• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Enneagram Type Nine Level

အင်နာဂရမ်အရ လူအမျိုးအစားက (၉) မျိုးရှိပါတယ်။ အဲဒီကနေ မိမိကိုယ်ကို သိရှိအောင် လုပ်တာပေါ့။ ခါတိုင်းပေးနေကျ သင်တန်းတွေမှာတော့ Red Indian တို့ရဲ့ သဘာဝအရ (၄) မျိုးပေါ့။ သို့တည်းမဟုတ် အရှေ့တိုင်းအယူအဆအရ (၄) မျိုးပေါ့။ ဒီလေးချက်ကနေ မိမိကိုယ်ကို သိအောင်လုပ်တယ်။ တချို့များကျတော့ Angel Card များနဲ့ မိမိကိုယ်ကို သိအောင်လုပ်ကြတယ်လို့ ပြောသံကြားဖူးတယ်။ သူ့မှာတော့ ၅၂ မျိုးတောင်ရှိတယ်ဆိုတော့ တော်တော်စုံမှာပဲ။ သို့ပေမယ့် ရင်ထဲဗလာကျင်းထားပြီး သူများကို မေးခွန်းတွေ မေးနိုင်ဖို့ဆိုတာ လွယ်တော့ မလွယ်တဲ့ကိစ္စပဲ။ ၅၂ မျိုးဆိုတော့ Tarot နဲ့လည်း သွားတူနေတယ်။ Tarot က ၂၁ မျိုးရယ်၊ ၅၂ မျိုးရယ်ရှိတာကိုး။ သူတို့ကတော့ ဗေဒင်ဆန်တယ်ပေါ့လေ။ အင်နာဂရမ် ၉ မျိုးကဖြင့်လည်း ဂဏန်းဗေဒင်ဆန်တယ်လို့ တွေးမိသားပါပဲ။ နာမည်ဂဏန်းကို ရအောင်ဖန်တီးလို့ရပေမယ့် မွေးဂဏန်းဖြစ်နေရင် ရှောင်လို့မရဘူး။ တရုတ်ဗေဒင်အရ အကောင် ၁၂ မျိုးလိုပေါ့။ မီးနဂါးနှစ်ဖွားဆိုရင် မီးနဂါးနှစ်ဖွားပဲဖြစ်နေမှာ။ သို့ပေမယ့် ကောင်းတဲ့အချက်လေးတွေ ယူပြီး ကောင်းတာတွေ တိုးပွားအောင်ကျင့်ကြံနေထိုင်ရင်း အကောင်းချည်းဖြစ်လာအောင် လုပ်နေလို့ရသလို အင်နာဂရမ်အရဖြစ်ဖြစ်၊ ရက်အင်ဒီးယန်းဘဘာဝအရဖြစ်ဖြစ်၊ အိန်ဂျယ်ကဒ်အရဖြစ်ဖြစ် ပြောင်းလဲသင့်တာတွေကို ဆင်ခြင်တုံတရားအပြည့်နဲ့ တွေးခေါ်မှုရှိရှိနဲ့ ပြောင်းလဲမယ်ဆိုရင်တော့ အကောင်းဘက်ကို ဦးတည်သွားမှာပါ။ သတ္တဝါတတွေဟာ သူတို့ စိုက်ပျိုးသမျှ သူတို့ရိတ်သိမ်းရမယ်လို့ ဆိုထားတယ်ကိုး။ ဒီနေ့တော့ အင်နာဂရမ်အရ “ငြိမ်းချမ်းရေးသမား” တွေဖြစ်တဲ့ နံပါတ်ကိုးသမားရဲ့ အချက်ကိုးချက်ထဲမှာ မိမိက ဘယ်အချက်ထဲ ရောက်နေလဲ စိစစ်ပြီး ဆင်ခြင်ကြည့်ကြဖို့ပဲ။

ပါဝင်မှုအများဆုံး သူ

အဆင့် (၁) သူတို့၏ ပြည့်ဝသော ခံစားချက်များဖြင့်လည်းကောင်း သူတို့ကိုယ်သူတို့ ပြန်လည်စီမံနိုင်ခြင်းတို့ဖြင့်လည်းကောင်း သူတို့ကိုယ်သူတို့ ပိုင်ကြသူများဖြစ်သည်။ အခက်အခဲ ဘယ်လောက်တွေ့တွေ့ တည်ငြိမ်စွာ ရင်ဆိုင်နိုင်သူ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော သူတို့သည် တကယ့် တရားရနေသူများနဲ့ တူသောကြောင့် ဖြစ်သည်။ ရောင့်ရဲ တင်းတိမ်သူများလည်းဖြစ်သည်။ ဆိုးသည်ထင်ရသော်လည်း အကောင်းဘက်တွင် အမြဲရှိ၏။ သူတို့သည် သူတို့ကိုယ် သူတို့ဖြစ်စေ တပါးသူနဲ့ဖြစ်စေ လေးနက်စွာ ဆက်ဆံတတ်၏။ ဘဝကို မြင့်မြတ်စွာ ရှင်သန်လိုသည်။ တပါးသူကိုလည်း အပြည့်အဝယုံကြည်မှု ပေးတတ်သည်။

အဆင့် (၂) ဣန္ဒြေသိက္ခာရှိရှိနေထိုင်တတ်သည်။ သူတို့ကို မြင်သည်နဲ့ တပါးသူလည်း သက်တောင့်သက်သာ ဖြစ်စေသည်။ ရှိုးတိုးရှန့်တန့်မဖြစ်စေတတ်။ တပါးသူကို တလေးတစား ဆက်ဆံတတ်သည်။ မိမိကိုယ်ကို မိမိယုံသလို တပါးသူကိုလည်း ယုံတတ်သည်။ ဘဝကို အေးအေးဆေးဆေး သက်တောင့်သက်သာဖြစ်အောင် ဖြတ်သန်းသည်။ သူတို့ကို ကြည့်လိုက်သည်နဲ့ အပြစ်မဲ့စွာ ရိုးရှင်းနေသည်ကို မြင်ရသည်။ စိတ်ရှည်သည်းခံတတ်သည်။ ကောင်းသော အပြုအမူများ ရှိသည်။ သူတို့က များသောအားဖြင့် Gentlemen ဆိုသည့် ဂုဏ်အင်္ဂါများနဲ့ ကိုက်ညီလေ့ရှိသည်။

အဆင့် (၃) အကောင်းမြင်ဝါဒရှိသူဖြစ်သည်။ စိတ်ချရသည်။ တပါးသူကို ထောက်ပံ့တတ်သည်။ သူတို့၏ တည်ငြိမ်မှုကြောင့် တပါးသူကို သက်သာရာရစေသည်။ တပါးသူကိုလည်း သူတို့တည်ငြိမ်မှုဖြင့် လွှမ်းမိုးနိုင်သည်။ သူတို့နဲ့ တူသောသူကို ပေါင်းတတ်သည်။ မဟုတ်လည်း တခြားသူများကို သူတို့နဲ့ တူအောင် လုပ်နိုင်စွမ်းသည်။ တရားဓမ္မပြနိုင်စွမ်းသော တည်ငြိမ်သူများ ဖြစ်သည်။ တပါးသူက သူတို့ကို လာပေါင်းချင်လောက်သည့် ညှို့ဓာတ်လည်း ရှိသူများဖြစ်သည်။

အသင့်အတင့် ပါဝင်သူများ

အဆင့် (၄) ပဋိပက္ခဖြစ်မှာ ကြောက်သူများ ဖြစ်သည်။ ထို့ကြောင့် သူတို့ သင့်မြတ်လျင် ပေါင်းတတ်ပြီး မသင့်မြတ်သူများကို မသိကျိုးကျွံပြုတတ်သည်။ ဤအချင်းကြောင့် တခါခါ သူတို့က တယောက်တည်းနေရတာကို သဘောကျတတ်သည်။ တပါးသူနဲ့ ကဏ္ဍကောစမဖြစ်လိုသဖြင့် “ဟုတ်ကဲ့၊ အဆင်ပြေပါတယ်” ဟုပြောလေ့ရှိသည်။ ထို့ကြောင့် သူတို့လုပ်ချင်သည်များကို နောက်ထားပြီး သဘောတူထားသည်များကို အရင်လုပ်ပေးနေရတတ်သည်။ ဤအဆင့်တွင် သင်ရှိနေပါက တပါးသူကို ညင်သာစွာ ငြင်းဆိုတတ်အောင် လေ့ကျင့်ဖို့လိုပါသည်။ တောင်းဆိုလာပါကလည်း စကားလမ်းကြောင်းလွှဲတတ်အောင် သင်ယူထားရမည်။

အဆင့် (၅) တက်တက်ကြွကြွရှိသည်။ သို့သော် သူ့ထံတွင် အစီအစဉ်ကောင်းမရှိ။ စဉ်းစဉ်းစားစား လုပ်ထားတာ မရှိ။ ဂရုတစိုက်လည်း မရှိ။ တခုခု မဟုတ်တာဖြစ်သွားမည်ကိုလည်း မလိုချင်။ ပြဿနာဖြစ်လျင်လည်း ရှောင်ထွက်ပြီး မသိယောင်ဆောင်လိုက်တတ်သည်။ ပြန်လည်း မဖြေရှင်းဘဲ မထုံတက်တေးနေနေတတ်သည်။ တခါခါ မဆိုင်သည့် အောက်ခြေသိမ်းအလုပ်တွေကို လိုက်လုပ်နေတတ်သည်။ သူတို့ သေသေချာချာ စဉ်းစားလျင်လည်း အဖြေက မရေမရာထွက်သည်။ များသောအားဖြင့် စိတ်ကူးယဉ်အဆင့်တွင်ရှိသည်က များသည်။ ထို့ကြောင့် သူတို့တခုခု လုပ်ပြီးသည့်နောက် ပြန်ညှိနေရသည်က များသည်။ ပြီးတော့လည်း လစ်လျူရှုလိုက်သလိုလိုဖြင့် မေ့သွားသည်။ ရေသာခိုချင်စိတ်များသည်။ ပြဿနာဖြစ်လာလျင် ပြဿနာအပေါ် ကောင်းကောင်း အာရုံမစိုက်နိုင်။

အဆင့် (၆) ပြဿနာများကို ဖွက်ထားတတ်သည်။ ပြီးတော့ ငြိမ်းချမ်းရေးဆိုတာ တန်ဖိုးရှိပါတယ်ကွယ်ဟု တပါးသူကို ချော့မော့ပြောဆိုတတ်သည်။ အများနဲ့ ပတ်သက်၍ သူတို့ လုပ်ထားတာ၊ သူတို့ပြောထားတာ တစ်ခုမှ ပြောင်းလဲမလာလျင်တော့ ခေါင်းမာပြီး သူများ ဘာပြောပြော နားမထောင်တတ်တော့။ လက်မှတ်ထိုးတာသည်များရှိလျင်ပင် ပြန်ဖျက်တတ်သူများ ဖြစ်သည်။ လက်တွေ့မကျသည့် နည်းလမ်းများဖြင့် ပြဿနာကို ဖြေရှင်းတတ်သည်။ ပြဿနာများကို မှော်ကြိမ်လုံးနဲ့ ဖြေရှင်းဖို့ တွေးနေတတ်သူများဖြစ်သည်။ သူတို့၏ ဂရုမစိုက်သော အပြုအမူ သူတို့၏ အချိန်ဆွဲတတ်သော အပြုအမူများက တပါးသူ ဒေါသကို ဆွပေးသလို ဖြစ်နေတတ်သည်။ သူများအစီအစဉ်ကို ဖျက်နေသလို ဖြစ်တတ်သည်။

အနည်းဆုံး ပါဝင်သူများ

အဆင့် (၇) သူတို့ကို သူတို့ဖြစ်စေ သူတို့ပတ်ဝန်းကျင်ကို ဖြစ်စေ နည်းပေါင်းစုံနဲ့ ဖိနှိပ်တတ်သည်။ ထိုအခါ ဖွံ့ဖြိုးမှုနောက်ကျခြင်းများ အကျိုးမဲ့ဖြစ်ခြင်းများ သူတို့ကြောင့် ဖြစ်တတ်သည်။ ပြဿနာများနဲ့ ရင်ဆိုင်နေရလျင် ဘယ်လိုလုပ်မလဲဟု သူတို့အမြဲတွေးကာ ကြောက်နေတတ်သည်။ တယူသန်သည်။ ပဋိပက္ခအနေအထားကနေ သူတို့ အမြဲလှည့်ရှောင်ထွက်သည်။ သူတို့ကြောင့် တပါးသူက ပြဿနာနဲ့ ရင်ဆိုင်ရလေ့ရှိသည်။

အဆင့် (၈) သူတို့အပေါ် သက်ရောက်လာနိုင်တဲ့ ကောင်းကျိုး ဆိုးကျိုးမှန်သမျှ ဘယ်တော့မှ မသိချင်။ အလုပ်မှန်သမျှကိုလည်း အကြောင်းပြချက်အမျိုးမျိုးနဲ့ ရှောင်တတ်သဖြင့် ကြာလာသည့်အခါ သူတို့က အားလုံးနဲ့ ဝေးသွားသည်။ ကြာတော့ ခပ်ထုံထုံ လူအမျိုးအစားများ ဖြစ်လာသည်။ ခပ်ကြောင်ကြောင်လူများ ဖြစ်လာသည်။

အဆင့် (၉) နံပါတ် (၉) သမားများ အဆင့် (၉) တွင် ရှိနေလျင် ခပ်ကြောင်ကြောင်အမျိုးအစားများ ဖြစ်သည်။ ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေသူများ ဖြစ်သည်။ သူတို့ဖြစ်တည်မှုကို သူတို့ ဂရုမစိုက်ဘဲ နေသည်။ လူ့ဘဝဆိုတာ အလကားကြီးပါကွာဟုလည်း တောင်စဉ်ရေမရ လျှောက်ပြောတတ်သည်။ ကိုယ်ရည်ကိုယ်သွေးရှိသော်လည်း ယောင်ခြောက်ဆယ်က များသည်။

ပြန်ပြီး ဆင်ခြင်ကြည့်လိုလျင် . . .

Enneagram Type One Level

Enneagram Type Two Level

Enneagram Type Three Level

Enneagram Type Four Level

Enneagram Type Five Level

Enneagram Type Six Level

Enneagram Type Seven Level

Enneagram Type Eight Level

Related Posts

  • အဓမ္မဘက်တော်သားများ

  • အာဏာသိမ်းမှု မအောင်မြင်စေရ

  • Before and After Coup

Recent Posts

  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ
  • Before and After Coup
  • တာဇံတောလား
  • ကူနီကျော့စံကွန်း
  • Hot December

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress