ကောက်ချက်ချတတ်တယ်။ ပြီးပြည့်စုံအောင် လုပ်တတ်တယ်။ အားလုံးအပေါ် ခြုံပြီးမြင်နိုင်တဲ့ အမြင်ရှိတယ်။ သူများကိုလည်း အမှန်အတိုင်းလုပ်ဖို့ ပြောဆို ဆုံးမလေ့ရှိတယ်။ စိတ်မရှည်တတ်ဘူး။ သူတို့ပြောတဲ့အတိုင်း လိုက်မလုပ်ရင်လည်း သဘောမကျတတ်ဘူး။ ကိုယ်ကျင့်တရားကောင်းသလောက် ဆူပူတတ်တယ်။ ဒေါသထွက်လွယ်တယ်။

ပါဝင်မှုအားနည်းသူ

အဆင့် (၇) တယူသန်တယ်။ ဖြောင့်မတ်တယ်။ သည်းမခံတတ်ဘူး။ အပြောင်းအလဲမြန်တယ်။ အားလုံးက မှားနေပါတယ်လို့ ပြောရင်တောင် သူတို့ မှန်တယ်ထင်ရင် အာဏာသုံးပြီး လုပ်တတ်တယ်။ ကိုယ့်လုပ်ထုံးလုပ်နည်းနဲ့ပဲ တဦးတည်းပိုင် မူဝါဒတွေ ချမှတ်တတ်တယ်။

အဆင့် (၈) သူများရဲ့ အမှားတွေနဲ့အတူ ကိုယ့်အဆင်မပြေမှုတွေကို စိတ်ထဲ စွဲမှတ်ထားတတ်တယ်။ အဲဒီအခါ ဆန့်ကျင်ရရင်ပြီးရောဆိုပြီး အလုပ်ကို လုပ်တတ်တယ်။ တရားများ သွားမဟောလိုက်မိစေနဲ့။ ဒီလူကတော့ ဆန့်ကျင်ပြီးသားပဲ။

အဆင့် (၉) သူများကို အပြစ်တင်လေ့ရှိတယ်။ သူတို့အပေါ် အမှားလုပ်မိလိုက်တာနဲ့ ကြမ်းကြမ်းထန်းထန်း တုန့်ပြန်တတ်တယ်။ သူတို့ဟာ စိတ်ကျရောဂါ ရလေ့ရှိတယ်။ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါလည်း ဖြစ်လေ့ရှိတယ်။ ကိုယ့်ကိုယ်ကို သတ်သေသူတော်တော်များများဟာ ဒီအဆင့်ပဲ။ သူတို့လုပ်တဲ့အတိုင်းမဖြစ်ရင် သူများကမှားရင် မလျော်မကန်တွေ တုန့်ပြန်တတ်တယ်။

ပြန်ပြီး ဆင်ခြင်ကြည့်လိုလျင် . . .

Enneagram Type Two Level

Enneagram Type Three Level

Enneagram Type Four Level

Enneagram Type Five Level

Enneagram Type Six Level

Enneagram Type Seven Level

Enneagram Type Eight Level

Enneagram Type Nine Level

Post navigation

Critical thinking and Me (6)
Enneagram Type Two Level

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Archives

Theme by Bloompixel. Proudly Powered by WordPress