• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Enneagram Type Four Level

နံပါတ်စဉ်အတိုင်းပဲ ရေးနေတာဖြစ်တဲ့အတွက် The Individualist သမားအလှည့် ရောက်လို့လာပြီပေါ့။ ထူးခြားတာက အခုနံပါတ်လေးဟာ ဂဏန်းဗေဒင်အဟောနဲ့လည်း နည်းနည်းသွားတူနေတာပါပဲ။ ဂဏန်းဗေဒင်မှာတော့ နံပါတ်လေးဟာ သံလှောင်ချိုင့်ထဲရောက်နေတဲ့ ခြင်္သေ့လို့ ပြောတာကိုး။ အင်နာဂရမ်မှာတော့လည်း နံပါလေးဟာဖြင့် တမူထူးခြားသူ ဖြစ်ရပြန်ရောဆိုတော့ တူလုနီးပါးရယ်လို့ ဆိုရမှာပေါ့။ ကဲ သူတို့ရဲ့ ပါဝင်မှုအဆင့်ဆင့်တွေက ဘယ်လိုများ ထူးခြားလေမလဲ ဆိုပြီးတော့ ကြည့်ရအောင်လား။

အကောင်းဆုံးအဆင့်

အဆင့် (၁) ပုဂ္ဂိုလ်ရေးအရဖြစ်စေ တလောကလုံးနဲ့ ပတ်သက်၍ ဖြစ်စေ အနုပညာနဲ့ ဆက်နွယ်သည့် ဖန်တီးမှုများကို နက်နက်ရှိုင်းရှိုင်းထိထိရောက်ရောက် ဖန်တီးတတ်သည်။ မိမိကိုယ်ကို ပြန်လည်ဆန်းသစ်ခြင်း မိမိကိုယ်ကို စွမ်းရည်သစ်များ ထပ်ဖြည့်ခြင်း ပြုလုပ်လေ့ရှိသည်။ ၎င်းတို့၏ အတွေ့အကြုံအရ ၎င်းတို့၏ စွမ်းရည်များကို ပြန်လည်မွမ်းမံကာ အလွယ်တကူ ပြောင်းလဲနိုင်စွမ်းသည်။

အဆင့် (၂) မိမိကိုယ်မိမိ ဘယ်လိုလူစားမျိုးလဲ ဆိုတာကို သိသည်။ အရာအားလုံးကို အလွယ်တကူ သိမြင်နိုင်စွမ်းသည်။ ၎င်းတို့ကို၎င်း ပြန်လည်ရှာဖွေနိုင်ပြီး မိမိကိုယ်မိမိ ပြန်လည်လှုံ့ဆော်တတ်သည်။ သူတို့ထားသောစံ၊ သူများထားသောစံကို လုံးဝ အထိခိုက်မခံတတ်ပေ။ အလိုအလျောက်လည်း သိသည်။ နူးညံ့သိမ်မွေ့သည်။ သနားတတ်သည်။ ပါးနပ်သည်။

အဆင့် (၃) တကိုယ်ရေ တစ်ကာယနေထိုင်တတ်သည်။ သီးသန့်ဆန်သည်။ မိမိမှန်သည်ဟု တင်းထားတတ်သည်။ သူတို့ကို သူတို့ ထုတ်ဖော်တတ်သည်။ ခံစားမှုများ ရိုးရှင်းသည်။ လူသားဆန်သည်။ မိမိနဲ့ မိမိဘဝကို အရွဲ့တိုက်တတ်သည်။ အတည်ပေါက် ဟာသပြောတတ်သည်။ စိတ်ထိခိုက်လွယ်ပြီး ထိုခံစားချက်ကိုလည်း ကြံ့ကြံ့ခံသည့် ခံနိုင်ရည်ရှိသည်။

အလယ်အလတ်အဆင့်

အဆင့် (၄) အနုပညာသမားအဖြစ် ခံယူသည်။ ဘဝကို ရိုမန်တစ်ဆန်ဆန် အလျားလိုက် လျှောက်တတ်သည်။ အနုပညာမြှောက်သည့်အရာများကို ဖန်တီးတတ်သည်။ လှပသည့် သဘာဝပတ်ဝန်းကျင်ကို ဖန်တီးတတ်ပြီး မိမိခံစားချက်အတိုင်းသာ စိုက်ပျိုးမွေးမြူတတ်သည်။ စိတ်ကူးစိတ်သန်းအလွန်ကောင်းသူများ ဖြစ်သည်။ အထူးအဆန်းကိုလည်း လွယ်လွယ်ကူကူ ပုံဖော်နိုင်သည်။

အဆင့် (၅) ခံစားချက်အပေါ်လိုက်၍ နေထိုင်သည်။ အရာအားလုံးကို အတွင်းပိုင်းကျကျ လေ့လာသည်။ သူတပါးနဲ့ စကားပြောလျင်လည်း သူ့အကြောင်းကိုသာ ပြောတတ်သည်။ ထို့ကြောင့် နားထောင်သူများ ငြီးငွေ့သည့်အပြင် ဟာသပါ ဖြစ်သွားတတ်သည်။ ခံစားချက်နဲ့အတူ အထအနကောက်တတ်သေးသူ ဖြစ်သည်။ သူတို့ကို သူတို့ပြန်ကြည့်ကာလည်း ရှက်တတ်သေးသည်။ သူတို့ မစွမ်းနိုင်သည့် ကိစ္စရပ်များ ရှိသော်လည်း ဝင်ငံချင်သလို ထိုကဲ့သို့ လုပ်ရသည့်အပေါ်လည်း သူတို့ကို သူတို့ ပြန်မကြိုက်ကြပေ။ သူတို့ ပုံရိပ်မထိခိုက်အောင် အမြဲကာကွာတတ်သည်။ ခံစားချက်အတွက်နဲ့ ငွေကို သုံးတတ်သည်။

အဆင့် (၆) သူတို့သည် တဖြည်းဖြည်း သူများနဲ့မတူဘူးဟု ခံစားရတတ်သည်။ သူများနေသလို မနေခြင်းက လွတ်လပ်သည်ဟု သူတို့ယုံကြည်သည်။ စိတ်ကူးယဉ်ကမ္ဘာတွင် နေရတာပျော်သည်။ သည်ကမ္ဘာပေါ်တွင် သူတို့လူလာဖြစ်ရခြင်းကိုက မှားနေသည်ဟု တွေးထင်တတ်သည်။ အပျက်ဘက်ကို အတွေးများသည်။ သူတို့ကို သူတို့ ပြန်သနားနေပြီး တပါးသူများ အဆင်ပြေနေသည်ကို အလိုလို မနာလိုဖြစ်နေတတ်သည်။ လက်တွေ့မကျသည့် အတွေးနဲ့ အပြောအဆိုက ပိုများသည်။ အဓိကအားဖြင့် သူတို့ဟာ အသုံးမကျသူအဖြစ် တွေးနေတတ်သည်။

အနိမ့်ဆုံးအဆင့်

အဆင့် (၇) သူတို့ ရည်မှန်းချက်များ ပျက်စီးသည်နှင့် သူတို့ကို သူတို့အပြစ်တင်မဆုံး ဖြစ်ကာ တိတ်တဆိတ် ဒေါသထွက်နေတတ်သည်။ စိတ်ပျက်အားငယ်စရာစသည်တို့ကို မိမိကြောင့်ဟု တွေးလိုက်တတ်သည်။ ရောဂါတစ်ခုခု ရသည်အထိ ခံစားချက်ကို ချုပ်တည်းထားတတ်သည်။ မခံနိုင်သည့်အခါ မိမိခန္ဓာကိုယ်ကိုသာ နာကျင်အောင် လုပ်တတ်သည်။ မိမိဖြစ်တည်နေမှုအပေါ် ရှက်သည်။ ထို့ကြောင့် အလုပ်တစ်ခုခုကို ယိုးမယ်ရှာပြီး ပင်ပင်ပန်းပန်းလျှောက်လုပ်နေတတ်သည်။

အဆင့် (၈) မိမိကိုယ်ကို မထီမဲ့မြင် နေခြင်း၊ မိမိနေထိုင်မှုကို ပြန်လည်ကဲ့ရဲ့မိနေခြင်း၊ မိမိကိုယ်ကို ပြန်လည်မုန်းနေခြင်းစသည့် စိတ်များကြောင့် သောကနဲ့ နပန်းလုံးနေရသူ ဖြစ်သည်။ သူတို့အတွက် အားလုံးက နာကျင်စရာတွေချည်း ဖြစ်သည်။ သူများကို အလိုလိုနေ အပြစ်မြင်နေတတ်သည်။ သူတို့ကို လာကူညီမည့်သူများကိုလည်း ပစ်ပစ်ခါခါပင် မောင်းထုတ်တတ်သည်။

အဆင့် (၉) အလိုလိုနေ စိတ်ပျက်နေတတ်သည်။ အချိန်တိုင်း မျှော်လင့်ချက်မဲ့သော စကားများသာ ပြောဆိုသည်။ နေထိုင်သည်။ သူတို့ကို သူတို့လည်း ပြန်လည်ဖျက်ဆီးနေသည်။ အရက်များ မူးယစ်ဆေးဝါးများ၏ သားကောင်များ ဖြစ်လေ့ရှိသည်။ အစွန်းရောက် အမုန်းအတီးများစွာ ရှိသည်။ သူ့ခံစားချက်များက သူ့ကိုယ်သူ သတ်သေလုနီးနီး အမြဲတမ်းဖြစ်နေတတ်သည်။ လူ့အသိုင်းအဝိုင်းမှ ဖယ်ထုတ်သင့်သူများ ဖြစ်သည်။

အခြား Type များကို ဆင်ခြင်ကြည့်လိုလျင် . . .

Enneagram Type One Level

Enneagram Type Two Level

Enneagram Type Three Level

Enneagram Type Five Level

Enneagram Type Six Level

Enneagram Type Seven Level

Enneagram Type Eight Level

Enneagram Type Nine Level

Post navigation

Enneagram Type Three Level
Enneagram Type Five Level

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Archives

Theme by Bloompixel. Proudly Powered by WordPress