• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Enneagram Type Five Level

ဒီနံပါတ်ကတော့ Investigator ဆိုတဲ့ စူးစမ်းလေ့လာသူကြီး ဖြစ်ပါတယ်။ သင့်တော်တဲ့ အဆင့်မှာ ရှိနေရင်တော့ အသိဉာဏ်ပညာ ကြွယ်ဝသူလို့ ဆိုကြပါတယ်။ ပါဝင်မှုက လွန်ကဲနေရင် သို့မဟုတ် အရမ်းနည်းနေရင်ကော ဘယ်လိုအကျိုးတွေရှိမလဲ။ မိမိက ဘာ Type လည်းဆိုတာ သိပြီဆိုရင် အဲဒီ Type ရဲ့ ဘယ် level မှာ ရှိနေလဲဆိုပြီးတော့လည်း သိဖို့လိုပါတယ်။ ပြီးတော့ အဲဒီအတွက် တယူသန်မနေဖို့လည်း လိုပါတယ်။ မိမိ Type ကိုသိပြီး မိမိရဲ့ ရောက်နေတဲ့ Level ကိုသိပြီးရင် အဆင့်ကို နိမ့်ဖို့လိုနေလား၊ မြင့်ဖို့လိုနေလားဆိုတာကို ဆင်ခြင်သုံးသပ်ဖို့ လိုပါတယ်။ ဒီ နံပါတ် ၅ အမျိုးအစားမှာတော့ အတော်လေးကို အဆင့်နိမ့်မသွားဖို့ သတိထားရမယ်လို့ ဆိုချင်ပါတယ်။

အကောင်းဆုံးအဆင့်

အဆင့် (၁) အမျှော်အမြင်ရှိသူ ဖြစ်သည်။ လက်ရှိလောကကြီးတွင် ဖြစ်ပျက်နေသည့် အရာအားလုံးကို အလွယ်တကူ နားလည်သည်။ စိတ်ကို ဖွင့်ထားတတ်သည်။ သူတို့နည်း သူတို့ဟန်ဖြင့် အားလုံးကို ခြုံငုံ၍ သိတတ်သည်။ မိမိနားလည်ထားသော နည်းလမ်းများအပြင် နည်းလမ်းအသစ်များ အသုံးပြု၍ စူးစမ်းရှာဖွေတတ်သည်။ အလုပ်အသစ်ကို စိတ်ကူးအသစ်ဖြင့် စတင်တတ်သည်။

အဆင့် (၂) အရာရာကို ထွင်းဖောက်၍ ထူးထူးခြားခြား နည်းလည်လွယ်သူများ ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ နိုးနိုးကြားကြား ရှိသည်။ စပ်စုတတ်သည်။ အကင်းပါးသည်။ ဘယ်အရာမှ သူတို့ထင်တာနဲ့ မလွဲတတ်ပေ။ ကြိုတင်တွေးတောတတ်သည်။ ဖြစ်နိုင်ချေကို တွက်ချက်ပေးတတ်သည်။ အာရုံစူးစိုက်နိုင်သည်။ သူတို့ အာရုံရသည့်အရာအပေါ် စွဲလန်းတတ်သည်။

အဆင့် (၃) သူတို့ စိတ်ဝင်စားသည့် အရာအပေါ် ထွန်းပေါက်အောင် လုပ်တတ်သည်။ အသိပညာအတွက်ဆိုလျင် တက်ကြွသူဖြစ်သည်။ တစ်ခါတရံ သူတို့သည် နယ်ပယ်တစ်ခုခုတွင် အထူးကျွမ်းကျင်သူ ဖြစ်လေ့ရှိသည်။ အသစ်အဆန်းကို တီထွင်ဖန်တီးနိုင်သည်။ မူရင်းတန်ဖိုးထက် ပိုတန်ဖိုးရှိသော အရာများကို ပြုလုပ်တတ်သည်။

အလယ်အလတ်အဆင့်

အဆင့် (၄) အလုပ်တစ်ခုခုကို မလုပ်မီ စိတ်ထဲ၌ အစမှအဆုံး ဘယ်ပုံဘယ်နည်း စသဖြင့် ရုပ်လုံးဖော်ပြီးမှ လုပ်ကိုင်တတ်သည်။ သူတို့ စိတ်ထဲ ရှိသည့်အတိုင်းသာ လုပ်တတ်သည်။ အလုပ်တစ်ခုလုပ်လျင် အချက်အလက်များကို အရင်စုတတ်သည်။ ပြီးမှ စမ်းသပ်တတ်သည်။ ထို့နောက်မှ လက်တွေ့လုပ်ကာ စံပြဖြစ်အောင်လည်း လုပ်တတ်သည်။ သင်ယူတတ်မြောက်လွယ်သည်။ လုပ်ပုံလုပ်နည်းစသည့် စနစ်ကိုလည်း အလေးထားတတ်သည်။ တစ်ခုခု လုပ်တော့မည် စတင်တော့မည်ဆိုလျင် “သူတို့နဲ့ တိုင်ပင်ပါ” စသဖြင့် အရေးပေးခံရသည့် ပုဂ္ဂိုလ်များ ဖြစ်တတ်သည်။

အဆင့် (၅) သူတို့ စိတ်ကူးထားသောကမ္ဘာနဲ့ လက်တွေ့ဖြစ်နေသောကမ္ဘာအကြား ကွာခြားမှုတွေကြောင့် အမြဲတမ်းရှုပ်ထွေးပြီး ခွဲခြားရခက်နေသည့် အနေအထားမျိုးနဲ့ မကြာခဏကြုံတတ်သည်။ တကယ့်အမှန်တရားထက် သူတို့ အဓိပ္ပါယ်ကောက်ယူလိုက်သည့်အတိုင်းသာ အလုပ်ကို လုပ်ကိုင်တတ်သူဖြစ်သည်။ (အမလေး စကားလုံးက ယဉ်ကျေးလိုက်တာ။ သူထင်တာ သူလုပ်တယ်ဆိုပြီးတာပဲ။) ထူးခြားသည့် စည်းကမ်းကို စိတ်ဝင်စားသည်။ လျှို့ဝှက်အလုပ်ကို လုပ်တတ်သည်။ ထို့ကြောင့်လည်း အဖျက်အမှောင့်အလုပ်များ စိတ်ပျက်ဖွယ်အလုပ်များကို စိတ်ဝင်စားတတ်သည်။ လက်တွေ့လောကမှ ကင်းကွာတတ်သည်။ တခါခါတရံ လူနဲ့ စိတ်နဲ့ မကပ်အောင် တွေးနေတတ်သည်။

အဆင့် (၆) သူတို့၏ တစ်ဦးတည်းအမြင်နဲ့ တည်ဆောက်ထားသော သူတို့ကမ္ဘာထဲတွင် နေရမည်ဆိုလျင် မည်သူဘာထင်ထင် ဂရုမစိုက်တတ်သူ ဖြစ်သည်။ ရည်ရွယ်ချက်ရှိရှိဖြင့် အစွန်းရောက် အတွေးအခေါ်များ၊ အမြင်များအား သူတပါးကို ထကြွလာအောင် လှုံ့ဆော်နိုင်သည့်အစွမ်းရှိသည်။ အဆိုးမြင်စိတ်နဲ့ သူတပါးကို ငြင်းခုန်တတ်သည်။

အနိမ့်ဆုံးအဆင့်

အဆင့် (၇) တကယ့်ဖြစ်တည်ရမည့် အစစ်အမှန်နဲ့ ဝေးကွာ၍ “အတတ်ကျူးအရူးဖြစ်” ဆိုသည့်သူများ ဖြစ်တတ်သည်။ မတည်မငြိမ်ဖြစ်နေတတ်ပြီး တစ်ခုခုကို အလိုလိုကြောက်နေတတ်သည်။ အခြားသူများနှင့် လူမှုအသိုင်းအဝိုင်းမှ လုပ်သင့်လုပ်ထိုက်သည့်အရာများကိုလည်း မလုပ်လိုပေ။ ထို့ပြင် တွန်းလှန်လိုသူလည်း ဖြစ်တတ်သည်။

အဆင့် (၈) သစ်ရွက်ခြောက်ကို နင်းမိ၍ ပြန်လည်ကြောက်နေသော သမင်ငယ်ကဲ့သို့ သူတို့အတွေးက သူတို့ကို ပြန်လည်ခြောက်လှန့်နေတတ်သည်။ စိတ်ကြောင့်ဖြစ်သော အကြောက်တရားတစ်ခုခုဖြင့် ကယောင်ကတမ်းဖြစ်နေတတ်သည်။ တစ်ခုခုဖြစ်သွားလျင်ပင် သူ့ကို စွပ်စွဲလေမလားဟု မဆီမဆိုင်တွေး လန့်နေသူများ ဖြစ်သည်။

အဆင့် (၉) တမေ့တမျောကြီး ထိုင်တွေးနေတတ်သည်။ သူတို့ကို သူတို့ သတ်သေတော့မည်ဟု မကြာခဏပြောဆိုကာ စိတ်ရောဂါ ရနေတတ်သူများ ဖြစ်သည်။ ရူးတတ်သည်။ တယောက်တည်းလည်း ပေါက်ကွဲနေတတ်သည်။ သူတို့အပြောအဆိုက စိတ်ကစဉ့်ကလျားရောဂါသည်နဲ့တူသည်။ ပုဂ္ဂိုလ်ရေးအရပင် မပေါင်းသင်းထိုက်သူဖြစ်သည်။

အခြား Type များကို ဆင်ခြင်ကြည့်လိုလျင် . . .

Enneagram Type One Level

Enneagram Type Two Level

Enneagram Type Three Level

Enneagram Type Four Level

Enneagram Type Six Level

Enneagram Type Seven Level

Enneagram Type Eight Level

Enneagram Type Nine Level

Post navigation

Enneagram Type Four Level
Enneagram Type Six Level

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Archives

Theme by Bloompixel. Proudly Powered by WordPress