• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Enneagram Type Eight Level

သည်တနေ့တော့ဖြင့် Challenger တယောက်ဖြစ်တဲ့ နံပါတ် (၈) သမားရဲ့ အကြောင်းကို ပြောကြည့်မယ်။ နံပါတ်တိုင်းမှာပဲ မိမိပါဝင်မှုက နည်းရင်နည်းသလို များရင်များသလို အကျိုးဆက်လေးတွေ ရှိပါတယ်။ မိမိက စိန်ခေါ်တတ်သူလို့ ဖွင့်ဆိုတဲ့ နံပါတ် (၈) ဆိုပေမယ့် အဆင့်ဆင့်အလိုက် အကောင်းအဆိုးက ကွာခြားသွားပါတယ်။ အရမ်းနိမ့်နေရင် မြှင့်တင်ဖို့လိုသလို အရမ်းမြှင့်နေရင်လည်း လိုအပ်လျင် လိုအပ်သည်အလျောက် သင့်တင့်တဲ့ အဆင့်ဆီဆင်းကြည့်ဖို့ ဝန်မလေးသင့်ပါဘူး။ ကဲ နံပါတ် (၈) သမားအတွက်လေး ကြည့်လိုက်ကြရအောင်။

ပါဝင်မှုအများဆုံးသူများ

အဆင့် (၁) စိတ်သဘောထားကြီးသောသူဖြစ်သည်။ မိမိကိုယ်ကို ထိန်းချုပ်တတ်သူဖြစ်သည်။ သနားကြင်နာတတ်သည်။ သည်းခံတတ်သည်။ ပို၍ကြီးမားသော အာဏာ၊ အခွင့်အရေးများရရန်အတွက် အောက်ကျို့ဆက်ဆံတတ်သည်။ ရဲရင့်သည်။ သူတို့ ရည်ရွယ်ထားသည့် ပန်းတိုင်ရောက်ရန်အတွက် သို့မဟုတ် သူတို့ အာဏာရေရှည်တည်တံ့ခိုင်မြဲရန်အတွက် အန္တရာယ်တွင်းထဲသို့လည်း ဆင်းရဲသူများဖြစ်သည်။ စစ်မှန်သော သူရဲကောင်းဝါဒရှိရန်နဲ့ သမိုင်းတွင် ကြီးမြတ်သော နာမည်ကျန်ရှိရန်အတွက် ကောင်းမွန်စွာ လုပ်ခဲ့သူဖြစ်အောင် ကြိုးစာသင့်သည်။

အဆင့် (၂) ကိုယ့်ကိုယ်ကို အလွန်အကျူး ယုံကြည်သူဖြစ်သည်။ စိတ်ဓာတ်ခိုင်မာသည်။ စိတ်ဓာတ်လည်းပြင်းပြသည်။ သူတို့ လုပ်သမျှ သင်ယူနေသမျှသည် သူတို့ဘဝ မည်ကဲ့သို့ ရပ်တည်ရမည်ဆိုသည့် ဦးတည်ချက်ဖြင့် လုပ်ကိုင် သင်ယူတတ်သူများဖြစ်သည်။ မည်သည့်အရာတွင်မဆို ငါလုပ်နိုင်တယ်ဆိုသည့် မိမိအတွင်းအခံစိတ်ဖြင့် မိမိဘဝကို မောင်းနှင်နေသူများ ဖြစ်သည်။ သူတို့၏ သဘောထားများသည်လည်း သူတို့မလုပ်နိုင်တာ မရှိဟု ခံယူသည်။

အဆင့် (၃) သူတို့သည် ဆုံးဖြတ်ချက်ချတတ်ခြင်း၊ လုပ်ပိုင်ခွင့်များကို ရယူတတ်ခြင်းနှင့် တပါးသူကို အမိန့်ပေးတတ်ခြင်းတို့ကြောင့် အလိုအလျောက် ခေါင်းဆောင်ဖြစ်နေသူများ ဖြစ်တတ်သည်။ တပါးသူ သို့မဟုတ် အဖွဲ့အစည်းကို ဦးဆောင်ဖို့ ကမကထလုပ်နိုင်သည်။ သူတို့လုပ်သမျှ အများထက် သာနေတတ်သည်။ တပါးသူကိုလည်း ပံ့ပိုးပေးတတ်သည်။ ကာလည်း ကာကွယ်ပေးတတ်သည်။ ဂုဏ်ထူးဆောင်ဆုများ ဂုဏ်ပြုခံရသူများဖြစ်လေ့ရှိသည်။ သူတပါးကိုလည်း တွဲခေါ်တတ်သည်။

အသင့်အတင့် ပါဝင်သူများ

အဆင့် (၄) မိမိကိုယ်ကို မိမိဖူလုံအောင် လုပ်လေ့ရှိသည်။ ငွေအသုံးအစွဲတွင် လွတ်လပ်သည်။ သူတို့၏ စိတ်သောကများကို ဖြေဖျောက်ပစ်ရန်အတွက် လုံလောက်သော နေရာရှိပြီးဖြစ်သည်။ စွန့်ဦးတီထွင်တတ်သည်။ လက်တွေ့ကျသည်။ တယောက်တည်း ပွဲကြမ်းရဲသည်။ တပွေတည်းလည်း လှိမ့်တတ်သည်။ အခက်အခဲများကို ရင်ဆိုင်ရဲသည်။ အလုပ်ကြိုးစားသည်။ သူတို့၏ ခံစားချက်ကို လစ်လျူရှုထားတတ်သူများဖြစ်သည်။

အဆင့် (၅) သူတို့ဝန်းကျင်နဲ့ တပါးသူတို့အပေါ် သူတို့စိုးမိုးနိုင်သည်။ လူသားအားလုံး သူတို့၏ နောက်လိုက်များ ဖြစ်စေလိုသည်။ ထို့အတွက်လည်း သူတို့ပိုမိုအားထုတ်ကြသည်။ ဟိတ်ဟန်အပြည့် နေထိုင်တတ်သည်။ ကြွားဝါတတ်သည်။ သူတို့စကားသည် သူတို့ဥပဒေဖြစ်အောင် အားထုတ်တတ်သည်။ ဖြစ်အောင်လည်း လုပ်သည်။ ဂုဏ်မောက်သည်။ အတ္တကို ဗဟိုပြုနေထိုင်သည်။ အရာရာတိုင်းအပေါ် သူတို့၏ ရည်မှန်းချက်များဖြင့် စည်းကမ်းများချမှတ်ထားတတ်သည်။ တန်းတူအခွင့်အရေးဆိုသည့် စကားများကို နားမထောင်တတ်။ တပါးသူကို လေးစားရကောင်းမှန်းလည်း မသိဖြစ်တတ်သည်။

အဆင့် (၆) သူတို့ သွားသည့် လမ်းကြောင်းတွင် ဆူးညှောင့်ခလုတ်ဟု ယူဆရသည်များကို ပြင်းပြင်းထန်ထန် ဖယ်ရှားတတ်သည်။ မည်သည့်အရာမဆို ထိပ်တိုက်ရင်ဆိုင်သည်။ ရန်လိုသည့် အပြုအမူများ ရှိတတ်သည်။ ပဋိပက္ခဆန်သော ဆက်သွယ်ဆက်ဆံရေးများကို ဖန်တီးတတ်သည်။ အရာရာတိုင်းကို စမ်းသပ်လိုသည်။ စမ်းသပ်မိလျင်လည်း အရှုံးမပေးတတ်။ တပါးသူများ သူ့စကားနားထောင်စေဖို့အတွက် ခြိမ်းခြောက်ခြင်း၊ အန္တရယ်ပြုခြင်းများ လုပ်တတ်သည်။ တပါးသူဘဝ မလုံခြုံအောင် လုပ်တတ်သည်။ တရားမျှတမှုမရှိသော အလုပ်ကို ပြောင်ပြောင်တင်းတင်းလုပ်ရဲသည်။ သူတို့နဲ့ ဆန့်ကျင်သည့်သူမှန်သမျှကို အုပ်စိုဖွဲ့၍ အနိုင်ကျင့်ကာ အကြောက်တရားအမြဲရနေအောင် နှိပ်ကွပ်တတ်သည်။

အနိမ့်ဆုံးအဆင့်ရှိသူများ

အဆင့် (၇) သူတို့ကို ထိန်းချုပ်ဖို့ ကြိုးစားလျင်တော့ ကန့်ကွက်တတ်သူများဖြစ်သည်။ တော်တော်လေးလည်း ရက်စက်တတ်သူများဖြစ်သည်။ မှန်တာကို ငါလုပ်နေတာဆိုပြီး အာဏာရှင်ဆန်ဆန်လုပ်တတ်သည်။ ဥပဒေမဲ့လုပ်ရပ်များကိုလည်း လုပ်တတ်သည်။ အဖွဲ့အစည်းများ ပြောင်းလဲ နေထိုင်တတ်သည်။ အနုပညာရပ်ကို စက်လိုတောက်လျှောက် ထုတ်တတ်သည်။ မာကြောသည့် နှလုံးသားရှိသည်။ အကျင့်ပျက်ခြစားသည့် အလုပ်ကို လုပ်တတ်သည်။ ဖြစ်နိုင်လျင် အကြမ်းဖက်သည့် အလုပ်ကိုလည်း လုပ်တတ်သည်။

အဆင့် (၈) သူတို့ အာဏာရဖို့အတွက် အကွက်ကျကျ လိမ်လည်လှည့်ဖြားတတ်သည်။ အောင်မြင်မှုရမည်ဆိုလျင် တဖက်သားကို အကြမ်းနည်းဖြင့် အနိုင်ယူတတ်သည်။  ဘဝင်မြင့်ရောဂါ ရှိသည်။ သူတို့ကို သူတို့ အနန္တတန်ခိုးရှင်ဟု ထင်နေတတ်သည်။ အရှက်လည်း မရှိတတ်။ သူ့အခွင့်အရေးအတွက်ဆိုလျင် မဆင်မခြင် လုပ်တတ်သည်။

အဆင့် (၉) သူတို့ အန္တရယ်ကျရောက်ရပြီဆိုလျင် ညီအစ်ကိုသော ဆွေမျိုးသော မိတ်ဆွေသော နားမလည်တော့ဘဲ ပတ်သက်သမျှလူ ပျက်စီးသွားအောင် ပြန်လုပ်ရမှ ကျေနပ်သည်။ ဒေါသဖြင့် ဂလှဲ့စားချေတတ်သည်။ ရိုင်းသည်။ လူသတ်သည်အထိ ကျူးလွန်တတ်သည်။ သူတို့တွင် လူမှုရေးနှင့် ပတ်သက်သည့် စိတ်သဘောထားမရှိ။ ကင်းမြှီးကောက်လို အဆိပ်နဲ့ တို့ဖို အသင့်အနေအထားတွင် အမြဲရှိနေတတ်သည်။

အခြား Type များကို ဆင်ခြင်ကြည့်လိုလျင် . . .

Enneagram Type One Level

Enneagram Type Two Level

Enneagram Type Three Level

Enneagram Type Four Level

Enneagram Type Five Level

Enneagram Type Six Level

Enneagram Type Seven Level

Enneagram Type Nine Level

Post navigation

Enneagram Type Seven Level
Enneagram Type Nine Level

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Archives

Theme by Bloompixel. Proudly Powered by WordPress